တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ စူပါမားကတ်တစ်ခု၌ ဒူးရင်းသီးများ ရွေးချယ်ဝယ်ယူနေသည့် ဈေးဝယ်သူတစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့ရှိ စူပါမားကတ်တစ်ခု၌ ဒူးရင်းသီးများ ရွေးချယ်ဝယ်ယူနေသည့် ဈေးဝယ်သူတစ်ဦးကို ၂၀၂၆ ခုနှစ် မေ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)

ကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားသူများအတွက် စည်ကားသက်ဝင်နေသော ခရီးတစ်ထောက်နားရာ နေရာတစ်ခုအဖြစ် ကာလကြာမြင့်စွာ ရှုမြင်ခံရသည့် အရှေ့တောင်အာရှဒေသသည် ကျယ်ပြောလှသည့် ရေလမ်းကြောင်းများနှင့် မြေဩဇာကောင်းမွန်သော ကုန်းမြေထုတစ်လျှောက် စိတ်ကူးစိတ်သန်းများ၊ ကုန်စည်များနှင့် ယဉ်ကျေးမှုများ ပေါင်းဆုံလျက်ရှိသည့် လမ်းဆုံလမ်းခွတစ်ခုအဖြစ် အကျိုးပြုလျက်ရှိသည်။

အဆိုပါဒေသတစ်ခွင်ရှိ အံ့ချီးဖွယ် ရှေးခေတ်ဘုရားကျောင်းများမှသည် ခေတ်မီပြတိုက်များတွင် ရှေးမူမပျက် ထိန်းသိမ်းထားသည့် ရာစုနှစ်များစွာ သက်တမ်းရှိသော အပြာရောင်နှင့် အဖြူရောင် ကြွေထည်ပစ္စည်းများ၊ မရေမတွက်နိုင်လောက်အောင် များပြားလှသည့် အမွေအနှစ်များနှင့် အဖိုးတန်ရတနာများအထိ ယင်း၏ မြောက်ဘက်ရှိ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် အဓွန့်ရှည်တည်တံ့သော ဆက်ဆံရေးကို သက်သေပြုလျက်ရှိသည်။ အိမ်နီးချင်းကောင်းပီသမှုနှင့် ချစ်ကြည်ရင်းနှီးမှု အစဉ်အလာဓလေ့သည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) တို့အကြားက ပူး‌ပေါင်းဆောင်ရွက်မှုကို ယနေ့ထက်တိုင် ဆက်လက် အနက်အဓိပ္ပာယ် ဖွင့်ဆိုပေးလျက်ရှိသည်။

ဩဂုတ် ၈ ရက်သည် အာဆီယံ ဖွဲ့စည်းတည်ထောင်မှု ၅၉ နှစ်မြောက် အထိမ်းအမှတ်နေ့ဖြစ်ကာ ယခုနှစ်သည်လည်း အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (TAC) လက်မှတ်ရေးထိုးခဲ့သည့် နှစ် ၅၀ ပြည့် အထိမ်းအမှတ်ကာလ၊ တရုတ်-အာဆီယံ ဆွေးနွေးဖက်ဆက်ဆံရေး တည်ထောင်မှု ၃၅ နှစ်မြောက် အထိမ်းအမှတ်ကာလနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်ကာလဖြစ်ပေသည်။ ကမ္ဘာလုံးဆိုင်ရာ မရေရာမှုများ မြင့်တက်နေခိုက် အာဆီယံနှင့် တရုတ်နိုင်ငံအကြား အပြုသဘော ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်ကို ဆက်လက်ထိန်းသိမ်းခြင်းက အပြန်အလှန်အားဖြင့် အကျိုးဖြစ်ထွန်းစေမည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

ခွဲခြား၍မရနိုင်သော အိမ်နီးချင်းများ

တရုတ်နိုင်ငံသည် ၂၀၀၃ ခုနှစ်တွင် TAC သ‌ဘောတူစာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့သည့် ပထမဆုံး အင်အားကြီးနိုင်ငံ ဖြစ်လာခဲ့ရာ အခြားနိုင်ငံများအား ၎င်းနည်းတူ လုပ်ဆောင်ရန် တွန်းအားပေးရာ ရောက်သကဲ့သို့ အာဆီယံ၏ နိုင်ငံတကာပုံရိပ်ကိုလည်း သိသိသာသာ မြှင့်တင်ပေးခဲ့သည်။ မျက်မှောက်ကာလတွင်လည်း တရုတ်နိုင်ငံက အာဆီယံ အသိုက်အဝန်းထူထောင်ခြင်း၊ ညီညွတ်မှုနှင့် အင်အားတောင့်တင်းအောင် ကိုယ်ထူကိုယ်ထ တည်ဆောက်မှုအတွက် အာဆီယံ၏ ကြိုးပမ်းဖော်ဆောင်ခြင်းတို့ကို ဆက်လက်၍ မမှိတ်မသုန် အားပေးပံ့ပိုးလျက်ရှိသည်။

မနီလာမြို့တွင် ယခုနှစ် ဇူလိုင်လနှောင်းပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် တွေ့ဆုံစဉ် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် ကာအို ကင်ဟွန်းက အာဆီယံ-တရုတ် ဆက်ဆံရေး၊ နှစ်ဖက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်များကို ချီးကျူးပြောဆိုခဲ့ကာ ဒေသတွင်း အခင်းအကျင်း၌ အာဆီယံ၏ ဗဟိုအချက်အချာကျမှုအပေါ် တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

အာဆီယံနှင့် တရုတ်နိုင်ငံတို့သည် ခွဲခြား၍မရသော အိမ်နီးချင်းများဖြစ်ကြောင်း၊ ထို့အတူ တရုတ်နိုင်ငံသည် အာဆီယံ၏ အရေးပါဆုံး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်လည်းဖြစ်ကာ နှစ်ဖက်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရား ၆၅ ခုကို ထူထောင်ထားကြောင်း ကာအိုက ပြောသည်။

အာဆီယံအနေဖြင့် တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုနီးကပ်စွာလုပ်ဆောင်သွားမည့်အပြင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အခြားကဏ္ဍများတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်နက်ရှိုင်းရှိုင်း လုပ်ဆောင်ရန်၊ ပြည်သူအချင်းချင်း ကူးလူးဆက်ဆံမှုနှင့် အာဆီယံ-တရုတ် ဆက်ဆံရေး တည်ငြိမ်စွာတိုးတက်မှုတို့ကို ပိုမိုမြှင့်တင်ရန် မျှော်မှန်းထားကြောင်း ကာအိုက ဖြည့်စွက်ပြောကြားသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်ကလည်း အဆိုပါ မျှော်မှန်းချက်နှင့်အညီ အိမ်နီးချင်းနိုင်ငံများနှင့် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ခြင်းမှာ တည်ငြိမ်သော အရှိန်အဟုန်များ ရရှိနေပြီဖြစ်ကာ တရုတ်နိုင်ငံသည် နှစ်ဖက်အပြန်အလှန်အားဖြင့် အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံနှင့် အရေးကြီးဘုံသဘောတူညီမှုများ ရရှိထားကြောင်း ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260809/30c0b2fed7a9460ab4e347594da9556b/c.html

.................................................................................

(English Version)

Xinhua Headlines: Riding Asia-Pacific momentum: China, ASEAN chart new course for regional development

JAKARTA, Aug. 9 (Xinhua) -- Long seen as a vibrant way station for merchants and traders, Southeast Asia has served as a crossroads where ideas, goods and civilizations converged across vast waterways and fertile lands.

From awe-inspiring ancient temples to centuries-old blue-and-white porcelain preserved in modern museums, countless relics and treasures across the region bear witness to the long-standing ties with its northern neighbor, China. Today, that tradition of good neighborliness and friendship continues to define cooperation between China and the Association of Southeast Asian Nations (ASEAN).

As ASEAN celebrates its 59th anniversary on Saturday, this year also marks the 50th anniversary of the signing of the Treaty of Amity and Cooperation in Southeast Asia (TAC), the 35th anniversary of the establishment of China-ASEAN dialogue relations and the fifth anniversary of their comprehensive strategic partnership. Against the backdrop of rising global uncertainties, analysts said maintaining the momentum of positive cooperation between ASEAN and China is mutually beneficial.

INSEPARABLE NEIGHBORS

In 2003, China became the first major country to accede to the TAC, prompting other countries to follow suit and significantly elevating ASEAN's international profile. Now China continues its unwavering support for ASEAN Community-building and ASEAN's pursuit of unity and self-strengthening.

During a meeting with Chinese Foreign Minister Wang Yi in Manila in late July, ASEAN Secretary-General Kao Kim Hourn spoke highly of ASEAN-China relations and the outcomes of practical cooperation between the two sides, expressing appreciation for China's support for ASEAN centrality in regional architecture.

Kao said ASEAN and China are inseparable neighbors, and that China is ASEAN's most important comprehensive strategic partner, with the two sides having established 65 cooperation mechanisms.

ASEAN looks forward to closer strategic alignment with China, deeper practical cooperation in trade, investment, digital economy and other sectors, more people-to-people exchanges, and steady progress in ASEAN-China relations, Kao added.

In line with this vision, the building of a community with a shared future with neighboring countries has steadily gained traction, as China has reached important common understandings with eight ASEAN member states on forming a community with a shared future bilaterally, according to Wang, also a member of the Political Bureau of the Communist Party of China Central Committee.

https://english.news.cn/20260809/30c0b2fed7a9460ab4e347594da9556b/c.html

English Caption

A customer chooses durians at a supermarket in Nanning, south China's Guangxi Zhuang Autonomous Region, May 2, 2026. (Xinhua/Zhao Huan)