ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda မြို့တွင် ငလျင်အတွင်း ပြိုလဲသွားသော တိုက်အိမ်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda မြို့တွင် ငလျင်အတွင်း ပြိုလဲသွားသော တိုက်အိမ်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဘဏ်က ဇူလိုင် ၂၃ ရက်တွင် ထုတ်ပြန်သည့် ကနဦးသုံးသပ်မှုအစီရင်ခံစာအရ ဇွန် ၂၄ ရက်တွင် ဗင်နီဇွဲလားနိုင်ငံ၌ ငလျင်နှစ်ကြိမ်လှုပ်ခတ်မှုကြောင့် တိုက်ရိုက်နစ်နာဆုံးရှုံးသွားသောပစ္စည်းများ၏ ခန့်မှန်းတန်ဖိုးငွေမှာ ကန်ဒေါ်လာ ၁၉.၆ ဘီလီယံခန့်ရှိကြောင်း၊ သို့သော် ပြန်လည်တည်ဆောက်ရေး အရင်းအနှီးသည် အဆိုပါကိန်းဂဏန်း၏ နှစ်ဆနှင့် ၎င်းထက်ပိုများနိုင်ကြောင်း သိရသည်။

အဆိုပါငလျင်နှစ်ကြိမ်ကြောင့် အဆောက်အဦနှင့် အခြေခံအဆောက်အဦ အရင်းအနှီးပိုင်ဆိုင်မှုများတွင် တိုက်ရိုက်စီးပွားရေးအရ နစ်နာဆုံးရှုံးမှု ခန့်မှန်းချက်မှာ ကန်ဒေါ်လာ ၁၉.၆ ဘီလီယံဖြစ်ကြောင်း၊ ၎င်းအနက် နေအိမ်အဆောက်အဦ နစ်နာဆုံးရှုံးမှုသည် ကန်ဒေါ်လာ ၉.၃ ဘီလီယံခန့်ဖြစ်ပြီး နေအိမ်မဟုတ်သော အဆောက်အဦ နစ်နာဆုံးရှုံးမှုမှာ ကန်ဒေါ်လာ ၅ ဘီလီယံခန့်ဖြစ်ကြောင်း၊ အခြေခံအဆောက်အဦ နစ်နာဆုံးရှုံးမှုသည် ၅.၂ ဘီလီယံခန့်ဖြစ်ကြောင်း၊ ပြန်လည်တည်ဆောက် အဆင့်မြှင့်တင်ခြင်း၊ အပျက်အစီးများအား ဖယ်ရှားခြင်းနှင့် အခြားသက်ဆိုင်ရာကုန်ကျစရိတ်များကြောင့် စုစုပေါင်း ပြန်လည်တည်ဆောက်ရေး အရင်းအနှီးသည် ကန်ဒေါ်လာ ၅၀ ဘီလီယံနီးပါးအထိ မြင့်တက်လာနိုင်ခြေရှိကြောင်း အစီရင်ခံစာတွင် ဆိုထားသည်။

ကမ္ဘာ့ဘဏ်၏ လက်တင်အမေရိကတိုက်နှင့် ကာရေဘီယံဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Susana Cordeiro Guerra က “ဒါက ဘယ်စီးပွားရေးအစုအဖွဲ့အတွက်မဆို အံ့အားသင့်ဖွယ် ကိန်းဂဏန်းတစ်ခုဖြစ်တာကြောင့် တစ်ပြေးညီတဲ့ ကိုင်တွယ်စီမံမှု အစီအမံကို ညှိနှိုင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်က ၎င်းအနေဖြင့် ဗင်နီဇွဲလားနိုင်ငံအစိုးရ၊ Inter-American Development Bank ၊ Development Bank of Latin America (CAF) တို့နှင့်ပူးပေါင်း၍ ဗင်နီဇွဲလားနိုင်ငံ၏ ငလျင်အလွန် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး အရင်းအနှီးများကို ပိုမိုဘက်စုံဖြစ်သော သုံးသပ်မှုများ လုပ်ဆောင်နေကြောင်း၊ ထိုကဲ့သို့ သုတေသနပြုလုပ်မှုမျိုးသည် ပုံမှန်အားဖြင့် အချိန်လအနည်းငယ် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda မြို့တွင် အပျက်အစီးတစ်နေရာအပေါ်၌ ရပ်နေသော ကယ်ဆယ်ရေးဝန်ထမ်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ် Caraballeda မြို့တွင် အပျက်အစီးတစ်နေရာအပေါ်၌ ရပ်နေသော ကယ်ဆယ်ရေးဝန်ထမ်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)


--------------------------------------------------------------------------------------

(Chinese Version)

世界银行:委内瑞拉地震直接实物损失约196亿美元

新华社华盛顿7月23日电 世界银行23日发布一份初步评估报告显示,6月24日发生在委内瑞拉的两场地震造成的直接实物损失估计为196亿美元,但重建成本可能是这个数字的两倍甚至更多。  

报告说,这两场地震对建筑和基础设施资产造成的直接经济损失估计为196亿美元。其中,住宅建筑损失约93亿美元,非住宅建筑损失约50亿美元,基础设施损失约52亿美元。重建升级、废墟清理及其他相关费用可能使总恢复成本增至近500亿美元。  

“这对任何经济体来说都是一个惊人的数字,需要协调一致的应对措施。”世界银行负责拉丁美洲和加勒比地区的副行长苏珊娜·科代罗·格拉说。  

世界银行表示,正与委内瑞拉政府、美洲开发银行和拉丁美洲开发银行合作,对委内瑞拉的灾后恢复和重建成本进行更全面评估,此类研究通常需要数月时间。(完

图说1:这是7月3日在委内瑞拉拉瓜伊拉州卡拉巴耶达拍摄的在地震中倒塌的楼房新华社记者 朱雨博

图说2:6月28日,在委内瑞拉拉瓜伊拉州卡拉巴耶达,救援人员站在一处废墟上新华社