တရုတ်နိုင်ငံ ချုံချင့်မြို့၊ တာ့ကျူခရိုင်၊ လုံဆွေမြို့နယ်ရှိ ယာမေကျား ကြာပန်းစိုက်စခန်းတွင် ပန်းစိုက်တောင်သူများက လတ်ဆတ်သောပန်းများ ခူးဆွတ်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ချုံချင့်မြို့၊ တာ့ကျူခရိုင်၊ လုံဆွေမြို့နယ်ရှိ ယာမေကျား ကြာပန်းစိုက်စခန်းတွင် ပန်းစိုက်တောင်သူများက လတ်ဆတ်သောပန်းများ ခူးဆွတ်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

လက်ရှိတွင် တရုတ်နိုင်ငံ ချုံချင့်မြို့၊ တာ့ကျူခရိုင်၊ လုံဆွေမြို့နယ်ရှိ ယာမေကျား ကြာပန်းစိုက်စခန်းအတွင်း၌ တရုတ်မူ ထောင်နှင့်ချီ ကျယ်ဝန်းသော ကြာကန်များမှာ စိမ်းလန်းစိုပြည်လျက်ရှိပြီး အရောင်အသွေးစုံလင်သော ကြာပန်းများ အပြိုင်အဆိုင် ပွင့်လန်းလျက်ရှိသည်။ ပန်းစိုက်တောင်သူများသည် ကြာဖူးလေးများကို ခူးဆွတ်ခြင်း၊ အမျိုးအစားခွဲခြားခြင်း၊ စည်းနှောင်ခြင်း၊ ရေထည့်၍ လတ်ဆတ်အောင်ထိန်းသိမ်းခြင်းတို့ဖြင့် အလုပ်များနေကြပြီး ချုံချင့်မြို့လယ်ကောင်နှင့် အနီးအနား ခရိုင်မြို့နယ်များရှိ ပန်းဈေးကွက်များသို့ ပို့ဆောင်လျက်ရှိသည်။

ချုံချင့်မြို့၊ တာ့ကျူခရိုင်သည် ကြာပန်းစိုက်ပျိုးမှု သမိုင်းကြောင်းရှည်လျားကာ ယနေ့အထိ တာ့ကျူခရိုင်၏ ကြာပန်းစိုက်ပျိုးဧရိယာသည် တရုတ်မူ ၅ သောင်းကျော်၊ မျိုးကွဲပေါင်း တစ်ထောင်ကျော်ရှိသည်။ ယင်းတွင် အစဉ်အလာစိုက်ပျိုးလာသော ဒေသမျိုးကွဲများနှင့် အာကာသထဲတွင်မျိုးပွားထားသော မျိုးကွဲအသစ်များ ပါဝင်ကာ ပြီးပြည့်စုံသော ကြာပန်းထုတ်လုပ်ရေးလုပ်ငန်းစနစ် ဖြစ်ပေါ်လာခဲ့သည်။ မကြာသေးမီနှစ်များအတွင်း အဆိုပါခရိုင်သည် တောင်သူများအား အလှကြည့်ကြာပန်းစိုက်ပျိုးရေး တိုးတက်စေရန် တက်ကြွစွာ လမ်းညွှန်အားပေးခဲ့သည်။ မေလမှ အောက်တိုဘာလအထိ လတ်ဆတ်သောပန်းများ ခူးဆွတ်ရာသီအတွင်း ခရိုင်တစ်ခုလုံး၏ လတ်ဆတ်သောပန်းများ ထွက်ရှိမှုမှာ အပွင့်ပေါင်း သန်း ၉၀ ခန့်ရှိပြီး တန်ဖိုးအားဖြင့် ယွမ် သန်း ၄၃၀ ခန့်ရှိရာ ဒေသခံတောင်သူများ ဝင်ငွေတိုးရန် အရေးပါသော လမ်းကြောင်းတစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

.............................................

(Chinese Version)

重庆大足:发展荷花产业 培育“美丽经济”

新华社照片,重庆,2026年8月11日

眼下,重庆市大足区龙水镇雅美佳荷花基地内,千亩荷塘绿意盎然,各色荷花竞相绽放。花农们忙着采摘荷花花苞,分拣、捆扎、装水保鲜,发往重庆中心城区及周边区县花卉市场。

重庆市大足区荷莲栽培历史悠久,截至目前,大足区荷莲栽培面积达5万余亩,品种上千个,涵盖传统本土品种和航天育种新品,形成了完整的荷莲产业体系。近年来,该区积极引导农户发展观赏荷花种植,在5月至10月的鲜切花采摘季,全区鲜切花产量约9000万朵,产值约4.3亿元,成为当地农户增收重要渠道。

8月11日,在重庆市大足区龙水镇雅美佳荷花基地,花农在采摘鲜切花。 新华社记者 黄伟 摄

这是8月11日在重庆市大足区龙水镇雅美佳荷花基地拍摄的荷花。新华社记者 黄伟 摄