
ဘရာဇီးလီးယား၊ ဩဂုတ် ၂၂ ရက် (ဆင်ဟွာ)
ဘရာဇီး သမ္မတ လူလာသည် ဩဂုတ် ၂၁ ရက်တွင် အမေရိကန် သမ္မတ ထရမ့်နှင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့ပြီး အမေရိကန်အစိုးရ၏ လတ်တလောကာလအတွင်း ဘရာဇီးထုတ်ကုန်များအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်ခဲ့သည်။
အချိန် ၁ နာရီ မိနစ် ၂၀ ကြာသည့် ဖုန်းဖြင့်ဆက်သွယ်မှုအတွင်း လူလာနှင့် ထရမ့်တို့သည် နှစ်ဖက်ကုန်သွယ်ရေး၊ အများပြည်သူလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတကာအရေးကြီးကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ဘရာဇီးအစိုးရ ထုတ်ပြန်သော ကြေညာချက်အရ သိရသည်။ လူလာက လတ်တလောကာလအတွင်း ဘရာဇီးအပေါ် အမေရိကန် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံသည့် သက်ဆိုင်ရာစွဲဆိုချက်သည် အထောက်အထားမရှိကြောင်း၊ အဆိုပါစည်းကြပ်ခွန် အစီအမံများသည် ဘရာဇီးနှင့် အမေရိကန် နှစ်နိုင်ငံလုံးအတွက် ထိခိုက်နစ်နာမှုဖြစ်စေကြောင်း၊ နှစ်ဖက်အနေဖြင့် ဆက်လက်ပြီး အပြန်အလှန်ဆွေးနွေးမှုဖြင့် ကွဲလွဲမှုများကို ညှိနှိုင်းဖြေရှင်းသင့်ကြောင်း ထောက်ပြခဲ့သည်။
အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ဇူလိုင် ၂၂ ရက်မှစ၍ ဘရာဇီးထုတ်ကုန်အချို့အပေါ် မူလစည်းကြပ်ခွန်အခြေခံ၌ စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံမည်ဟု ဇူလိုင် ၁၅ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။ ဇူလိုင် ၂၃ ရက်တွင် အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ်ရုံးက ထပ်မံ၍ “အတင်းအဓမ္မ အလုပ်ခိုင်းစေမှု” ဟူသော အကြောင်းပြချက်ဖြင့် မကြာမီ သက်တမ်းကုန်ဆုံးတော့မည့် ကမ္ဘာလုံးဆိုင်ရာ တင်သွင်းမှုစည်းကြပ်ခွန်နေရာ၌ အစားထိုးရန် ဘရာဇီး အပါအဝင် နိုင်ငံနှင့်ဒေသပေါင်း ဒါဇင်ချီအပေါ် စည်းကြပ်ခွန်အသစ် ၁၀ ရာခိုင်နှုန်းမှ ၁၂.၅ ရာခိုင်နှုန်း တိုးမြှင့်ကောက်ခံခဲ့ကြောင်း သိရသည်။
ဘရာဇီးအစိုးရက စီးပွားရေးဆိုင်ရာ အလားတူတုံ့ပြန်မှု ဥပဒေအရ သက်ဆိုင်ရာလုပ်ငန်းစဉ်များ စတင်ခဲ့ပြီးဖြစ်ကာ အမေရိကန်အစိုးရ၏ ဘရာဇီးထုတ်ကုန်များအပေါ် စည်းကြပ်ခွန်အစီအမံအသစ် ကောက်ခံမှုအား တန်ပြန်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ဩဂုတ် ၁၃ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------------------------------------------------------
(Chinese Version)
卢拉与特朗普通话 反对美国对巴商品加征关税
新华社巴西利亚8月21日电(记者吴昊)巴西总统卢拉21日与美国总统特朗普通电话,反对美国政府近期对巴西商品加征关税。
据巴西政府发布的声明,在1小时20分钟的通话中,卢拉和特朗普讨论了双边贸易、公共安全合作及国际热点问题。卢拉指出,近期美国对巴西加征关税的相关指控缺乏依据,这些关税措施对巴美两国均构成损害,双方应继续通过对话协商解决分歧。
美国贸易代表办公室7月15日宣布自7月22日起对部分巴西产品在原有关税基础上加征25%的关税。7月23日,美国贸易代表办公室又以所谓“强迫劳动”为由,对包括巴西在内的数十个国家和地区征收10%至12.5%的新关税,以替代即将到期的全球进口关税。
巴西政府8月13日宣布,已根据经济对等法案启动相关程序,反制美国政府对巴西产品采取的新关税措施。(完)
图说1:8月2日,巴西总统卢拉在圣保罗举行的巴西劳工党全国代表大会上发表讲话。新华社发(保罗·洛佩斯摄)
图说2:5月1日,美国总统特朗普在首都华盛顿白宫南草坪接受媒体采访。新华社发(李源清摄)








