
နယူးဒေလီ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် အရက်အတုများကြောင့် အဆိပ်သင့်မှုဖြစ်ပွားခဲ့ရာ လူ ၉ ဦး သေဆုံးပြီး အခြား ၃၉ ဦး ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း အိန္ဒိယမီဒီယာများ၏ ဩဂုတ် ၂၁ ရက် သတင်းအရ သိရသည်။
သတင်းဖော်ပြချက်အရ ယင်းဖြစ်စဉ်သည် ထိုပြည်နယ်ရှိ Bhavnagar ဒေသတွင် ဖြစ်ပွားခဲ့ပြီး ဒေသအသီးသီးမှ ဒေသခံများသည် အရက်အတုများသောက်သုံးပြီးနောက် သေဆုံးမှုများ ရှိလာခဲ့ပြီး သေဆုံးသူများ၏ သွေးနမူနာစစ်ဆေးမှုရလဒ်များတွင် မီသနောဓာတ်ပါဝင်ကြောင်း တွေ့ရှိရသည်။ ယင်းနောက် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်ခဲ့ရာ လူ ၂၁ ဦးကို သံသယရှိသူများအဖြစ် စာရင်းသွင်းခဲ့သည်။
လက်ရှိတွင် သံသယရှိသူ ၁၃ ဦးကို ဖမ်းဆီးရမိထားပြီး ၎င်းတို့အနက်မှ ကြိုးကိုင်သူဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး ပါဝင်ကြောင်း၊ သံသယရှိသူတစ်ဦးမှာ ယင်းအရက်အတုကို သောက်သုံးမိ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။
ရဲတပ်ဖွဲ့၏ပြောကြားချက်အရ သံသယရှိသူများသည် ဒေသခံနေအိမ်တစ်လုံးတွင် အီသနော၊ မီသနောစသည့် ကုန်ကြမ်းများကို အသုံးပြုကာ အရက်အတုကို ထုတ်လုပ်ပြီး နာမည်ကြီးအရက်အမှတ်တံဆိပ်များ၏ ပုလင်းအတုများတွင် ထည့်သွင်းရောင်းချခဲ့ခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့သည် အရက်အတုပြုလုပ်သည့် ကုန်ကြမ်းများ၊ ပုလင်းများ၊ တံဆိပ်များနှင့် ပါကင်ပိတ်ပစ္စည်းကိရိယာများ၏ အရင်းအမြစ်ကို စုံစမ်းလျက်ရှိကြောင်း သိရသည်။
ဂူဂျာရတ်ပြည်နယ်တွင် အရက်တားမြစ်ရေးမူဝါဒကို ကျင့်သုံးလျက်ရှိပြီး အရက်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် သောက်သုံးခြင်းတို့ကို တင်းကျပ်စွာ ကန့်သတ်ထားရာ ယင်းကဲ့သို့ အရက်အတုကြောင့် သေဆုံးမှုဖြစ်စဉ်မျိုးသည် ဒေသအတွင်း မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ (Xinhua)
………………………….
(Chinese Version)
印度古吉拉特邦发生假酒中毒事件致9人死
新华社新德里8月21日电 据印度媒体21日报道,印度西部古吉拉特邦发生假酒中毒事件,已造成9人死亡,另有39人在医院接受治疗。
据报道,此次事件发生在该邦包纳加尔地区,陆续有多地居民在饮用假酒后死亡,死者血液样本检测结果显示含有甲醇。警方随后展开调查,将21人列为嫌疑人。
报道援引当地警方的话说,目前已逮捕13名嫌疑人,包括一名被指主谋的男子。有一名嫌疑人饮用涉事假酒后死亡。
警方说,嫌疑人在当地一处住宅内利用乙醇、甲醇等原料制造假酒,灌装进仿冒知名酒类品牌的酒瓶中售卖。警方正在追查制假原料、酒瓶、标签以及封装设备的来源。
古吉拉特邦实行禁酒政策,酒类生产、销售和消费受到严格限制,类似假酒致死事件在当地时有发生。(完)
图说:这是2025年8月21日在印度首都新德里拍摄的街景。新华社记者 伍岳 摄








