
ပေကျင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
လူပုံစံတူစက်ရုပ်တစ်ရုပ်သည် ယာယီစားသောက်ဆိုင်၏အတွင်း သရေစာတစ်ခုကို ညှပ်ဖြင့်ယူလျက် မိုက်ခရိုဝေ့ဖ်ထဲသို့ထည့်ကာ အချိန်တိုင်းကိရိယာကို လှည့်လိုက်ပြီးနောက် နောက်ထပ် အော်ဒါမှာယူမှုကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ထိုလှုပ်ရှားမှုအားလုံးကို အကဲဖြတ်သူများ၏ စောင့်ကြည့်မှုအောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ဩဂုတ် ၂၂ ရက်၌ ဒုတိယအကြိမ် ကမ္ဘာ့လူပုံစံတူစက်ရုပ်အားကစားပြိုင်ပွဲကို တရားဝင်မဖွင့်လှစ်မီ သီတင်းပတ်အစောပိုင်းက ကျင်းပခဲ့သော စားသောက်ဆိုင်ဝန်ဆောင်မှုပြိုင်ပွဲက ယခုနှစ်ပြိုင်ပွဲ၏အဓိကအာရုံစိုက်မှုကို ပြသနိုင်ခဲ့သလို စက်ရုပ်များအား အားကစားပြိုင်ပွဲများတွင်သာမက လုပ်ငန်းခွင် လုပ်ငန်းဆောင်တာများတွင်လည်း စမ်းသပ်လိုက်ခြင်းပင် ဖြစ်သည်။
ဩဂုတ် ၂၆ ရက်အထိ ကျင်းပမည့် အဆိုပါပြိုင်ပွဲသည် ကမ္ဘာ့တိုက်ကြီး ခြောက်တိုက်ရှိ နိုင်ငံနှင့် ဒေသပေါင်း ၁၆ ခုမှ အသင်းပေါင်း ၆၆၆ သင်းနှင့် စက်ရုပ်ပေါင်း ၂,၀၅၆ ရုပ်တို့ ပါဝင်ယှဉ်ပြိုင်ကြခြင်းဖြစ်ကာ ပထမအကြိမ်ထက် ပါဝင်ယှဉ်ပြိုင်သည့်အသင်း အရေအတွက်ထက် လေးဆတိုးလာခဲ့သည်။ ယခင်နှစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲအမျိုးအစား ၂၆ ခုသာရှိရာမှ ယခုပြိုင်ပွဲတွင် ၅၁ ခု ရှိလာကြောင်း ပြိုင်ပွဲအရေအတွက်မှာလည်း ယမန်နှစ်က ၄၈၇ ပွဲရှိရာမှ ၁,၃၀၁ ပွဲအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြီးမားဆုံးထပ်တိုးမှုများအကြား စက်ရုံများ၊ ဟိုတယ်များ၊ နေအိမ်များနှင့် ထောက်ပံ့ပို့ဆောင်ရေးစက်ရုံများ စသည့်နေရာများကို လွှမ်းခြုံထားသည့် နေရာအခြေပြုပြိုင်ပွဲပေါင်း ၂၁ ခုလည်း ပါဝင်သည်။
စက်မှုလုပ်ငန်းဆိုင်ရာ တပ်ဆင်ခြင်းနှင့် အိမ်မှုကိစ္စများမှသည် အရေးပေါ်ကယ်ဆယ်ရေးနှင့် စာကြည့်တိုက်စာအုပ်စီခြင်းအထိ လုပ်ငန်းဆောင်တာများကို ထပ်ခါတလဲလဲလုပ်ကိုင်ရပြီး ကိုယ်ကာယအားစိုက်ထုတ်ရသော၊ မသန့်ရှင်းသော၊ အန္တရာယ်ရှိသော သို့မဟုတ် ခက်ခဲသောအလုပ်များ လုပ်ဆောင်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။
တကယ့်လက်တွေ့ ဟိုတယ်တစ်ခုတွင် ကျင်းပသည့် ဝန်ဆောင်မှုပြိုင်ပွဲတစ်ခုတွင်မူ စက်ရုပ်အသင်းပေါင်း ၁၀ သင်းကျော်အား လုပ်ငန်းတာဝန်သုံးခု ဆောင်ရွက်ရန် အချိန်မိနစ် ၃၀ ပေးအပ်ခဲ့သည်။ ယင်းလုပ်ငန်းတာဝန်များမှာ ခရီးဆောင်အိတ် အရွယ်အစားအမျိုးမျိုးကို နေရာရွှေ့ပြောင်းခြင်း၊ ဧည့်ခန်းအထောက်အကူပြုပစ္စည်းများ ဖြည့်တင်းခြင်းနှင့် အိပ်ရာခင်းခြင်း စသည်တို့ဖြစ်သည်။
"အကဲဖြတ်သူတွေက စက်ရုပ်ရဲ့ လုပ်ငန်းပြီးမြောက်မှု၊ တိုက်မိမှုရှိမရှိ၊ ဘယ်လောက်အဆင်ပြေချောမွေ့စွာလုပ်ဆောင်နိုင်သလဲဆိုတာကို ကြည့်ရှုခဲ့ကြတယ်" ဟု ပြိုင်ပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးက ပြောသည်။
ပုံမှန်လုပ်ရိုးလုပ်စဉ် လှုပ်ရှားမှုများတွင်ပင် စက်ရုပ်၏ ကျွမ်းကျင်ပိုင်နိုင်မှုအပေါ် စိန်ခေါ်မှုများ ဖြစ်စေနိုင်သည်။ ဥပမာအားဖြင့် စားသောက်ဆိုင်ပြိုင်ပွဲတွင် စက်ရုပ်များက မိုက်ခရိုဝေ့ဖ်အချိန်တိုင်းကိရိယာကို ငါးမိနစ်သို့လှည့်ရန်လိုအပ်ပီး တစ်မိနစ်ကျော်လွန် အတိမ်းအစောင်းဖြစ်သွားပါက အမှတ်ဖြတ်ခံရမည်ဖြစ်သည်။ ထို့ပြင် ပြင်ဆင်ထားသောဖျော်ရည်ကို ပို့ဆောင်ရာတွင်လည်း ဖျော်ရည်များလျှံကျလာပါကလည်း အပြစ်ပေးခံရနိုင်ကြောင်း သိရသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260823/4286563513b64b388eb2d1d44670f1e2/c.html


……………………………………..
(English Version)
China Focus: Humanoid robot games put real-world skills to the test
BEIJING, Aug. 23 (Xinhua) -- Inside a makeshift restaurant, a humanoid robot gripped a snack with a pair of tongs, placed it in a microwave, turned the timer dial and then moved on to deal with another order -- all under the watchful eyes of judges.
The restaurant-service contest, held earlier this week ahead of Saturday's official opening of the second World Humanoid Robot Games, offered a glimpse of a central focus of this year's event: testing robots not only in athletic competitions, but also in workplace tasks.
Running through to Wednesday, the games have attracted 666 teams and 2,056 robots from 16 countries and regions across six continents, with team participation quadrupling from the inaugural edition last year. The event features 51 competition items, up from 26 last year, while the number of matches has surged from 487 to 1,301.
Among the biggest additions are 21 scenario-based contests, covering settings such as factories, hotels, homes and logistics facilities.
Tasks ranging from industrial assembly and housekeeping to emergency rescue and library book sorting are designed around jobs that can be repetitive, physically demanding, dirty, dangerous or difficult.
At a service contest staged in a realistic hotel setting, more than 10 robot teams were given 30 minutes to tackle three tasks: moving luggage of different sizes, replenishing guest-room supplies and making beds.
"Judges look at how many tasks the robot completes, whether there are collisions and how smoothly it performs," said an organizer of the contest.
Even routine actions can pose demanding tests of robotic dexterity. In the restaurant contest, for example, robots had to turn a microwave timer to five minutes, with deviations of more than one minute costing points. They could also be penalized if too much liquid was spilled while delivering a prepared drink.
https://english.news.cn/20260823/4286563513b64b388eb2d1d44670f1e2/c.html
Photo caption 1, 2: Humanoid robots perform during the opening ceremony of the 2nd World Humanoid Robot Games in Beijing, capital of China, Aug. 22, 2026. (Xinhua/Ju Huanzong)
Photo caption 3: Humanoid robots parade during the opening ceremony of the 2nd World Humanoid Robot Games in Beijing, capital of China, Aug. 22, 2026. (Xinhua/Ju Huanzong)








