အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကမ္ဘာ့ဘဏ် ရုံးချုပ်ကို ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ကမ္ဘာ့ဘဏ် ရုံးချုပ်ကို ၂၀၂၂ ခုနှစ် ဧပြီ ၂၀ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နှင့် အီရန်၏ ပဋိပက္ခ ထပ်မံအဆင့်မြင့်တက်လာခြင်းသည် ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းကို ထပ်မံမြင့်တက်လာစေနိုင်ပြီး ယခုနှစ် ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှုန်းကို ၁.၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားစေနိုင်ကြောင်း ကမ္ဘာ့ဘဏ် အဆင့်မြင့် ဒုတိယဥက္ကဋ္ဌနှင့် အကြီးတန်းစီးပွားရေးပညာရှင် Indermit Gill က ဇူလိုင် ၂၂ ရက်တွင် မီဒီယာတွေ့ဆုံမေးမြန်းမှုအတွင်း ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲဖြစ်ပွားမှု၏ မြင့်မားသော မသေချာမရေရာမှုကြောင့် ကမ္ဘာ့ဘဏ်သည် ဇွန်လ စီးပွားရေးမျှော်မှန်းမှုအတွင်း ရလဒ်သုံးမျိုးထုတ်ပေးခဲ့ပြီး ပဋိပက္ခက ၆ လ ဆက်တိုက် သို့မဟုတ် ပိုမိုကြာရှည်သည့် အဆိုးရွားဆုံးအခြေအနေသည် လက်တွေ့နီးပါး ဖြစ်လာပြီဖြစ်ကြောင်း၊ ထိုအခြေအနေတွင် ယခုနှစ်၏ တစ်ကမ္ဘာလုံး ငွေကြေးဖောင်းပွမှုနှုန်းသည် ၄.၅ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ကြောင်း Indermit Gill က ပြောကြားခဲ့သည်။

ကာလကြာရှည်စွာ ပဋိပက္ခဖြစ်မှုနှင့် အရှေ့အလယ်ပိုင်းဒေသ ရေနံအခြေခံအဆောက်အဦများ ပျက်စီးမှုသည် စိုက်ပျိုးရေးလုပ်ငန်းတွင် လိုအပ်သည့် ဓာတ်မြေဩဇာ၊ ဟီလီယံနှင့် ဆာလဖာ၏ ပို့ဆောင်မှုကို ကမောက်ကမ ဖြစ်စေနိုင်ပြီး စားနပ်ရိက္ခာမဖူလုံသည့် အခြေအနေကို ဆိုးရွားလာစေကာ နောက်ဆက်တွဲ တုံ့ပြန်မှုများ  ဆက်တိုက် ဖြစ်လာစေနိုင်ကြောင်း ၎င်းက ဆိုသည်။

ထို့ကြောင့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမှ နာလန်မထူနိုင်သေးသည့် ဆင်းရဲနွမ်းပါးသောနိုင်ငံများသည် ပိုမိုဆိုးရွားသည့် စားနပ်ရိက္ခာမဖူလုံမှုပြဿနာနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ ကြွေးမြီမြင့်မားသောနိုင်ငံများက ပညာရေး၊ ကျန်းမာရေးနှင့် အခြားအဓိကဝန်ဆောင်မှုများတွင် အသုံးစရိတ်သည်လည်း အတိုးနှုန်း မြင့်တက်လာမှုကြောင့် ရိုက်ခတ်မှုခံရနိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှု အရှိန်မြင့်လာပါက ကြွေးမြီမြင့်မားသောနိုင်ငံများသည် လအနည်းငယ်အတွင်း ဆိုးရွားသော ကြွေးမြီပေးဆပ်ရမှုပြဿနာနှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း Indermit Gill က ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်က ဇွန်လတွင် ထုတ်ပြန်သည့် “တစ်ကမ္ဘာလုံးစီးပွားရေးမျှော်မှန်းချက်” အစီရင်ခံစာတွင် ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၂၅ ခုနှစ်၏ ၂.၉ ရာခိုင်နှုန်းမှ ၂.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဖြစ်ပြီး ယင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါပြီးနောက် အနိမ့်ဆုံးအဆင့်ဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ ဟိုင်ခိုဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်ကမ်းကို ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ဟိုင်ခိုမြို့ ဟိုင်ခိုဆိပ်ကမ်းရှိ ကွန်တိန်နာဆိပ်ကမ်းကို ၂၀၂၆ ခုနှစ် ဇွန် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

世行警告美伊继续冲突或让全球经济增速降至1.3%

新华社纽约7月22日电(记者刘亚南)世界银行高级副行长兼首席经济学家因德米特·吉尔22日在接受媒体采访时说,美国和伊朗冲突再次升级可能推高通胀和利率,让今年全球经济增速降至1.3%。  

吉尔说,鉴于中东战事的高度不确定性,世行在6月的经济预测中模拟了三种结果,冲突持续6个月或更久的最糟糕情形已近乎成为现实。在此情形下,今年全球通胀率将达到4.5%。  

他说,长期冲突以及对中东地区石油基础设施的破坏,还将扰乱农业所需的化肥、氦气和硫黄的运输,加剧粮食不安全状况,引发一系列连锁反应。  

吉尔还表示,那些尚未从新冠疫情中恢复过来的贫穷国家可能因此面临更严重的粮食不安全问题,而高负债国家在教育、健康和其他关键服务上的支出可能因利率攀升而受到冲击。一旦通胀加速,高负债国家可能在几个月内就会面临严重的偿债问题。  

世界银行在6月发布的《全球经济展望》报告中预计,今年全球经济增速将从2025年的2.9%放缓至2.5%,为新冠疫情以来最低水平。(完)

图说1:这是2022年4月20日在美国华盛顿拍摄的世界银行总部。新华社记者刘杰摄

图说2:2026年6月17日在海口拍摄的海口港集装箱码头(无人机照片)。