တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ CPC ဗဟိုကော်မတီအတွင်းရေးမှူးရုံး အတွင်းရေးမှူး ချိုက်ချီ တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ပေသိုက်ဟယ်၌ နွေရာသီအားလပ်ရက် အပန်းဖြေနေသော အထင်ကရ ပညာရှင်များအား ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်က သွားရောက်တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ CPC ဗဟိုကော်မတီအတွင်းရေးမှူးရုံး အတွင်းရေးမှူး ချိုက်ချီ တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ပေသိုက်ဟယ်၌ နွေရာသီအားလပ်ရက် အပန်းဖြေနေသော အထင်ကရ ပညာရှင်များအား ၂၀၂၆ ခုနှစ် ဩဂုတ် ၃ ရက်က သွားရောက်တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေသိုက်ဟယ်၊ ဟဲပေ၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) မှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ်ရှိ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း ပေသိုက်ဟယ်၌ နွေရာသီအားလပ်ရက် အပန်းဖြေလျက်ရှိသော အထင်ကရ ပညာရှင်များအား ဩဂုတ် ၃ ရက်၌ သွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ တာဝန်ပေးအပ်မှုအရ CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ ဗဟိုကော်မတီအတွင်းရေးမှူးရုံး အတွင်းရေးမှူး ချိုက်ချီက CPC ဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီကိုယ်စား နိုင်ငံတစ်ဝန်းရှိ ပညာရှင်များအား လှိုက်လှိုက်လှဲလှဲ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

အထင်ကရ ပညာရှင်များအား နွေရာသီအားလပ်ရက် အပန်းဖြေရန် ပေသိုက်ဟယ်သို့ နှစ်စဉ်ဖိတ်ကြားခြင်းမှာ ပါတီဗဟိုကော်မတီနှင့် နိုင်ငံတော်ကောင်စီ၏ အဖွဲ့အစည်းဆိုင်ရာ အရေးကြီးအစီအမံတစ်ရပ်ပင်ဖြစ်သည်။ ယခုနှစ် နွေရာသီတွင် ဖိတ်ကြားခံရသူများအနက် အခြေခံသုတေသန၊ မဟာဗျူဟာကျ၍ ခေတ်ရှေ့ပြေးသော နည်းပညာ၊ အရေးကြီးနယ်ပယ်များ၏ ပင်မနည်းပညာများအပြင် ဒဿနိကဗေဒ ပညာရပ်နှင့် လူမှုရေးသိပ္ပံ နယ်ပယ်တို့မှ ပညာရှင်များ ပါဝင်ကြောင်း သိရသည်။  

ပညာရှင်များအနေဖြင့် သိပ္ပံပညာရှင်စိတ်ဓာတ်ကို လက်ဆင့်ကမ်းထိန်းသိမ်းရန်၊ ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်များတွင် တိုးတက်အောင်မြင်မှုအသစ်များ ရရှိရေးအတွက် ကြိုးပမ်းအားထုတ်ရန်၊ ဆိုရှယ်လစ်စနစ် ခေတ်မီအသွင်ပြောင်းမှုကို အခြေခံကျကျ လက်တွေ့အကောင်အထည်ဖော်ရာတွင် တိကျခိုင်မာသော တိုးတက်မှုများ ရရှိရေးအတွက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် အကျိုးဆောင်ရန် ချိုက်က တိုက်တွန်းခဲ့သည်။ (Xinhua)

...................................................................

(English Version)

Senior CPC official visits prominent experts

BEIDAIHE, Hebei, Aug. 3 (Xinhua) -- A senior Communist Party of China (CPC) official on Monday paid a visit to prominent experts on summer vacation in Beidaihe, a seaside resort in north China's Hebei Province.

Entrusted by Xi Jinping, general secretary of the CPC Central Committee, Cai Qi, a member of the Standing Committee of the Political Bureau of the CPC Central Committee and a member of the Secretariat of the CPC Central Committee, extended sincere greetings to experts across the country on behalf of the CPC Central Committee and the State Council.

Inviting prominent experts to Beidaihe annually for a summer vacation has been an important institutional arrangement by the Party Central Committee and the State Council. Among those invited this summer are experts on the fronts of basic research, strategic and frontier technology, and core technologies in key fields, as well as philosophical studies and social sciences.

Cai called on the experts to carry forward the spirit of scientists, strive for new achievements in their respective fields, and make greater contributions to securing decisive progress in basically realizing socialist modernization.

English Caption

Cai Qi, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and a member of the Secretariat of the CPC Central Committee, pays a visit to prominent experts on summer vacation in Beidaihe, a seaside resort in north China's Hebei Province, on Aug. 3, 2026. (Xinhua/Yue Yuewei)