အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဆိပ်ကမ်းတွင် ကွန်တိန်နာများ တင်ဆောင်ထားသော ကုန်တင်သင်္ဘောများကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဆိပ်ကမ်းတွင် ကွန်တိန်နာများ တင်ဆောင်ထားသော ကုန်တင်သင်္ဘောများကို ၂၀၂၅ ခုနှစ် မေ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက ဇူလိုင် ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ “၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ” ပုဒ်မ ၃၀၁ အရ ဇူလိုင် ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည့် ကမ္ဘာလုံးဆိုင်ရာ သွင်းကုန်စည်းကြပ်ခွန်များကို အစားထိုးရန် “အတင်းအဓမ္မ လုပ်အားပေးခံရခြင်း” ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံနှင့် ဒေသ ၆၀ အပေါ် ၁၀ ရာခိုင်နှုန်း မှ ၁၂.၅ ရာခိုင်နှုန်းအထိရှိသော စည်းကြပ်ခွန် ကောက်ခံမည်ဟု ကြေညာခဲ့သည်။ စည်းကြပ်ခွန်အသစ်များသည် အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ဇူလိုင် ၂၄ ရက်တွင် အသက်ဝင်ရန် စီစဉ်ထားသည်။

အမေရိကန် ထုတ်ပြန်သော အစီအစဉ်အရ ယခုအကြိမ် စည်းကြပ်ခွန်တွင် အဆင့်ကွဲပြားသော အခွန်နှုန်းထား စံနှုန်းများ သတ်မှတ်ထားပြီး မတူကွဲပြားသော စီးပွားရေးအုပ်စုများအပေါ် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းရှိသော စည်းကြပ်ခွန်နှုန်းထားများ ကျင့်သုံးမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်သည် စည်းကြပ်ခွန်ကင်းလွတ်ခွင့်လမ်းကြောင်းများ သတ်မှတ်ထားပြီး အမေရိကန် ကုန်ကြမ်းထောက်ပံ့မှု ပြတ်လပ်နိုင်ခြေရှိသော၊ အမေရိကန် စီးပွားရေးအား ကျယ်ပြန့်သော ထိခိုက်မှု ဖြစ်ပေါ်စေနိုင်ခြေရှိသော၊ အမေရိကန်က လုံလောက်သည့် အရေအတွက် သို့မဟုတ် သင့်လျော်သည့် ဈေးနှုန်းဖြင့် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်း သို့မဟုတ် အခြားအရင်းအမြစ်မှ ရရှိနိုင်ခြင်း မရှိသော စသည့် အခြေအနေများနှင့် ကိုက်ညီသည့် ကုန်ပစ္စည်းများသည် လုပ်ထုံးလုပ်နည်းများအတိုင်း အခွန်ကင်းလွတ်ခွင့် လျှောက်ထားနိုင်သည်။

အမေရိကန် တရားရုံးချုပ်က ဖေဖော်ဝါရီ ၂၀ ရက်တွင် စီရင်ဆုံးဖြတ်ချက် ထုတ်ပြန်၍ အမေရိကန် “နိုင်ငံတကာ အရေးပေါ် စီးပွားရေး အခွင့်အာဏာ အက်ဥပဒေ IEEPA” တွင် သမ္မတက စည်းကြပ်ခွန် ကျယ်ကျယ်ပြန့်ပြန့် ကောက်ခံရန် အခွင့်အာဏာအပ်နှင်းထားခြင်းမရှိဟု ယူဆခဲ့သည်။ အမေရိကန် သမ္မတ ထရမ့်က ထိုနေ့တွင်ပင် အမေရိကန် တရားရုံးချုပ်က ဥပဒေချိုးဖောက်သည်ဟု ယူဆသော စည်းကြပ်ခွန်ကို အစားထိုးရန် “၁၉၇၄ ခုနှစ် ကုန်သွယ်ရေးအက်ဥပဒေ” ပုဒ်မ ၁၂၂ အရ “နိုင်ငံအားလုံးအပေါ် ကမ္ဘာလုံးဆိုင်ရာ စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်း ကောက်ခံမှု” ကို ရက်ပေါင်း ၁၅၀ ကြာ သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ဤစည်းကြပ်ခွန်မှာ ဇူလိုင် ၂၄ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

ယခုနှစ် မတ်လတွင်  အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးက “အတင်းအဓမ္မ လုပ်အားပေး ထုတ်ကုန်များ တင်သွင်းမှုအား ပိတ်ပင်တားဆီးမိန့်ကို တည်ထားမှုနှင့် ထိရောက်စွာ ဖော်ဆောင်မှု မရှိခြင်း” ကို အကြောင်းပြုကာ အဓိကကုန်သွယ်ရေးမိတ်ဖက် ၆၀ အပေါ် “၃၀၁ စုံစမ်းစစ်ဆေးမှု” အဆိုတင်သွင်းခဲ့ပြီး ဇွန်လတွင် ဤစီးပွားရေးအစုအဖွဲ့များ၏ အမေရိကန်သို့တင်သွင်းသော ကုန်ပစ္စည်းများအပေါ် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်းအထိ ရှိသော ထပ်တိုးစည်းကြပ်ခွန်များ ကောက်ခံရန် “အကြံပြု” ခဲ့သည်။

“အတင်းအဓမ္မ လုပ်အားပေးခံရခြင်း” ဆိုသည့်အရာကို ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးကိရိယာအဖြစ် အမေရိကန်က မကြာခဏ အသုံးပြုလေ့ရှိကြောင်း စောင့်ကြည့်လေ့လာသူများက ယင်းကာလတွင် ထောက်ပြခဲ့သည်။ အမေရိကန်ဘက်၏ “ပုဒ်မ ၃၀၁” ကို တစ်ဖက်သတ်အသုံးပြုခြင်း၊ နိုင်ငံအများအပြားအပေါ် စည်းကြပ်ခွန် လိုသလို ကောက်ခံခြင်း လုပ်ရပ်များသည် အခြေခံအားဖြင့် တစ်ဖက်သတ်ဝါဒနှင့် ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွား ကာကွယ်ရေးလုပ်ရပ်ဖြစ်သည်။ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်ရေးကွင်းဆက်၊ ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို အလွန်လွယ်ကူစွာ အနှောင့်အယှက်ပေးကာ ကုန်သွယ်ရေး ပွတ်တိုက်မှုများ ဖြစ်ပေါ်စေနိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်း၏ ကျယ်ပြန့်သော ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ (Xinhua)

.................................

(Chinese Version)

美国无视规则对贸易伙伴征收新关税

新华社纽约7月23日电(记者刘亚南)美国贸易代表办公室23日发布公告,宣布依据《1974年贸易法》第301条,以所谓“强迫劳动”为名对60个国家和地区征收10%至12.5%的关税,以替代24日到期的全球进口关税。新关税定于美国东部时间24日生效。

根据美方公布方案,此次关税设置多档差异化税率标准,不同经济体适用10%至12.5%的关税执行标准。美方同时设置关税豁免通道,符合可能导致美国原材料供应短缺、可能造成美国经济受到广泛冲击、在美国不能以足够数量或合理价格种植生产或从其他来源获得等相关条件的商品,可按程序申请豁免。  

美国最高法院2月20日发布裁决,认定美国《国际紧急经济权力法》没有授权总统征收大规模关税。美国总统特朗普当日宣布,依据《1974年贸易法》第122条,“对所有国家征收10%的全球关税”,为期150天,以取代被美国最高法院认定违法的关税。这一关税将于7月24日到期。  

今年3月,美国贸易代表办公室以“未建立和有效执行强迫劳动进口禁令”为由,对60个主要贸易伙伴发起“301调查”,并于6月“建议”对这些经济体输美商品加征10%至12.5%的额外关税。  

此间观察人士指出,所谓“强迫劳动”常被美方用作贸易保护工具。美方单边动用“301条款”、随意对多国征收关税的做法,本质上是单边主义与贸易保护行为,极易扰乱全球产业链供应链稳定并引发贸易摩擦,因而遭到国际社会广泛批评。(完)

English Caption: This photo taken on May 10, 2025 shows cargo ships loaded with containers at the Port of Los Angeles in California, United States. (Photo by Qiu Chen/Xinhua)