ကွန်ဂိုနိုင်ငံ (DRC) North Kivu ပြည်နယ် မြို့တော် Goma တွင် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ “M23 လှုပ်ရှားမှု” အဖွဲ့ဝင်က လမ်းမထက်၌ ကင်းလှည့်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) North Kivu ပြည်နယ် မြို့တော် Goma တွင် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ “M23 လှုပ်ရှားမှု” အဖွဲ့ဝင်က လမ်းမထက်၌ ကင်းလှည့်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ကွန်ဂိုနိုင်ငံ (DRC) အစိုးရနှင့် အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့ “M23 လှုပ်ရှားမှု” တို့သည် ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှု လမ်းပြမြေပုံနှင့် စပ်လျဉ်း၍ သဘောတူညီချက်ရရှိခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးညှိနှိုင်းမှု၏ အဆင့်ခွဲထားမှုနှင့် အချိန်စီစဉ်ထားရှိမှုတို့ကို အတည်ပြုခဲ့ကြောင်း ဩဂုတ် ၂၂ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ဒိုဟာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ရရှိထားသော တိုးတက်မှုနှင့် ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို သုံးသပ်ခဲ့ပြီး ရှိရင်းစွဲကတိများအား အကောင်အထည်ဖော်မှုနှင့် နောက်ဆက်တွဲ ဆွေးနွေးညှိနှိုင်းမှုများ တွန်းအားပေးဖော်ဆောင်မှုနှင့် စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း၊ နှစ်ဖက်သည် နောက်ဆက်တွဲ ဆွေးနွေးညှိနှိုင်းမှု လမ်းပြမြေပုံကို ချမှတ်ခဲ့ပြီး သက်ဆိုင်ရာ အဆင့်နှင့် အချိန်စီစဉ်ထားရှိမှုတို့ကို အတည်ပြုခဲ့ကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ သဘောတူညီချက်နှင့် ကတိကဝတ်များအား အကောင်အထည်ဖော်မှု အခြေအနေကို နောက်ဆက်တွဲ ခြေရာခံရန်အတွက် ယန္တရားတည်ထောင်ရန်လည်း သဘောတူညီခဲ့ကြကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်က အပစ်အခတ်ရပ်စဲမှု စိစစ်ရေးယန္တရားတွင် တိုးတက်မှု ရရှိခဲ့ခြင်းကိုလည်း ကြိုဆိုခဲ့ပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပဋိပက္ခအား ဖြေရှင်းခြင်းနှင့် ဘက်စုံငြိမ်းချမ်းရေးတို့ကို တွန်းအားပေး ဖော်ဆောင်သွားမည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ “M23 လှုပ်ရှားမှု” အဖွဲ့သည် ကွန်ဂိုနိုင်ငံ (DRC) ၊ North Kivu ပြည်နယ်၊ South Kivu ပြည်နယ် စသည့်ဒေသများ၌ အဆက်မပြတ် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး အရေးကြီးမြို့များစွာကို သိမ်းပိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် ကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် ကွန်ဂိုနိုင်ငံ (DRC) အစိုးရနှင့် “M23 လှုပ်ရှားမှု” အဖွဲ့တို့သည် ဒိုဟာမြို့၌ အခြေခံမူကြေညာချက်အား လက်မှတ်ရေးထိုးခဲ့သည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် နှစ်ဖက်က ဒိုဟာမြို့၌ မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုဖြင့် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရန်၊ အဆင့်ခွဲ၍ တည်ငြိမ်ရေးလုပ်ငန်းစဉ်အား တွန်းအားပေးဖော်ဆောင်ရန်၊ ပဋိပက္ခ၏ အရင်းအမြစ်အား ဖြေရှင်းရန် ကတိပြုခဲ့ကြကြောင်း သိရသည်။ (Xinhua)

ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း မြို့လေး Sake တွင် ပဋိပက္ခကြောင့် ပျက်စီးသွားသော နေအိမ်ရှေ့၌ ဆော့ကစားနေသည့် ကလေးငယ်များကို ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်း မြို့လေး Sake တွင် ပဋိပက္ခကြောင့် ပျက်စီးသွားသော နေအိမ်ရှေ့၌ ဆော့ကစားနေသည့် ကလေးငယ်များကို ၂၀၂၅ ခုနှစ် မေ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------------------------------------------------------

(Chinese Version)

刚果(金)政府与反政府武装就谈判路线图达成一致

新华社金沙萨8月23日电(记者史彧)刚果(金)政府与反政府武装“M23运动”22日发布联合声明,就和平谈判路线图达成一致,明确后续谈判的分阶段步骤和时间安排。  

声明说,双方评估了多哈和平进程取得的进展及面临的挑战,并就落实已有承诺和推进后续谈判交换意见。双方制定了后续谈判路线图,明确相关步骤和时间安排,并同意建立机制,跟踪有关协议和承诺的落实情况。  

双方还欢迎停火核查机制取得进展,并重申将继续通过谈判推动冲突解决和全面和平。  2025年1月以来,“M23运动”在刚果(金)北基伍省、南基伍省等地不断发起攻势,夺取多个重要城市。同年7月,在卡塔尔的斡旋下,刚果(金)政府与“M23运动”在多哈签署原则宣言。11月,双方在多哈签署框架协议,承诺通过对话建立互信,分阶段推进稳定进程,解决冲突根源。(完)

图说1:1月27日,在刚果(金)北基伍省首府戈马市,反政府武装组织“M23运动”人员在街上巡逻。新华社发

图说2:2025年5月11日,在刚果(金)东部小镇萨凯,孩子们在一处因冲突损毁的房屋旁玩耍。新华社记者 郑扬子 摄