
တူနီးရှား၊ ဩဂုတ် ၅ ရက် (ဆင်ဟွာ)
အာဖရိကတိုက်၏ ပထမဆုံးသဲကန္တာရဖြတ်ကျော် တန်ချိန်မြင့်ရထားလမ်းဖြစ်သည့် အယ်လ်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်း ရထားလမ်း သတ္တုလုပ်ငန်းလိုင်းသည် ဩဂုတ် ၂ ရက်တွင် ဆက်သွယ်ရေး၊ အချက်ပြစနစ်နှင့် လျှပ်စစ်ဓာတ်အားစနစ် စီမံကိန်းတည်ဆောက်ခြင်းကို တရားဝင် စတင်ခဲ့သည်။
အဆိုပါရထားလမ်း သတ္တုလုပ်ငန်းလိုင်းသည် စုစုပေါင်း ၉၅၀ ကီလိုမီတာရှည်လျားပြီး တရုတ်နိုင်ငံ ရထားလမ်းတည်ဆောက်ရေး ကော်ပိုရေးရှင်း (CRCC) နှင့် ယင်းနိုင်ငံ နိုင်ငံပိုင်ကုမ္ပဏီလုပ်ငန်းတို့က ၎င်းအနက် ၅၇၅ ကီလိုမီတာကို တာဝန်ယူတည်ဆောက်ခြင်း ဖြစ်သည်။ ယင်းမှာ တရုတ်ကုမ္ပဏီလုပ်ငန်းက အယ်လ်ဂျီးရီးယားနိုင်ငံတွင် တာဝန်ယူတည်ဆောက်သည့် အကြီးမားဆုံးသော အခြေခံအဆောက်အဦစီမံကိန်း ဖြစ်သည်။ အဆိုပါစီမံကိန်းသည် ယခုနှစ် ဖေဖော်ဝါရီလတွင် ရထားဖြတ်သန်းမောင်းနှင်သည့်အချိန်မှစ၍ အယ်လ်ဂျီးရီးယားနိုင်ငံ ရထားလမ်းကွန်ရက်ကို ကောင်းမွန်ပြည့်စုံစေကာ အယ်လ်ဂျီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်များ အပြန်အလှန်ချိတ်ဆက်မှုနှင့် စီးပွားရေးတိုးတက်မှုကို အားဖြည့်ပေးခဲ့သည်။
တရုတ်နိုင်ငံ ရထားလမ်းတည်ဆောက်ရေး ကော်ပိုရေးရှင်း (CRCC) အယ်လ်ဂျီးရီးယားကုမ္ပဏီခွဲ အထွေထွေမန်နေဂျာ တုန်လျင်က ယခုအကြိမ် “လျှပ်စစ်ဆိုင်ရာကဏ္ဍ သုံးရပ်” စီမံကိန်းတွင် ဘူတာ ၁၀ ခု၊ ရထားလမ်းလွှဲဆုံ ဘူတာ ၂၈ ခု၏ အချက်ပြ၊ ဆက်သွယ်ရေးအဆောက်အဦနှင့် စုစည်း ထိန်းချုပ်ရေးစင်တာ ၄ ခု၏ တည်ဆောက်ရေး ဒီဇိုင်းနှင့် တည်ဆောက်ခြင်းတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။ တစ်လိုင်းလုံး၏ ဆက်သွယ်ရေး၊ အချက်ပြနှင့် လျှပ်စစ်ဓာတ်အားစနစ်တို့၏ ဒီဇိုင်းရေးဆွဲခြင်း၊ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ချိန်ညှိစမ်းသပ်ခြင်း၊ လုပ်ငန်းလည်ပတ်မှု စမ်းသပ်ခြင်းအပြင် လုပ်ငန်းလည်ပတ်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ ဝန်ထမ်းများ လေ့ကျင့်သင်ကြားပေးခြင်း စသည်တို့ လွှမ်းခြုံပါဝင်ကြောင်း၊ အဆိုပါစီမံကိန်းသည် အယ်လ်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်းရထားလမ်း သတ္တုလုပ်ငန်းလိုင်းအတွက် ခေတ်မီသော လည်ပတ်ထိန်းချုပ်မှု၊ သတင်းအချက်အလက်ပို့ဆောင်မှုနှင့် လျှပ်စစ်ဓာတ်အား အာမခံပေးမှုစနစ် တည်ဆောက်ပေးမည် ဖြစ်ပြီး ယင်းဒေသ သတ္တုအရင်းအမြစ် တူးဖော်ရေးနှင့် စီးပွားရေးကဏ္ဍစုံလင်ရေးအတွက် အားကောင်းသော ကျားကန်မှု ပံ့ပိုးပေးမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အနောက်ပိုင်းရထားလမ်း သတ္တုလုပ်ငန်းလိုင်းသည် အယ်လ်ဂျီးရီးယားနိုင်ငံ၏ အရေးကြီးသည့် အခြေခံအဆောက်အဦ စီမံကိန်းဖြစ်ရာ နိုင်ငံ့စီးပွားရေးတိုးတက်မှုကို မြှင့်တင်သည့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအဖြစ် ရှုမြင်ခံထားရသည်။ ရထားလမ်း ဖွင့်လှစ်ပြီးနောက် နှစ်စဉ် သံသတ္တု တန်ချိန် သန်း ၅၀ သယ်ယူပို့ဆောင်နိုင်သလို ခရီးသည် သယ်ယူပို့ဆောင်ရေးလိုအပ်ချက်ကိုလည်း ထောက်ရှုနိုင်ရာ လမ်းကြောင်းတစ်လျှောက်နေပြည်သူများအတွက် အကျိုးစီးပွားများ ဆောင်ကြဉ်းပေးလျက်ရှိပေသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
中企承建非洲首条沙漠重载铁路“三电”工程启动
新华社突尼斯8月3日电(记者周昊瑾)阿尔及尔消息:非洲首条沙漠重载铁路——阿尔及利亚西部铁路矿业线2日正式启动通信、信号及电力系统工程建设。
该铁路矿业线全长950公里,中国铁建与当地国有企业承建其中的575公里。这是中企在阿承建的最大基建工程。项目自今年2月通车以来,完善了阿尔及利亚国家铁路网,助力阿西南部省份互联互通和经济发展。
中国铁建阿尔及利亚公司总经理董琳表示,本次“三电”工程涉及10座车站、28座会让站的信号、通信设施以及4座集中控制中心的施工设计及建设。涵盖全线通信、信号和电力系统的设计、采购、施工、调试、投运测试以及运营与维护人员培训等。该项目将为阿尔及利亚西部铁路矿业线建设现代化运行控制、信息传输和电力保障体系,为当地矿产资源开发和经济多元化提供有力支撑。
西部铁路矿业线是阿尔及利亚重要的基础设施工程,被视为推动国家经济发展的运输线路,通车后每年可运输5000万吨铁矿石,还兼顾客运需求,为沿线居民带来便利。(完)
1. 这是阿尔及利亚西部铁路矿业线的航拍照片。新华社发(中国铁建供图)
2. 2月1日,在阿尔及利亚贝沙尔省举办的该国西部铁路矿业线项目通车仪式上,一辆列车停靠在站台上。新华社发








