တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန်မြို့နယ်တွင် ဘေးအန္တရာယ် ကယ်ဆယ်ရေးနေရာသို့ သွားရောက်ရန် မီးသတ်ကယ်ဆယ်ရေးဝန်ထမ်းများက ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက စုစည်းနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန်မြို့နယ်တွင် ဘေးအန္တရာယ် ကယ်ဆယ်ရေးနေရာသို့ သွားရောက်ရန် မီးသတ်ကယ်ဆယ်ရေးဝန်ထမ်းများက ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက် နံနက်ပိုင်းက စုစည်းနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၇ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံဘက်အခြမ်းတွင်  ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခြင်းကြောင့် ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် တရုတ်နိုင်ငံ ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင် ကျီလုန်အဝင်အထွက်ဂိတ်၌ လူသေဆုံးဒဏ်ရာရမှုနှင့် ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့သည်။

ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေး ကော်မတီသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့် ၁ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုကို စတင်ခဲ့ပြီး ကယ်ဆယ်ရေးအင်အားအသီးသီးအား လျင်မြန်စွာစုစည်းကာ ဘေးအန္တရာယ်ကယ်ဆယ်ရေး အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

多方救援力量开赴救灾现场

新华社照片,北京,2026年8月27日

8月26日10时30分许,因尼泊尔一侧发生泥石流灾害,造成西藏日喀则市吉隆县吉隆口岸重大人员伤亡、失联。灾害发生后,西藏自治区防灾减灾救灾委员会启动自治区自然灾害一级救助应急响应,各救援力量迅速集结奔赴救灾现场。

图说1、2:8月27日清晨,在日喀则市吉隆县吉隆镇,消防救援人员集结,准备开赴救灾现场。 新华社记者 晋美多吉 摄

图说3:8月27日清晨,在日喀则市吉隆县吉隆镇,消防救援人员开赴救灾现场。新华社记者 旦增尼玛曲珠 摄