
ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)
ယခုနှစ်များအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှုနှင့် ချစ်ခင်ရင်းနှီးမှု နက်ရှိုင်းစေရေးအတွက် ယဉ်ကျေးမှုဖလှယ်မှုများ အားကောင်းလာစေရန် အကြိမ်ကြိမ် တိုက်တွန်းပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် မဟာအီဂျစ်ပြတိုက်အား ရှေးဟောင်းအမွေအနှစ်ပစ္စည်းများကို ကမ္ဘာ့ အကြီးဆုံး ခင်းကျင်းပြသမှုများအနက် တစ်ခုအဖြစ် ဖွင့်လှစ်ပြသခဲ့ရာ အီဂျစ်၏ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရေးနှင့် ပြသရေးကြိုးပမ်းမှုတွင် အဓိကမှတ်တိုင်တစ်ခု ဖြစ်လာခဲ့သည်။
ရှီကျင့်ဖိန်က အဆိုပါပြတိုက် ဖွင့်ပွဲအခမ်းအနားအတွက် အထူးကိုယ်စားလှယ်တစ်ဦးကိုလည်း စေလွှတ်ခဲ့သည်။ ထို့အပြင် ရှီက ယင်းပြတိုက်မှာ အီဂျစ်နိုင်ငံ ယဉ်ကျေးမှုသမိုင်းတွင် အရေးပါသော အမှတ်အသားတစ်ခု ဖြစ်ကာ ရှေးခေတ် အီဂျစ်ယဉ်ကျေးမှု၏ အမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားသည့် ဂုဏ်ပြုသဝဏ်လွှာကိုလည်း အီဂျစ်သမ္မတ Abdel-Fattah al-Sisi ထံ ပေးပို့ခဲ့သည်။
"သမ္မတ ရှီကျင့်ဖိန်ရဲ့ ဂုဏ်ပြုသဝဏ်လွှာက စစ်မှန်သော ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြခြင်းဖြစ်သလို အီဂျစ်နဲ့ တရုတ် ရှေးဟောင်းယဉ်ကျေးမှုကြီးနှစ်ခုအကြား နီးကပ်တဲ့ဆက်ဆံရေးကိုလည်း ထင်ဟပ်စေပါတယ်" ဟု ထင်ရှားသော အီဂျစ် တရုတ်ပညာရှင် Muhsin Farjani က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260828/af8a8a8e03d449e9be44d2c80ae4d8b8/c.html

……………………………………..
(English Version)
How Xi bolsters cultural exchanges between China, Egypt
BEIJING, Aug. 28 (Xinhua) -- Over the years, Chinese President Xi Jinping has repeatedly called for stronger cultural exchanges between China and Egypt to deepen mutual understanding and friendship between the two peoples.
On Nov. 1, 2025, the Grand Egyptian Museum opened its doors as one of the world's largest displays of ancient relics, marking a major milestone in Egypt's efforts to preserve and showcase its ancient heritage.
Xi sent a special envoy for the opening ceremony. He also extended a congratulatory message to Egyptian President Abdel-Fattah al-Sisi, in which he expressed the belief that the museum would leave a significant mark on Egypt's cultural history and play an important role in safeguarding the heritage of ancient Egyptian civilization.
"President Xi's congratulatory message conveyed sincere friendship and reflected the close ties between the two great ancient civilizations of Egypt and China," said Muhsin Farjani, a renowned Egyptian scholar of Chinese studies.
https://english.news.cn/20260828/af8a8a8e03d449e9be44d2c80ae4d8b8/c.html
Photo caption 1: A woman visits the exhibition "On Top of the Pyramid: The Civilization of Ancient Egypt" at the Shanghai Museum in Shanghai, China, Aug. 11, 2025. (Xinhua/Liu Ying)
Photo caption 2: Archeologists of the joint Egyptian-Chinese archeological mission work at Montu Temple in Luxor, Egypt, on Dec. 14, 2019. (Xinhua)








