ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဗနွားတူနိုင်ငံ သမ္မတ Nikenike Vurobaravu ထံသို့ ဗနွားတူနိုင်ငံ လွတ်လပ်ရေးရရှိမှု ၄၆ နှစ်မြောက်အတွက် ဇူလိုင် ၃၀ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-ဗနွားတူ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၄၄ နှစ်တာ ကာလအတွင်း နှစ်နိုင်ငံ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု အဆက်မပြတ် နက်ရှိုင်းလာပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝလာကြောင်း ထောက်ပြခဲ့သည်။

မိမိအနေဖြင့် တရုတ်-ဗနွားတူ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုကို များစွာ အလေးထားကြောင်း၊ သမ္မတ Nikenike Vurobaravu နှင့်အတူ ကြိုးပမ်း၍ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆက်မပြတ် နက်ရှိုင်းစွာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ပိုမိုရင်းနှီးသော ခေတ်သစ် တရုတ်-ဗနွားတူ အေးအတူပူအမျှ အသိုက်အဝန်းအား လက်တွဲအတူတည်ဆောက်ရန်၊ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平就瓦努阿图独立日向瓦努阿图总统武罗巴拉武致贺电

新华社北京7月30日电 7月30日,国家主席习近平致电瓦努阿图共和国总统武罗巴拉武,祝贺瓦努阿图独立46周年。  

习近平指出,中瓦建交44年来,两国政治互信不断深化,务实合作成果丰硕。我高度重视中瓦关系发展,愿同武罗巴拉武总统一道努力,推动两国全面战略伙伴关系不断深入发展,携手构建更加紧密的新时代中瓦命运共同体,更好造福两国人民。(完)