
ချန်တယ် (ဟူနန်)၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်တယ်မြို့ ကျင်းစိ ခရိုင်အဆင့်မြို့၏ ဇီဝထုတ်လုပ်မှုလုပ်ငန်းသည် ၁၉၅၀ ပြည့်လွန်နှစ်များတွင် စတင်ခဲ့ပြီး လက်ရှိတွင် ဇီဝထုတ်လုပ်ရေးလုပ်ငန်း ၄၁ ခုကို စုစည်းထားကာ အဆင့်မြင့် ပေါင်းစပ်ဇီဝထုတ်ကုန် အမျိုးအစား ၂၀၀ ကျော်ကို ထုတ်လုပ်နိုင်ပြီဖြစ်သည်။
မကြာသေးမီနှစ်များအတွင်း ကျင်းစိမြို့သည် ဇီဝထုတ်လုပ်မှုလုပ်ငန်းကို အရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်စေပြီး ဇီဝစိုက်ပျိုးရေး၊ ဇီဝဆေးဝါး၊ ဇီဝအစားအစာ၊ အာဟာရဖြည့်စွက်စာနှင့် ဇီဝအထူးဓာတုပစ္စည်းများ စသည့် ကဏ္ဍခွဲများကို အဓိကထားကာ ထူးခြားချက်ကို ထင်ရှားစေရန်နှင့် စုစည်းဖွံ့ဖြိုးတိုးတက်ရန် အခိုင်အမာဆောင်ရွက်လျက်ရှိသည်။ ယခုနှစ် ပထမနှစ်ဝက်တွင် ဇီဝထုတ်လုပ်မှုလုပ်ငန်းသည် ထုတ်လုပ်မှုတန်ဖိုး ယွမ် ၂.၀၉ ဘီလီယံ ဖော်ဆောင်နိုင်ခဲ့ပြီး ၁၂.၂ ရာခိုင်နှုန်း တိုးတက်ကာ အခွန်ဝင်ငွေ ၁၆.၆၃ ရာခိုင်နှုန်း တိုးတက်ခဲ့ရာ ဒေသတွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် သက်ဝင်လှုပ်ရှားမှုနှင့် အရှိန်အဟုန်ကို ဖြည့်တင်းပေးလျက်ရှိသည်။ (Xinhua)
......................
(Chinese Version)
活力中国调研行|湖南津市:生物制造产业助推经济高质量发展
新华社照片,常德(湖南),2026年8月14日
湖南省常德市津市市生物制造产业发端于20世纪50年代,目前已聚集生物制造企业41家,可生产高端合成生物产品200多种。
近年来,津市市大力发展生物制造业,聚焦生物农业、生物制药、生物食品及保健品和生物特种化学品等细分领域,坚持突出特色、集群发展。今年上半年,生物制造产业实现产值20.9亿元,增长12.2%,税收增长16.63%,为当地经济发展注入活力和动能。
图说1:8月13日,工作人员在津市市高新区的湖南利尔生物科技有限公司发酵室内检查发酵罐。 新华社记者 戴明轩 摄
图说2:8月13日,工作人员在津市市高新区的湖南利尔生物科技有限公司实验室内调试氨基酸提纯仪器。新华社记者 戴明轩 摄








