ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံ၌ ပြည်သူလူထုက စစ်ပွဲဆန့်ကျင်ရေး စုဝေးပွဲ ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပန်းခြံ၌ ပြည်သူလူထုက စစ်ပွဲဆန့်ကျင်ရေး စုဝေးပွဲ ကျင်းပနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


တိုကျို၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဂျပန်ကာကွယ်ရေးဝန်ကြီး Shinjiro Koizumi ၏ နျူကလီးယားဆိုင်ရာ လတ်တလော ပြောကြားချက်များကို တုံ့ပြန်သောအားဖြင့် ဟီရိုရှီးမား အဏုမြူဗုံးဒဏ်သင့်သူများအဖွဲ့၏ ဆက်ဆံရေးကောင်စီ အထွေထွေအတွင်းရေးမှူး Satoshi Tanaka က ယင်းမှာ “လုံးဝခွင့်လွှတ်လို့မရတဲ့ ပြောဆိုချက်ပါ” ဟူ၍ ဇူလိုင် ၂၂ ရက်က ဝေဖန်ပြောကြားခဲ့သည်။

Satoshi Tanaka က “အစိုးရအဖွဲ့ဝင်အနေနဲ့ Shinjiro Koizumi က ‘နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်’ ကို ပြန်လည်သုံးသပ်မယ်လို့ ထင်ရတဲ့ ပြောဆိုချက်ကို ထုတ်ပြန်ခဲ့တယ်။ ‘နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်’ ဟာ ဂျပန်နိုင်ငံရဲ့ အမျိုးသားရေး မူဝါဒဖြစ်တယ်။ ကျွန်တော်တို့နဲ့ အစိုးရကြား ဒီလိုကြီးမားတဲ့ သဘောထားကွဲလွဲမှုမျိုး ဖြစ်ပေါ်တာ မကြုံစဖူးပါပဲ” ဟု ပြောကြားခဲ့ကြောင်း၊ ဤကိစ္စကို ဆက်လက် အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးနိုင်ငံ လမ်းကြောင်းပေါ် ဂျပန်အစိုးရ လျှောက်လှမ်းရန် ကြိုးပမ်းမြှင့်တင်သွားမည်ဟု ၎င်းက ပြောကြားခဲ့ကြောင်း ဂျပန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

Shinjiro Koizumi က ဇူလိုင် ၁၇ ရက် အွန်လိုင်းအစီအစဉ်တစ်ခုတွင် ဂျပန်နိုင်ငံအနေဖြင့် “နျူကလီးယားလက်နက် သက်ဆိုင်ရာ မူဝါဒများကို တားမြစ်ကန့်သတ်မှုမရှိဘဲ ဆွေးနွေး” သင့်ကြောင်း ပြောကြားခဲ့ရာ ဂျပန်ပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှု ဖြစ်ပေါ်စေခဲ့သည်။ (Xinhua)

........................

(Chinese Version)

广岛民间团体代表批评日防卫大臣涉核言论

新华社东京7月23日电(记者梁晨 李子越)针对日本防卫大臣小泉进次郎近日的涉核表态,广岛核爆受害者团体联络会议事务局长田中聪司22日批评说,这是“绝不能原谅的言论”。

据日本媒体报道,田中批评说:“小泉作为内阁成员,竟发表了仿佛要重新审视‘无核三原则’的言论。‘无核三原则’是日本的国策。我们与政府之间出现如此巨大的分歧,可谓前所未有。”他表示,将继续追究此事,努力推动日本政府走上和平国家的道路。  

小泉17日在一档网络节目中提出,日本应“毫无禁忌地讨论与核武器相关的政策”,引发日本国内和国际社会关注。(完)

图说:2025年8月5日,民众在日本广岛和平纪念公园举行反战集会。新华社记者 贾浩成 摄