တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်၌ CPC တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

နိုင်ငံတော် ကာကွယ်ရေးနှင့် တပ်မတော်၏ အရည်အသွေးမြင့် ခေတ်မီအသွင်ပြောင်းမှု မြှင့်တင်ဖော်ဆောင်ရေးအတွက် နိုင်ငံရေးအရ လမ်းညွှန်ထိန်းကျောင်းမှု ခိုင်မာအားကောင်းစေရန်နှင့် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်တွန်းအားပေးသော ဖွံ့ဖြိုးတိုးတက်မှု နက်နက်ရှိုင်းရှိုင်းရှိစေရန် ကြိုးပမ်းအားထုတ်ရမည်ဟု တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တိုက်တွန်းပြောကြားခဲ့သည်။

ဇူလိုင် ၃၀ ရက်က CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့လိုက်လေ့လာသုံးသပ်သည့် အစည်းအဝေးအား သဘာပတိအဖြစ် ကြီးမှူးကျင်းပစဉ် ရှီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၂၇ ခုနှစ်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တည်ထောင်မှု ရာပြည့်အထိမ်းအမှတ် ရည်မှန်းချက်ပန်းတိုင်များ ပြည့်မြောက်အောင်မြင်ရေး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် တပ်မတော် ခေတ်မီအသွင်ပြောင်းမှုကို အခြေခံကျကျ လက်တွေ့ဖော်ဆောင်ရာတွင် တိကျသေချာသော တိုးတက်မှုများ ဖြစ်ထွန်းရေးအတွက် ကြိုးပမ်းကြရန် ရှီက တိုက်တွန်းခဲ့သည်။

ယင်းသည် အင်အားကြီး နိုင်ငံတစ်နိုင်ငံအဖြစ် တည်ဆောက်ရေးလုပ်ငန်းစဉ် မြှင့်တင်ဖော်ဆောင်ခြင်းနှင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုမှတစ်ဆင့် ကဏ္ဍအသီးသီးတွင် နိုင်ငံပြန်လည်အားသစ်လောင်းမှု တိုးတက်အောင်မြင်အောင် လုပ်ဆောင်ခြင်းတို့အတွက် ခိုင်မာအားကောင်းသော မဟာဗျူဟာမြောက် ပံ့ပိုးမှုများ ပေးစွမ်းနိုင်လိမ့်မည်ဟုလည်း ရှီက ဆိုသည်။

ဩဂုတ် ၁ ရက်တွင် ကျရောက်မည့် PLA တည်ထောင်ခြင်း နှစ်ပတ်လည်အထိမ်းအမှတ်မတိုင်မီ အဆိုပါ လေ့လာသုံးသပ်မှု အစည်းအဝေးအား ကျင်းပခဲ့ခြင်းဖြစ်သည်။ ရှီက CPC ဗဟိုကော်မတီနှင့် ဗဟိုစစ်ကော်မရှင်ကိုယ်စား PLA နှင့် ပြည်သူ့ရဲတပ်ဖွဲ့တို့၏ တပ်ဖွဲ့ဝင်အားလုံးကိုလည်းကောင်း၊ PLA ၏ အရပ်သားဝန်ထမ်းများနှင့် အရန်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များကိုလည်းကောင်း အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်သို့ ဂုဏ်ပြုတပ်ဖွဲ့က ဇူလိုင် ၁ ရက် ဆုတံဆိပ် သယ်ဆောင်လာပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်သို့ ဂုဏ်ပြုတပ်ဖွဲ့က ဇူလိုင် ၁ ရက် ဆုတံဆိပ် သယ်ဆောင်လာပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

...........................................................................

(English Version)

Xi stresses political guidance, innovation in military modernization

BEIJING, July 31 (Xinhua) -- Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, urged efforts to strengthen political guidance and deepen innovation-driven development to advance the high-quality modernization of national defense and the armed forces.

Xi made the remarks when presiding over a group study session of the Political Bureau of the CPC Central Committee on Thursday.

Xi urged efforts to fulfill the goals for the centenary of the People's Liberation Army (PLA) in 2027 and make "decisive progress" in basically realizing the modernization of national defense and the armed forces.

This, he said, will provide strong strategic support for advancing the cause of building a great country and achieving national rejuvenation on all fronts through Chinese modernization.

The study session was held ahead of the PLA's founding anniversary on Aug. 1. On behalf of the CPC Central Committee and the Central Military Commission, Xi extended festival greetings to all members of the PLA and the People's Armed Police Force, civilian personnel of the PLA, and members of the reserve forces and the militia.

English Caption 1

Chinese President Xi Jinping, also general secretary of the Communist Party of China (CPC) Central Committee and chairman of the Central Military Commission, addresses a gathering marking the CPC's 105th founding anniversary at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Yao Dawei)

English Caption 2

Honor guards escort the July 1 Medal into the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Ding Lin)