တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ချန်းဆန်းခရိုင် ကိုက်ဆန်းမြို့နယ် ဖူခိုရွာရှိ ဖူကျန့် ချွမ်းလွမ်အုပ်စုမှ စောင့်ရှောက်စီမံခန့်ခွဲသော တိဖုန်းကျန်း 
စံပယ်ပန်း စိုက်ပျိုးရေး အခြေစိုက်စခန်းတွင် စံပယ်ပန်းဆွတ်ခူးနေသော ပန်းစိုက်သူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ချန်းဆန်းခရိုင် ကိုက်ဆန်းမြို့နယ် ဖူခိုရွာရှိ ဖူကျန့် ချွမ်းလွမ်အုပ်စုမှ စောင့်ရှောက်စီမံခန့်ခွဲသော တိဖုန်းကျန်း စံပယ်ပန်း စိုက်ပျိုးရေး အခြေစိုက်စခန်းတွင် စံပယ်ပန်းဆွတ်ခူးနေသော ပန်းစိုက်သူများကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၁ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)


ဖူကျိုး၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

ပန်းရနံ့လက်ဖက်ခြောက် ပြုလုပ်ခြင်း လက်မှုပညာ (ဖူကျိုး စံပယ်ပန်းရနံ့လက်ဖက်ခြောက် ပြုလုပ်ခြင်း လက်မှုပညာ) သည် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစီမံကိန်းဖြစ်သည်။ ၂၀၂၆ ခုနှစ် ဧပြီလတွင် “ဖူကျိုး စံပယ်ပန်းရနံ့ လက်ဖက်ခြောက် လက်မှုပညာအလုပ်ရုံ” သည် ပထမဆုံးအသုတ် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် စက်မှုလုပ်ငန်း ယဉ်ကျေးမှုခရီးသွားလာရေး ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းစာရင်းဝင် ဖြစ်ခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့သည် စံပယ်ပန်းရနံ့လက်ဖက်ခြောက်၏ နှစ်တစ်ရာ စက်မှုလုပ်ငန်းအနှစ်သာရ အားသာချက်ဖြင့် ရှေးဟောင်းမြို့ ၊ ရှေးဟောင်းအဆောက်အဦ ထူးခြားချက်အရင်းအမြစ်များနှင့် ပေါင်းစပ်၍ စံပယ်ပန်းရနံ့ လက်ဖက်ခြောက် စိုက်ပျိုးရေးအခြေစိုက်စခန်းကို စနစ်တကျ ရှင်သန်လာအောင် လုပ်ဆောင်ခြင်း၊  ရှေးမူမပျက် လက်ဖက်ခြောက် ပြုလုပ်သောအလုပ်ရုံ စသည့် အဖိုးတန် စက်မှုလုပ်ငန်း ကျန်ရှိသောနေရာများဖြင့် ပန်းရနံ့လက်ဖက်ခြောက် စက်မှုဥယျာဉ်နှင့် သုတေသနလေ့လာသင်ယူရေးဆိုင်ရာ ယဉ်ကျေးမှု ဖန်တီးမှုဥယျာဉ်ဇုန်ကို ဖန်တီးတည်ဆောက်ခဲ့သည်။

ထို့ပြင် ရှေးမူလက်ရာအတိုင်း လက်ဖက်ခြောက်ပြုလုပ်ခြင်းအား ကိုယ်တိုင်ပါဝင်ခံစားမှု၊ ထူးခြားချက်ရှိသော ပန်းရနံ့လက်ဖက်ခြောက် မြည်းစမ်းခြင်း စသည့် အမျိုးစုံလင်သော လုပ်ငန်းပုံစံများကို ဖော်ဆောင်ကာ လက်ဖက်ခြောက်နှင့် ခရီးသွားလာမှုကို နက်ရှိုင်းစွာပေါင်းစည်း၍ မြို့ပြယဉ်ကျေးမှု ခရီးသွားလာရေး စွမ်းအားအသစ်များကို လှုံ့ဆော်ဖော်ထုတ်ပေးလိုက်သည်။ (Xinhua)


--------------------------------------------------------------------------------------

(Chinese Version)

福州:非遗茶香赋能文旅新发展

新华社照片,福州,2026年7月23日

花茶制作技艺(福州茉莉花茶窨制工艺)是国家级非物质文化遗产代表性项目。2026年4月,“福州茉莉花茶工业技艺工坊”成功入选首批福建省工业文旅融合发展项目。近年来,福州凭借茉莉花茶百年工业底蕴优势,联动古城古厝特色资源,系统盘活茉莉花种植基地、古法窨制工坊等珍贵工业遗存,打造花茶产业园与研学文创园区,发展古法窨制深度体验、特色花茶品鉴等多元业态,以茶旅深度融合激活城市文旅新动能。

图说1:7月21日,花农在福建春伦集团管护的福州市仓山区盖山镇浦口村帝封江茉莉花基地采摘茉莉花(无人机照片)。 新华社记者 林善传

图说2:7月22日,工人在福州茉莉花茶仓山产业园春伦集团茶叶加工车间生产茉莉花茶新华社记者 韩旭