တရုတ်နိုင်ငံက ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် ဆက်လက်လုပ်ဆောင်မည်ဟု တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန ပြောကြား
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ ကမ္ဘာ့ဘဏ်ရုံးချုပ် အဆောက်အဦအား ၂၀၂၀ ပြည့်နှစ် ဧပြီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ပေကျင်း၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)ကမ္ဘာ့အကြီးဆုံး ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ အသိပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးထား လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁ ရက်၌ ပြောကြာ