ဂျပန်နိုင်ငံ တိုကျိုမြို့၏ ထင်ရှားသော တိုကျိုတာဝါတွင် တရုတ်နှစ်သစ်ကူးပွဲတော်အား ဂုဏ်ပြုသောအားဖြင့် အနီရောင်မီးများဖြင့် ထွန်းညှိထားသည်ကို ၂၀၂၅ ဇန်နဝါရီ ၂၈ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့၏ ထင်ရှားသော တိုကျိုတာဝါတွင် တရုတ်နှစ်သစ်ကူးပွဲတော်အား ဂုဏ်ပြုသောအားဖြင့် အနီရောင်မီးများဖြင့် ထွန်းညှိထားသည်ကို ၂၀၂၅ ဇန်နဝါရီ ၂၈ ရက် ညပိုင်းက တွေ့ရစဉ်(ဆင်ဟွာ)

တိုကျို၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ နာရိတာလေဆိပ်တွင် ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက  လေယာဉ်တစ်စီး “အင်ဂျင်အနီးမှ မီးခိုးမည်းများ ထွက်ပေါ်လာခဲ့ကြောင်း” ၊ လက်ရှိတွင် သက်ဆိုင်ရာ ပြေးလမ်းအား ပိတ်ထားကြောင်း ဂျပန် ရုပ်သံထုတ်လွှင့်ရေးကော်ပိုရေးရှင်း (NHK) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အချင်းဖြစ်ပွားသည့်လေယာဉ်မှာ မလေးရှားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စင်းဖြစ်ပြီး  ဒေသစံတော်ချိန် နံနက် ၁၀ နာရီ မိနစ် ၄၀ ခန့်တွင် ပျံသန်းထွက်ခွာရန် ပြင်ဆင်နေချိန်၌ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ သတင်းအချက်အလက်များကို ကိုးကား၍ NHK က ဖော်ပြထားသည်။ ထိခိုက်ဒဏ်ရာရရှိသူ ရှိ၊ မရှိကိုမူ မသိရှိရသေးပေ။ နံနက် ၁၁ နာရီဝန်းကျင်တွင် အဆိုပါလေယာဉ်သည် အခင်းဖြစ်ပွားရာနေရာ၌ ရပ်တန့်နေပြီး ပတ်ဝန်းကျင်၌ မီးသတ်ကားနှင့် လူနာတင်ယာဉ် အများအပြား ရောက်ရှိနေကာ တာဝန်ရှိသူများက လိုအပ်သည့် ကိုင်တွယ်ဖြေရှင်းမှုများကို ဆောင်ရွက်လျက်ရှိသည်ကို အခင်းဖြစ်နေရာ၏ ရုပ်ပုံများတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်ကြောင့် လေဆိပ်၏ ပြေးလမ်း A အား ပိတ်ထားပြီး လက်ရှိတွင် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း နာရိတာလေဆိပ်ဘက်က ပြောကြားခဲ့သည်။  (Xinhua)

----------------------

(Chinese Version)

日本成田机场一客机“冒黑烟” 相关跑道已关闭

新华社东京8月20日电(记者李子越 陈泽安)据日本广播协会报道,20日上午,日本成田机场一架飞机“发动机附近冒出黑烟”。目前,相关跑道已关闭。

  日本广播协会引述警方消息称,事件发生在当地时间10时40分左右,涉事飞机是一架马来西亚航空公司客机,当时正准备起飞。尚不清楚是否有人员受伤。现场画面显示,上午11时左右,涉事飞机停在现场,周围停有数辆消防车和救护车,工作人员正在现场作相应处理。

  成田机场方面表示,受此事影响,机场A跑道已关闭,目前正在进行检查。

1. 2025年1月28日晚,日本东京的地标性建筑东京塔点亮“中国红”,庆祝中国农历新年。新华社记者 贾浩成 摄