တူကီယဲနိုင်ငံ အန်ကာရာမြို့၌ တူကီယဲသမ္မတ အာဒိုဂန် (ယာ) က ခရီးစဉ် လာရောက်သည့် ပါလက်စတိုင်းသမ္မတ အဘတ်စ်အတွက် ကြိုဆိုပွဲကျင်းပပေးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တူကီယဲနိုင်ငံ အန်ကာရာမြို့၌ တူကီယဲသမ္မတ အာဒိုဂန် (ယာ) က ခရီးစဉ် လာရောက်သည့် ပါလက်စတိုင်းသမ္မတ အဘတ်စ်အတွက် ကြိုဆိုပွဲကျင်းပပေးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)  

တူကီယဲသမ္မတ ရီဆပ် တေယစ် အာဒိုဂန်သည် ဩဂုတ် ၁၂ ရက်တွင် အန်ကာရာမြို့၌ ခရီးစဉ်ရောက်ရှိနေသော ပါလက်စတိုင်းသမ္မတ မာမွတ် အဘတ်စ်နှင့် တွေ့ဆုံပြီး ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပကာ ပါလက်စတိုင်းနိုင်ငံတည်ထောင်ရေးကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ အဘတ်စ်က “ဂါဇာသည် ပါလက်စတိုင်းနိုင်ငံ၏ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်” ဟု အလေးပေးပြောကြားခဲ့သည်။

အာဒိုဂန်က တူကီယဲနိုင်ငံသည် “၁၉၆၇ ခုနှစ် နယ်နိမိတ်ကို အခြေခံပြီး အရှေ့ဂျေရုဆလမ်ကို မြို့တော်အဖြစ် ထားရှိကာ ပထဝီအနေအထားအရ အပြည့်အဝပါရှိသော လွတ်လပ်သည့် ပါလက်စတိုင်းနိုင်ငံ” တည်ထောင်ရေးကို အခိုင်အမာ တွန်းအားပေးမည်ဖြစ်ကြောင်း၊ “ပလက်ဖောင်းအားလုံးတွင် ပါလက်စတိုင်းအရေးကို ဆက်လက်ပြီး အခိုင်အမာ ကာကွယ်သွားမယ်” ဟု ပြောကြားခဲ့သည်။

အဘတ်စ်က “ဂါဇာက ပါလက်စတိုင်းနိုင်ငံရဲ့ ခွဲခြားလို့မရတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်” ၊ ပါလက်စတိုင်းပြည်သူများအနေဖြင့် စည်းလုံးညီညွတ်ပြီး နယ်မြေကို အခိုင်အမာ ထိန်းသိမ်းထားရမည်ဟု အလေးပေးပြောကြားခဲ့သည်။ နိုဝင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသော ပါလီမန်ရွေးကောက်ပွဲနှင့် လာမည့်နှစ်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲကို ပါလက်စတိုင်းအစိုးရက အထူးအလေးထားကြောင်း ၎င်းက ထောက်ပြပြောကြားခဲ့သည်။

အဘတ်စ်က ဆော်ဒီအာရေးဗျ၊ တူကီယဲနှင့် ပါကစ္စတန်တို့ မကြာသေးမီက လက်မှတ်ရေးထိုးခဲ့သော “မက်ကာ ဘုံကာကွယ်ရေးသဘောတူညီချက်” သည် အလွန်အရေးကြီးကြောင်း၊ “ဒီသဘောတူညီချက်က ဒေသတွင်းတည်ငြိမ်ရေးနဲ့ လုံခြုံရေးကို သေချာစေတဲ့ စမှတ်တစ်ခု ဖြစ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဘတ်စ်သည် ဒေသစံတော်ချိန် ဩဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ တူကီယဲနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့သည်။ (Xinhua)

တူကီယဲနိုင်ငံ အန်ကာရာမြို့၌ တူကီယဲသမ္မတ အာဒိုဂန် (ယာ) နှင့် ခရီးစဉ် လာရောက်သည့် ပါလက်စတိုင်းသမ္မတ အဘတ်စ်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တူကီယဲနိုင်ငံ အန်ကာရာမြို့၌ တူကီယဲသမ္မတ အာဒိုဂန် (ယာ) နှင့် ခရီးစဉ် လာရောက်သည့် ပါလက်စတိုင်းသမ္မတ အဘတ်စ်တို့ ပူးတွဲသတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


..........................

(Chinese Version)

埃尔多安会晤阿巴斯 重申支持巴勒斯坦建国

新华社安卡拉8月12日电(记者霍丹彤)土耳其总统埃尔多安12日在安卡拉与到访的巴勒斯坦总统阿巴斯会晤并举行联合记者会,重申支持巴勒斯坦建国。阿巴斯强调,“加沙是巴勒斯坦国不可分割的一部分”。  

埃尔多安说,土耳其坚定推动建立“一个以1967年边界为基础、以东耶路撒冷为首都、拥有地理完整性的独立巴勒斯坦国”,将“继续在一切平台上坚定捍卫巴勒斯坦事业”。  

阿巴斯强调,“加沙是巴勒斯坦国不可分割的一部分”,巴勒斯坦人民必须团结一致、坚守土地。他指出,巴勒斯坦政府高度重视定于11月举行的议会选举以及明年的总统选举。

阿巴斯还表示,沙特阿拉伯、土耳其和巴基斯坦三国近期签署的《麦加共同防务协议》非常重要,“希望它能成为确保地区稳定与安全的起点”。  

阿巴斯于当地时间11日至13日对土耳其进行正式访问。(完)

图说1:8月12日,在土耳其安卡拉,土耳其总统埃尔多安(右)为到访的巴勒斯坦总统阿巴斯举行欢迎仪式。新华社发(穆斯塔法·卡亚摄)

图说2:8月12日,在土耳其安卡拉,土耳其总统埃尔多安(右)与到访的巴勒斯坦总统阿巴斯出席联合记者会。新华社发(穆斯塔法·卡亚摄)