
ပေကျင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
ကိုလံဘီယာ ငလျင်ဗဟိုချက်ဖြစ်သော Choco ပြည်နယ် San Jose del Palmar မြို့သည် မြေပြိုမှုများကြောင့် လမ်းများပိတ်ဆို့ကာ “သီးခြားကျွန်း” ဖြစ်နေပြီး ကယ်ဆယ်ရေးပစ္စည်းများ ဝင်ရောက်နိုင်ခြင်းမရှိပေ။ လက်ရှိတွင် လမ်းရှင်းလင်းရေးအတွက် ဘူဒိုဇာတစ်စီးသာ ရှိသည်ဟု ဒေသခံများက ဩဂုတ် ၁၁ ရက်တွင် ဆိုခဲ့သည်။
အမေရိကန် CNN သတင်းဌာနက ဩဂုတ် ၁၁ ရက်တွင် San Jose del Palmar မြို့ “အီတလီ” ရပ်ကွက်တာဝန်ခံ ဟေဆွန်ဂွါရာ၏ ပြောကြားချက်ကို ကိုးကား၍ ထိုဒေသတွင် လက်ရှိ ရေနှင့်လျှပ်စစ်မီး ပြတ်တောက်နေပြီး အဆောက်အအုံများစွာနှင့် လမ်းအချို့ ပျက်စီးနေသော်လည်း လူထိခိုက်သေဆုံးမှု သတင်းမရှိသေးကြောင်း ဖော်ပြထားသည်။
ဂွါရာသည် ပေါင်မုန့်ဆိုင်တစ်ဆိုင် လုပ်ကိုင်နေသူဖြစ်ပြီး ငလျင်လှုပ်ခတ်ချိန်တွင် ဝယ်သူများနှင့်အတူ ရှိနေခဲ့သည်။ မြို့လယ်ရှိ အိမ်အချို့နှင့် ဒေသခံလယ်ယာမြေရှိ အိမ်များ ပျက်စီးခဲ့သည်ဟု ၎င်းက ဆိုသည်။
အဆိုပါစိုက်ပျိုးရေးမြို့ငယ်လေးသည် လက်ရှိတွင် ကိုလံဘီယာနိုင်ငံ၏ အခြားဒေသများနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။ ငလျင်ကြောင့် မြေပြိုမှု ၁၈ ကြိမ် ဖြစ်ပွားခဲ့ရာ အနီးရှိ Valle del Cauca ပြည်နယ် မြောက်ဘက် Cartago မြို့သို့ သွားသော အဓိကလမ်းမကြီး ပိတ်ဆို့သွားခဲ့ကြောင်း၊ လက်ရှိတွင် လမ်းရှင်းလင်းရေးအတွက် ဘူဒိုဇာတစ်စီးသာရှိပြီး ဒေသခံ ငလျင်သင့်ရပ်ကွက်များသို့ နောက်ထပ်အရင်းအမြစ်များ ရောက်ရှိရန် အချိန်အနည်းငယ် လိုအပ်ဦးမည်ဖြစ်ကြောင်း ဂွါရာက ဆိုသည်။
ဂွါရာက “လူတိုင်းက မိမိနေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားနေကြတယ်” ၊ မီးစက်ဖြင့် စမ်း၍ ဖုန်းအားသွင်းခြင်း၊ အချင်းချင်း ဆက်သွယ်ခြင်း၊ မိသားစုဝင်များထံ လုံခြုံကြောင်း အကြောင်းကြားခြင်း၊ ရေနှင့် လျှပ်စစ်မီး စသည့် ဝန်ဆောင်မှုများ ပြန်လည်ရရှိရန် စောင့်ဆိုင်းနေခြင်းတို့ကို ပြုလုပ်နေကြသည်ဟု ဆိုသည်။
ကိုလံဘီယာနိုင်ငံ ဒေသစံတော်ချိန် ဩဂုတ် ၁၀ ရက် နံနက်တွင် ပြင်းအား ၇.၄ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ပြီး သေဆုံးသူ အရေအတွက်သည် ၂၀၀ ကျော်ရှိလာပြီဖြစ်ကြောင်း သတင်းရင်းမြစ်မျိုးစုံက ဖော်ပြထားသည်။ Risaralda ပြည်နယ် မြို့တော် Pereira နှင့် Valle del Cauca ပြည်နယ် မြို့တော် Cali စသည့် ငလျင်ဒဏ်သင့်မှုပြင်းထန်သောမြို့များတွင် ကယ်ဆယ်ရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ငလျင်လှုပ်ပြီးနောက် ကယ်ဆယ်ရေး အဖိုးတန်အချိန် နာရီ ၇၂ နာရီအတွင်း အသက်ရှင်ကျန်သူများ ပိုမိုရှာတွေ့နိုင်ရန် အချိန်လု၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
Choco ပြည်နယ်သည် အဆိုပါတောင်အမေရိကနိုင်ငံ၏ အဆင်းရဲဆုံးဒေသများအနက် တစ်ခုဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခဒဏ်ကို ခံစားနေရသည်။ ထို့ပြင် နေရာများစွာကို မိုးသစ်တောအား ဖြတ်ကျော်ခြင်း သို့မဟုတ် လေယာဉ်ဖြင့်သာ သွားရောက်နိုင်သည်။ ရိုက်တာသတင်းဌာန၏ သတင်းဖော်ပြချက်အရ ငလျင်ဗဟိုချက်အနီးရှိ Choco ပြည်နယ်၌ ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများစွာသည် ယနေ့အထိ လျှပ်စစ်မီးမရရှိသေးသလို နေ့စဉ်အခြေခံဝန်ဆောင်မှုများလည်း မရှိသဖြင့် အဆိုပါအချက်သည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ပိုမိုရှုပ်ထွေးစေကြောင်း သိရသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
哥伦比亚震中成“孤岛” 仅一台推土机清障
新华社北京8月12日电 哥伦比亚大地震震中所在地圣何塞-德尔帕尔马因山体滑坡堵塞道路而成为“孤岛”,救灾物资无法进入。当地居民11日说,目前只有一台推土机在清障。
美国有线电视新闻网11日援引圣何塞-德尔帕尔马“意大利”区社区负责人赫松·格瓦拉的话报道,这个地区目前缺水缺电,多栋建筑和一些道路受损,尚无人员死亡报告。
格瓦拉经营一家面包店,地震发生时同顾客在一起。他说,中心区一些房屋受损,当地一些农场房屋被毁。
报道说,这座农业小城目前与哥伦比亚其他地区隔绝。格瓦拉说,地震引发18起山体滑坡,堵塞一条通往邻近考卡山谷省北部城市卡塔戈的主要道路。眼下只有一台推土机在清理道路,更多资源需要一些时间才能运抵当地受灾社区。
格瓦拉说,“每个人都在努力恢复日常活动”,试着用发电机给手机充电,相互交流,向亲人报平安,等待水电等服务恢复。
哥伦比亚当地时间10日早晨发生7.4级地震,多方消息显示,死亡人数已经超过200人。在里萨拉尔达省首府佩雷拉、考卡山谷省首府卡利等受灾严重的城市,救援人员和志愿者争分夺秒展开搜救,争取在震后救援黄金72小时内找到更多幸存者。
乔科省是这个南美国家最贫困的地区之一,饱受武装冲突之苦,而且许多地方只能穿越雨林或坐飞机才能抵达。路透社报道,震中附近的乔科省许多土著居民社区至今没有通电,也没有日常基本服务,这令救援更加复杂。(胡若愚)
图说1、3:这张哥伦比亚新闻社发布的照片显示,8月11日,在哥伦比亚西南部考卡山谷省首府卡利市,建筑物在地震中遭受严重破坏。新华社发(哥伦比亚新闻社供图)
图说2:8月12日,在哥伦比亚西南部城市卡利,救援人员查看地震坍塌建筑的废墟。新华社发(安德烈斯·莫雷诺摄)








