
ဆန်ဖရန်စစ္စကို၊ သြဂုတ် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် အနောက်တောင်ပိုင်း ဝေးလံခေါင်ဖျားသော ဒေသတွင် လူ ၈ ဦး တင်ဆောင်လာသည့် လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လက်ရှိတွင် လေယာဉ်ပေါ်ပါသူများ၏ ထိခိုက်သေဆုံးမှု အခြေအနေကို ထုတ်ပြန်ကြေညာခြင်း မရှိသေးကြောင်း အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဆိုင်ရာ ဘုတ်အဖွဲ့ (NTSB) မှ ဩဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။
မတော်တဆမှု ဖြစ်ပွားခဲ့သော လေယာဉ်ပေါ်တွင် လေယာဉ်မှူး ၂ ဦးနှင့် လေယာဉ်စီးခရီးသည် ၆ ဦး ပါဝင်ပြီး ထိုနေ့က အဆိုပါပြည်နယ် Anchorage မြို့ မှ Cape Newenham မြို့ သို့ ထွက်ခွာခဲ့ရာ၊ မွန်းလွဲပိုင်း၌ သွားရောက်သည့်နေရာသို့ နီးကပ်လာသောအချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု ယူဆရကြောင်း အဆိုပါ ဘုတ်အဖွဲ့၏ အလက်စကာဒေသ တာဝန်ခံက ပြောကြားခဲ့သည်။
အလက်စကာ ကယ်ဆယ်ရေး ညှိနှိုင်းမှု ဗဟိုဌာန (AKRCC) အနေဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းတို့ဗဟိုဌာနမှ ပြောကြားခဲ့သည်။ (Xinhua)
----------------
(Chinese Version)
美国阿拉斯加州一架载8人飞机坠毁 伤亡不明
新华社旧金山8月20日电(记者吴晓凌)美国国家运输安全委员会20日说,一架载有8人的飞机当天在美国阿拉斯加州西南部偏远地区坠毁,目前机上人员伤亡情况尚未公布。
该委员会阿拉斯加地区负责人说,失事飞机载有2名飞行员和6名乘客,当天从该州安克雷奇起飞前往努恩哈姆角,据信在下午接近目的地时坠毁。
阿拉斯加救援协调中心说,该中心已启动搜救行动。








