တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ရှန့်ရှဟန် သမိုင်းယဉ်ကျေးမှုလမ်းဇုန်ရှိ “ဖူကျိုးစံပယ်ပန်း အလှတရားပြခန်း” တံခါးဝတွင် စံပယ်ပန်းလက်ဖက်ရည်ကြမ်းအား မြည်းစမ်းနေသည့် ကလေးငယ်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ ရှန့်ရှဟန် သမိုင်းယဉ်ကျေးမှုလမ်းဇုန်ရှိ “ဖူကျိုးစံပယ်ပန်း အလှတရားပြခန်း” တံခါးဝတွင် စံပယ်ပန်းလက်ဖက်ရည်ကြမ်းအား မြည်းစမ်းနေသည့် ကလေးငယ်များကို ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျိုးမြို့၏ စံပယ်ပန်းလက်ဖက်ခြောက်သည် သမိုင်းကြောင်း ကြာရှည်ပြီဖြစ်သည်။ “ဖူကျိုး စံပယ်ပန်းလက်ဖက်ခြောက် ပြုလုပ်နည်း လက်မှုပညာ” သည် ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ကိုယ်စားပြုစီမံကိန်းများစာရင်းတွင် ထည့်သွင်းခံခဲ့ရပြီး စံပယ်ပန်းလက်ဖက်ခြောက်သည် ဒေသတွင်း၏ ယဉ်ကျေးမှုအထင်ကရ နာမည်ကတ်တစ်ခု ဖြစ်လာခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် ဖူကျိုးမြို့မှ ကုန်သည်ဈေးဆိုင်အများအပြားက စံပယ်ပန်းလက်ဖက်ခြောက် ယဉ်ကျေးမှုကို လက်ဆင့်ကမ်းသည့် တစ်ချိန်တည်းတွင် ဖျော်ရည်၊ အချိုတည်းစရာမုန့်၊ လူသုံးကုန်ပစ္စည်း စသည့် စံပယ်ပန်းလက်ဖက်ခြောက်ဖြင့် ထုတ်လုပ်သော ထုတ်ကုန်များကို ဖော်ဆောင်လာခဲ့ရာ မွှေးရနံ့သင်းပျံ့ခြင်း၊ အမြင်တင့်တယ်ခြင်း၊ စားသုံးရန် အရသာကောင်းမွန်ခြင်း၊ စိတ်ဝင်စားဖွယ်ရာကောင်းခြင်း စသည့် စားသုံးဝယ်ယူမှု နေရာအသစ်များမှတစ်ဆင့် ခရီးသွားများလာရောက် မြည်းစမ်းရန် ဆွဲဆောင်ခဲ့သည်။

ဖူကျိုးမြို့သည် စံပယ်ပန်းလက်ဖက်ခြောက် အမှတ်တံဆိပ်များ ကြေညာမှု၊ လက်ဖက်နှင့် ယဉ်ကျေးမှုခရီးသွားခြင်းအား ပေါင်းစည်းမှုတို့ကို ထောက်ခံအားပေးရန် အစီအမံများ ထုတ်ပြန်ကြေညာပြီး ပန်းကို ချိတ်ဆက်မှုအဖြစ်ထားရှိကာ လက်ဖက်ခြောက်ဖြင့် ခရီးသွားလာမှုကို မြှင့်တင်ခဲ့သဖြင့် ဒေသတွင်း ယဉ်ကျေးမှုခရီးသွားလာရေး စားသုံးမှုကိုမြှင့်တင်ခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

活力中国调研行|福州茉莉花茶“跨界圈粉”促文旅消费

新华社照片,福州,2026年8月18日

福州茉莉花茶历史悠久,“福州茉莉花茶窨制工艺”2014年被列入国家级非物质文化遗产代表性项目名录,茉莉花茶成为当地的一张文化名片。

近年来,福州市不少商家在传承茉莉花茶文化的同时,开发调饮、甜点、日用品等茉莉花茶衍生品,通过好闻、好看、好吃、好玩的新消费场景,吸引更多游客体验。福州市也出台措施支持茉莉花茶品牌宣传、茶文旅融合,以花为媒、以茶促旅,带动当地文旅消费持续升温。

图说1:8月17日,小朋友在福州市上下杭历史文化街区“福州茉莉花美学馆”门口试饮茉莉花茶。 新华社记者 杜潇逸 摄

图说2:8月17日,在福州市上下杭历史文化街区,游客购买茉莉花茶冰淇淋后走出店铺。。 新华社记者 杜潇逸 摄