တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး၌ သီးခြားတွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov ကာဇက်စတန်နိုင်ငံ အက်စ်တာနာမြို့တွင် ကျင်းပသည့် ဒုတိယအကြိမ် တရုတ်-ဗဟိုအာရှ ထိပ်သီးအစည်းအဝေး၌ သီးခြားတွေ့ဆုံဆွေးနွေးနေသည်ကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်-ကာဂျစ္စတန် ဆက်ဆံရေးသည် အိမ်နီးချင်းကောင်း ချစ်ကြည်ရေးမှ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ လည်းကောင်း၊ ယင်းနောက် ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့လည်းကောင်း သမိုင်းဝင် ခုန်ပျံကျော်လွှားမှု ဖော်ဆောင်နိုင်ခဲ့သည်အပေါ် ဩဂုတ် ၂၈ ရက်က ချီးကျူးပြောကြားခဲ့သည်။

ရှီက ဗဟိုအာရှနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်မသွားရောက်မီ ကာဂျစ္စတန် မီဒီယာများတွင် ပုံနှိပ်ဖော်ပြခဲ့သည့် ၎င်းအမည်ဖြင့် ရေးသားဖော်ပြထားသည့်ဆောင်းပါးတစ်ပုဒ်၌ အထက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆောင်းပါးတွင် တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံတို့အား အိမ်နီးချင်းကောင်း ချစ်ကြည်ရေးကို စုစည်းခိုင်မာစေရန်၊ အပြန်အလှန်အကျိုးပြုမှုနှင့် အပြန်အလှန်အကျိုးကျေးဇူးရှိသော ပူးပေါင်းဆောင်ရွက်မှုကို ကတိပြုထားရှိရန်၊ ကိုယ်စီ၏ အစဉ်အလာချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းရန်နှင့် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုဝါဒကို လိုက်နာစောင့်ထိန်းရန် ရှီကျင့်ဖိန်က တိုက်တွန်းခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံအနေဖြင့် "ရပ်ဝန်းနှင့် ပိုးလမ်းမ" အရည်အသွေးမြင့် အတူတည်ဆောက်ရေးကို အဓိကအလေးထားလျက် လက်တွေ့ကျပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးနှင့် ပမာဏ နှစ်ခုလုံး၌  မြှင့်တင်ရန် ရှီက ပြောကြားခဲ့သလို နှစ်နိုင်ငံဆက်ဆံရေး၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် စာမျက်နှာသစ်ကို အတူတကွ ဖန်တီးရေးဆွဲရေးအတွက်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။ ထို့နောက် ရှီက တရုတ်နိုင်ငံနှင့် ကာဂျစ္စတန်နိုင်ငံတို့အနေဖြင့် ဗိုလ်ကျစိုးမိုးရေးဝါဒ၊ တစ်ဖက်သတ်ဝါဒနှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု စသည်တို့ကို ပြတ်ပြတ်သားသား ဆန့်ကျင်ရန်လည်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………

(English Version)

Xi hails historic leap in China-Kyrgyzstan ties

BEIJING, Aug. 28 (Xinhua) -- Chinese President Xi Jinping on Friday hailed the historic leap in China-Kyrgyzstan ties from a good-neighborly friendship to a strategic partnership and then to a comprehensive strategic partnership for a new era.

Xi made the remarks in a signed article published in Kyrgyz media outlets ahead of his state visit to the Central Asian country.

In the article, Xi urged China and Kyrgyzstan to consolidate good-neighborly friendship, stay committed to mutual benefit and win-win cooperation, carry forward their traditional friendship and uphold multilateralism.

Calling on China and Kyrgyzstan to elevate practical cooperation in both quality and scope with high-quality Belt and Road cooperation as the main focus, he urged the two countries to work together to create a new chapter of high-quality development in bilateral relations.

Xi also called on China and Kyrgyzstan to firmly oppose hegemonism, unilateralism and bloc confrontation.

Photo caption: Chinese President Xi Jinping meets with Kyrgyz President Sadyr Japarov on the sidelines of the second China-Central Asia Summit in Astana, Kazakhstan, June 17, 2025. (Xinhua)