အမေရိကန် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
အမေရိကန် ဝါရှင်တန်မြို့ရှိ အိမ်ဖြူတော်တွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၃ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျက “Abraham သဘောတူညီချက်” တွင်ပါဝင်ခြင်းမရှိပါက အမေရိကန်နှင့် ဆော်ဒီအာရေဗျတို့ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သည့် အရပ်ဘက်သုံး နျူကလီးယား သဘောတူညီချက်သည် “ပျက်ပြယ်” သွားမည်ဖြစ်ကြောင်း အမေရိကန် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Karoline Leavitt က ဇူလိုင် ၂၃ ရက်တွင် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံ စွမ်းအင်ဌာနများက နှစ်နိုင်ငံသည် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုခြင်းအတွက် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သည်ဟု ဇူလိုင် ၂၂ ရက်တွင် သီးခြားစီ ကြေညာချက်ထုတ်ပြန်၍ ကြေညာခဲ့သည်။ သို့သော် အမေရိကန် သမ္မတ ထရမ့်က ဇူလိုင် ၂၃ ရက် အစောပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ အဆိုပါ သဘောတူညီချက်သည် ခွင့်ပြုခံရမည်ဖြစ်သော်လည်း ရှေးဦးစွာ ဆော်ဒီအာရေဗျက “Abraham သဘောတူညီချက်” တွင်ပါဝင်ရမည်ဟု ဆိုခဲ့သည်။ သို့သော် ထိုတောင်းဆိုချက်ကို အမေရိကန်-ဆော်ဒီအာရေဗျ နှစ်နိုင်ငံက အစောပိုင်းတွင် ထုတ်ပြန်သော ကြေညာချက်များ၌ ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။

Karoline Leavitt က သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ ထရမ့်၏ နောက်ဆုံးတောင်းဆိုချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး ယင်းအဆိုပြုချက် အသက်ဝင်နိုင်ခြင်း ရှိ၊ မရှိသည် ဆော်ဒီအာရေဗျက “Abraham သဘောတူညီချက်” လက်မှတ်ရေးထိုးခြင်းပေါ်တွင် “မူတည်” နေကြောင်း ဆိုခဲ့သည်။ “သမ္မတက အစဉ်အမြဲ နောက်ဆုံးအတည်ပြုတဲ့လူဖြစ်ပါတယ်” ဟု အလေးထားပြောကြားလျက် ထရမ့်သည် ထိုကိစ္စနှင့်စပ်လျဉ်း၍ ဆော်ဒီအာရေဗျဘက်နှင့် အကြိမ်များစွာ ချိတ်ဆက်ခဲ့ပြီးဖြစ်ရာ “Abraham သဘောတူညီချက်” တွင် ဆော်ဒီအာရေဗျ အမြန်ဆုံးပါဝင်လာခြင်းကို တွေ့မြင်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် Karoline Leavitt က ထရမ့်က တောင်းဆိုချက်အသစ်ကို အဆိုပြုခဲ့ပြီးနောက် ဆော်ဒီအာရေဗျနိုင်ငံ အိမ်ရှေ့မင်းသား၊ ဝန်ကြီးချုပ် Mohammed bin Salman Al Saud နှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ယမန်နှစ် နိုဝင်ဘာလတွင် အိမ်ဖြူတော်သို့ အိမ်ရှေ့မင်းသား Mohammed bin Salman Al Saud လာရောက်သည့်ကာလအတွင်း ထရမ့်က ဆော်ဒီအာရေဗျကို “Abraham သဘောတူညီချက်” တွင် ပါဝင်ရန် “အပြင်းအထန်တောင်းဆို” ခဲ့သော်လည်း ငြင်းပယ်ခြင်းခံခဲ့ရသည်။ အိမ်ရှေ့မင်းသား Mohammed bin Salman Al Saud က ဂါဇာဒေသစစ်ပွဲကြောင့် ဆော်ဒီအာရေဗျနိုင်ငံပြည်တွင်း၌ အစ္စရေးဆန့်ကျင်ရေးစိတ်ဓာတ်များ  မြင့်မားလျက်ရှိသဖြင့် လက်ရှိတွင် အစ္စရေးနှင့် ဆက်ဆံရေးပုံမှန်အသွင်ဖော်ဆောင်မှုကို လက်ခံမည်မဟုတ်ဟု တိုက်ရိုက်ပြောကြားခဲ့သည်။

“Abraham သဘောတူညီချက်” သည် ထရမ့်က ပထမအကြိမ်တာဝန်ထမ်းဆောင်သည့်ကာလအတွင်း ယူအေအီး၊ ဘာရိန်း၊ ဆူဒန်၊ မော်ရိုကို စသည့်နိုင်ငံများနှင့် အစ္စရေးတို့ ဆက်ဆံရေး ပုံမှန်အသွင်ဖော်ဆောင်ရန် “စေ့စပ်ပေးမှု” အတွက် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ဖြစ်သည်။ ထရမ့်က အဆိုပါ သဘောတူညီချက်ကို ၎င်း၏အရေးကြီး “သံတမန်ရေးရာ အောင်မြင်မှု” အဖြစ် အစဉ်အမြဲရှုမြင်ထားကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美施压沙特签亚伯拉罕协议 否则核协议作废

新华社华盛顿7月23日电(记者黄强 徐剑梅)美国白宫新闻秘书莱维特23日在白宫记者会上称,如果沙特阿拉伯不加入“亚伯拉罕协议”,美国同沙特日前签署的民用核协议将“作废”。  

美国和沙特能源部门22日分别发表声明宣布,两国已签署一项和平利用核能的合作协议。不过,美国总统特朗普23日早些时候在社交媒体发文称,该协议将获得批准,但前提条件是沙特加入“亚伯拉罕协议”。而这一前提条件在美沙两国先前发表的声明中均未提及。  

莱维特在回答记者提问时重申了特朗普的最新条件,称该协议能否生效“取决于”沙特签署“亚伯拉罕协议”,强调“总统始终是最终拍板的人”。她称,特朗普曾多次就此事与沙特方面沟通,希望看到沙特尽快加入“亚伯拉罕协议”。  

莱维特同时表示,特朗普提出新条件后还未与沙特王储兼首相穆罕默德交谈过。穆罕默德王储去年11月到访白宫期间,特朗普“强烈要求”沙特加入“亚伯拉罕协议”,但遭拒绝。穆罕默德王储直言,加沙战事导致沙特国内反以情绪高涨,目前不会接受与以色列实现关系正常化。  

“亚伯拉罕协议”是特朗普在第一个总统任期“撮合”阿联酋、巴林、苏丹、摩洛哥等国与以色列实现关系正常化而签署的协议。特朗普一直将此视为其重要“外交成就”。(完

图说:7月23日,在美国华盛顿白宫,白宫新闻秘书莱维特出席记者会新华社发(李源清摄