
ဝါရှင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
ထရမ့်က မိမိသည် အမေရိကန်အစိုးရအနေဖြင့် အမေရိကန်လေကြောင်းလိုင်းကုမ္ပဏီအားလုံး လက်ဘနွန်နိုင်ငံသို့ တိုက်ရိုက်လေကြောင်းခရီးစဉ် ပျံသန်းမှုကို ခွင့်ပြုရန် ညွှန်ကြားထားပြီးဖြစ်ရာ ထိုမှတစ်ဆင့် နှစ်ပေါင်း ၄၀ ကျော်ကြာ ဖော်ဆောင်ခဲ့သည့် ကန့်သတ်မိန့်ကို ပယ်ဖျက်လိုက်ကြောင်း ဇူလိုင် ၂၁ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
ထရမ့်သည် ထိုနေ့တွင် အိမ်ဖြူတော်၌ ခရီးစဉ်လာရောက်သည့် လက်ဘနွန်နိုင်ငံ သမ္မတ Joseph Aoun နှင့် တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း သဘောထားထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ ယင်းသည် Joseph Aoun က ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လက်ဘနွန်နိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်သမ္မတနှင့် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သလို ၂၀၀၉ ခုနှစ်နောက်ပိုင်း လက်ဘနွန်နိုင်ငံ အကြီးအကဲ အိမ်ဖြူတော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းလည်းဖြစ်သည်။
လက်ရှိတွင် အမေရိကန် အဓိကလေကြောင်းလိုင်းကုမ္ပဏီများအနေဖြင့် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့သို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်များ ပြေးဆွဲရန် အစီအစဉ် ရှိ၊ မရှိကိုမူ မသိရသေးကြောင်း အမေရိကန်မီဒီယာများ သတင်းအရသိရသည်။
၁၉၈၅ ခုနှစ်တွင် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ပတ်သက်မှုရှိသည်ဟု ယူဆခံရသော လက်နက်ကိုင်အဖွဲ့ဝင်သည် အမေရိကန် Trans World လေကြောင်းလိုင်းကုမ္ပဏီ အမှတ် ၈၄၇ လေယာဉ်ကို ပြန်ပေးဆွဲ၍ ခရီးသည်နှင့် လေယာဉ်ဝန်ထမ်းပေါင်း ၁၅၀ ကျော်ကို ၁၇ ရက်ကြာအောင် ဖမ်းဆီးထားပြီး အမေရိကန်ရေတပ် ရေငုပ်သမား ၁ ဦးကိုလည်း သတ်ဖြတ်ခဲ့သည်။ ထိုဖြစ်ရပ်အပြီးတွင် ထိုစဉ်က အမေရိကန်သမ္မတ ရော်နယ် ရေဂင်သည် အမေရိကန်နှင့် လက်ဘနွန်အကြား တိုက်ရိုက်ပျံသန်းသည့် စီးပွားဖြစ် လေကြောင်းခရီးစဉ်များအား ရပ်တန့်ရန် အမိန့်ချမှတ်ခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
特朗普解除美国直飞黎巴嫩航班40余年禁令
新华社华盛顿7月21日电(记者黄强 徐剑梅)美国总统特朗普21日在社交媒体发文称,他已指示美政府允许所有美国航空公司直飞黎巴嫩,从而解除已实施40余年的禁令。 特朗普是当天在白宫同到访的黎巴嫩总统奥恩举行会晤后作出上述表态的。这是奥恩2025年1月就任黎总统以来首次与美国总统举行正式会晤,也是2009年以来黎巴嫩国家元首首次访问白宫。
据美国媒体报道,目前尚不清楚美国主要航空公司是否有计划开通飞往贝鲁特的航班。
1985年,被认为与黎巴嫩真主党有关联的武装分子劫持了美国环球航空公司847航班,扣押150多名乘客和机组成员长达17天,并杀害1名美国海军潜水员。时任美国总统里根随后下令暂停了美黎之间的直飞商业航班。(完)
图说:7月21日,美国总统特朗普(左)在华盛顿白宫欢迎黎巴嫩总统奥恩。新华社发(李源清摄)







