
ဧရာဝတီအက်စီအသင်း အာရှအမျိုးသမီးချန်ပီယံလိဂ်အုပ်စု အဆင့်သို့တက်ရောက်
ရန်ကုန်၊ ဩဂုတ် ၂၃ (ဆင်ဟွာ)
၂၀၂၆-၂၀၂၇ အာရှအမျိုးသမီးချန်ပီယံလိဂ် ခြေစစ်ပွဲ အုပ်စု (F) ပွဲစဉ်အဖြစ် မြန်မာကလပ် ဧရာဝတီအက်စီအသင်းနှင့် New Taipei City Hang Yuan FC တို့ ဩဂုတ် ၂၃ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဧရာဝတီအက်စီအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး အုပ်စုပထမဖြင့် အုပ်စုအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။ (Xinhua)








