တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ဆိပ်ကမ်းများအုပ်စု ချင်းသောင်ဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်မှု ကွန်တိန်နာများ တင်ဆောင်ထားသော ကုန်တင်သင်္ဘောတစ်စီး ရပ်နားထားသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်ဆိပ်ကမ်းများအုပ်စု ချင်းသောင်ဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်မှု ကွန်တိန်နာများ တင်ဆောင်ထားသော ကုန်တင်သင်္ဘောတစ်စီး ရပ်နားထားသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ကာဂျစ္စတန်နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အဖြစ် ကာလရှည်ကြာစွာ ထိန်းသိမ်းထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွမ်လျင်က ဩဂုတ် ၂၇ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မိတ်ဆက်ပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ တရုတ်-ကာဂျစ္စတန် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၁.၇ ဘီလီယံရှိပြီး တရုတ်နိုင်ငံ၏ “ထုတ်ကုန်အသစ်သုံးမျိုး” နှင့် လျှပ်စစ်စက်ပိုင်းဆိုင်ရာထုတ်ကုန်များ တင်ပို့မှုသည် လျင်မြန်စွာ တိုးတက်လျက်ရှိပြီး ဝန်ဆောင်မှုကဏ္ဍကုန်သွယ်မှု၊ နယ်စပ်ဖြတ်ကျော် e-commerce စသည့် ပူးပေါင်းဆောင်ရွက်မှုများလည်း ဆက်လက်တိုးတက်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။  

“မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံခေါင်းဆောင်တို့၏ မဟာဗျူဟာမြောက် ဦးဆောင်မှုအောက်တွင် တရုတ်-ကာဂျစ္စတန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုသည် တည်ငြိမ်ပြီး တိုးတက်မှုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပြီး ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုမှာလည်း အပြုသဘောဆောင်တဲ့ ရလဒ်များ ရရှိခဲ့ပါတယ်" ဟု ဟွမ်လျင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကာဂျစ္စတန်နိုင်ငံ၏ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အရင်းအမြစ်နိုင်ငံဖြစ်ကြောင်း၊ ယခုနှစ် ဇူလိုင်လကုန်အထိ  ကာဂျစ္စတန်နိုင်ငံအတွင်း ကဏ္ဍအားလုံးအတွက် တရုတ်နိုင်ငံ၏ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရှိကြောင်း၊  အကြီးစား အခြေခံအဆောက်အအုံများ၊ စွမ်းအင်၊ သတ္တုတွင်း၊ စိုက်ပျိုးရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးစသည့် ကဏ္ဍများတွင် စီမံကိန်းများ ချောမွေ့စွာ ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်နှင့် ကာဂျစ္စတန်တို့က တရုတ်-ဗဟိုအာရှ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်သောအသွင်ပြောင်းမှု၊ အဆင်ပြေလွယ်ကူသောအသွင်ပြောင်းမှုတို့ကို တက်ကြွစွာ ဆွေးနွေးအကြံပြုကာ ဒေသဆိုင်ရာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နောက်တစ်ဆင့်အနေနဲ့ တရုတ်နိုင်ငံက ကာဂျစ္စတန်နိုင်ငံနဲ့အတူ နှစ်နိုင်ငံခေါင်းဆောင် ရရှိထားတဲ့ အရေးကြီး သဘောတူညီမှုတွေကို အတူတကွ အကောင်အထည်ဖော်ကာ တရုတ်-ကာဂျစ္စတန် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်စေဖို့ ဆက်လက်တွန်းအားပေးသွားလိုပါတယ်” ဟု ဟွမ်လျင်က ပြောကြားခဲ့သည်။ (Xinhua)

.................................

(Chinese Version)

中国长期保持吉尔吉斯斯坦第一大贸易伙伴地位

新华社北京8月27日电(记者王聿昊、谢希瑶)商务部新闻发言人黄玲在27日举行的例行新闻发布会上介绍,中国长期保持吉尔吉斯斯坦第一大贸易伙伴地位。今年1至7月,中吉贸易额为117亿美元,中国“新三样”、机电产品对吉出口快速增长,服务贸易、跨境电商等合作持续推进。  

“近年来,在两国元首的战略引领下,中吉经贸合作保持稳中有进发展态势,各领域合作取得积极成果。”黄玲表示,中国是吉第一大外资来源国。截至今年7月底,中国对吉全行业直接投资超过20亿美元。大型基建、能源、矿产、农业、绿色发展等领域项目进展顺利。同时,中吉积极探讨并推动中国—中亚、上海合作组织贸易投资自由化便利化,促进区域经济合作。  

“下一步,中方愿同吉方一道,共同落实好两国元首达成的重要共识,持续推动中吉经贸合作高质量发展。”黄玲说。(完)

图说:6月9日,在山东港口青岛港,一艘装载外贸集装箱的货轮停靠泊位(无人机照片)。新华社发(俞方平 摄)