
ကုလသမဂ္ဂ၊ ဩဂုတ် ၂၆ ရက် (ဆင်ဟွာ)
စစ်ပွဲများ အဆုံးသတ်ရေးနှင့် စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက် လုံခြုံသောပတ်ဝန်းကျင်တစ်ခု ဖန်တီးရေးအတွက် ပိုမိုကြိုးပမ်းလုပ်ဆောင်သင့်သည်ဟု တရုတ်နိုင်ငံ သံတမန်တစ်ဦးက ဩဂုတ် ၂၅ ရက်၌ တိုက်တွန်းခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသအလိုက် စားနပ်ရိက္ခာ အကျပ်အတည်းများ လျှော့ချရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အခန်းကဏ္ဍနှင့် စပ်လျဉ်းသည့် တံခါးဖွင့်ဆွေးနွေးပွဲ၌ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
"ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာနေကြရပြီး စိုက်ပျိုးမြေတွေ ပျက်စီးကာ စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေတာမို့လို့ အဲဒီပဋိပက္ခတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်ပေါ်စေတဲ့ အဓိကတွန်းအားဖြစ်တယ်" ဟု ဖုက ပြောသည်။
"လုံခြုံရေးကောင်စီဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရာမှာ အဓိကတာဝန်ရှိပါတယ်။ ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ တိုက်တွန်းအားပေးတာကို ဦးစားပေးအနေနဲ့လုပ်ဆောင်တာ၊ ကြားဝင်စေ့စပ်ရေးနဲ့ အကူအညီပေးရေး လုပ်ငန်းတွေမှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်တာ၊ တွေ့ဆုံဆွေးနွေးမှုကနေ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းဖို့ သက်ဆိုင်သူတွေကို တွန်းအားပေးတာ၊ စိုက်ပျိုးရေးထွက်ကုန် ထုတ်လုပ်မှု ပြန်လည်ထူထောင်နိုင်အောင် အခြေခံကျတဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ ရေရှည်တည်တံ့တဲ့ အပစ်အခတ်ရပ်စဲရေးကို ဆောလျင်စွာ ဖော်ဆောင်တာတွေ လုပ်ဆောင်သင့်ပါတယ်" ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေမှာ လေးစားလိုက်နာရမည့် အခြေခံသတ်မှတ်ချက်တစ်ခု ဖြစ်သည်ဟု ဖုက ပြောကြားခဲ့ပြီး ငတ်မွတ်ခေါင်းပါးမှုကို စစ်ပွဲ၏ လက်နက်အဖြစ် ဘယ်သောအခါမှ အသုံးမပြုရန်လည်း အလေးပေးပြောကြားခဲ့သည်။
ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် အသက်ကာကွယ်ခြင်းကို အမြဲတမ်း ဦးစားပေးဆောင်ရွက်သင့်သည့်နည်းတူ စိုက်ပျိုးရေးဆိုင်ရာ အခြေခံအဆောက်အအုံများကို အကာအကွယ်ပေးကာ စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်မှုမရှိစေဘဲ စားနပ်ရိက္ခာအကူအညီ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ချောမွေ့စွာ ပို့ဆောင်နိုင်ရေးကိုလည်း သေချာစွာလုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောသည်။
စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှု နောက်ခံအခြေအနေတွင် စားနပ်ရိက္ခာထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးတို့သည် နိုင်ငံတကာအခြေအနေ အထူးသဖြင့် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးစနစ်တို့နှင့် နီးကပ်စွာ ဆက်နွှယ်လျက်ရှိသည်။ ပြင်းထန်လာသော ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုနှင့် ဒေသတွင်း ပဋိပက္ခများကို ရင်ဆိုင်နေရချိန်တွင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကုန်းလမ်းနှင့် ရေလမ်း ကုန်သွယ်ရေးလမ်းကြောင်းများ ဘေးကင်းလုံခြုံစွာဖြင့် အတားအဆီးမရှိ လည်ပတ်နိုင်ရေး၊ စားနပ်ရိက္ခာနှင့် ဓာတ်မြေသြဇာကဲ့သို့သော အခြေခံကုန်စည်များ ပုံမှန်စီးဆင်းမှု သေချာစေရေးအတွက် လုပ်ဆောင်သင့်သည်ဟုလည်း ဖုက ပြောသည်။
တရုတ်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြားအတွက် အချိန်သတ်မှတ်ချက်ပါသည့် ယန္တရားတစ်ရပ် ထူထောင်မည့် ကုလသမဂ္ဂ၏ အစီအမံကို ကြိုဆိုကာ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ ပိုမိုအားကောင်းလာရေးကိုလည်း ထောက်ခံသည်ဟု ၎င်းက ပြောသည်။
တစ်ချိန်တည်းတွင် သက်ဆိုင်သူအားလုံးအနေဖြင့် ပွင့်လင်းမြင်သာသော တံခါးဖွင့် စျေးကွက်မူဝါဒများကို ဆက်လက်ကျင့်သုံးရန်၊ စားနပ်ရိက္ခာ ထောက်ပံ့ရေးဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်နှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာအရင်းအမြစ်များအား သင့်လျော်စွာ ခွဲဝေသုံးစွဲမှုကို မြှင့်တင်သင့်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260826/57000e024a314fbc9fab3975919bf5f9/c.html
......................................................................
(English Version)
Chinese envoy calls for cessation of hostilities to ensure food production
UNITED NATIONS, Aug. 25 (Xinhua) -- A Chinese envoy on Tuesday called for greater efforts to end hostilities and create a secure environment for food production.
Fu Cong, China's permanent representative to the United Nations, made the remarks at a Security Council open debate on the council's role in mitigating global and local food crises.
"Raging conflicts displace people, destroy farmland and disrupt food production, and are an important driver of humanitarian crises and hunger," said Fu.
"The Security Council bears the primary responsibility for maintaining international peace and security. It should make promoting political solutions to conflicts a priority, actively engage in mediation and good offices, encourage the parties to resolve their differences through dialogue, and work for an early and lasting ceasefire to create the basic conditions for restoring agricultural production," he said.
International humanitarian law is a fundamental baseline that must be respected, Fu said, stressing that hunger must never be used as a weapon of war.
Parties to conflict should always put the protection of life first, protect agricultural infrastructure, avoid disrupting agricultural activities, and ensure the unimpeded delivery of humanitarian assistance, including food aid, he said.
In the context of economic globalization, food production and supply are closely linked to the international situation, particularly the global logistics and transportation system. In the face of intensifying geopolitical rivalry and regional conflicts, the international community should ensure the safe and unobstructed operation of land and sea trade routes and the normal flow of essential goods such as food and fertilizer, Fu said.
China welcomes the UN initiative to establish a time-bound mechanism for the Strait of Hormuz and supports a greater role for the United Nations, he said.
At the same time, all parties should further uphold open and transparent market policies, deepen international cooperation on food supply, and promote the rational allocation of food resources globally, he said.
https://english.news.cn/20260826/57000e024a314fbc9fab3975919bf5f9/c.html
Photo Caption: China's permanent representative to the United Nations Fu Cong (front C) speaks at a rare emergency weekend meeting on the Palestinian-Israeli issue held by the UN Security Council at the UN headquarters in New York, on Aug. 10, 2025. (Xinhua/Xie E)








