တရုတ်နိုင်ငံ ထျန်းကျင်းနိုင်ငံတကာ အပျော်စီးသင်္ဘောဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော VISIO အပျော်စီးသင်္ဘောကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထျန်းကျင်းနိုင်ငံတကာ အပျော်စီးသင်္ဘောဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော VISIO အပျော်စီးသင်္ဘောကို ၂၀၂၆ ခုနှစ် ဩဂုတ် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထျန်းကျင်း၊ ဩဂုတ် ၂၉ ရက် (ဆင်ဟွာ)

ခရီးသွားဧည့်သည် ၂,၇၀၀ နီးပါးသည် ဩဂုတ် ၂၉ ရက်တွင် VISIO အပျော်စီးသင်္ဘောနှင့် စီးနင်းလိုက်ပါပြီး တရုတ်နိုင်ငံ ထျန်းကျင်းနိုင်ငံတကာ အပျော်စီးသင်္ဘောဆိပ်ကမ်းမှ ထွက်ခွာကာ ဦးတည်ရာဆိပ်ကမ်းမရှိသော ပင်လယ်ခရီးစဉ်ကို စတင်ခဲ့သည်။  

ဤခရီးစဉ်သည် ယခုနှစ်အတွင်း ထျန်းကျင်းနိုင်ငံတကာ အပျော်စီးသင်္ဘောဆိပ်ကမ်း၏ တစ်ရက်တည်း ခရီးသည် တင်ဆောင်မှု အမြင့်ဆုံးစံချိန်ကို မှတ်တမ်းတင်နိုင်ခဲ့သည်။  

ဦးတည်ရာဆိပ်ကမ်းမရှိသော အဆိုပါ ပင်လယ်ပျော်ခရီးစဉ်သည် ထျန်းကျင်း၏ အပျော်စီးသင်္ဘော ဆန်းသစ်တီထွင်မှု စမ်းသပ်စီမံကိန်းတစ်ခုဖြစ်ပြီး ပထမအသုတ်အနေဖြင့် စမ်းသပ်ခရီးစဉ် နှစ်ကြိမ် စီစဉ်ထားသည်။

ခရီးစဉ်သည် “ထျန်းကျင်းမှ စတင်ထွက်ခွာ၍ စတင်ထွက်ခွာရာဆိပ်ကမ်းသို့ ပြန်လည်ဆိုက်ကပ်” သည့်ပုံစံကို ကျင့်သုံးကာ ခရီးသွားဧည့်သည်များသည် ပြည်ထွက်ခွင့်ဗီဇာ လျှောက်ထားရန် မလိုအပ်ဘဲ ခရီးစဉ်တစ်ခုလုံးမှာ နှစ်ညအိပ် သုံးရက်ခရီးကြာမြင့်မည်ဖြစ်သည်။

အပျော်စီးသင်္ဘောသည် ထွက်ခွာပြီးနောက် သတ်မှတ်ထားသော ပင်လယ်ပြင်ဧရိယာအတွင်း လှည့်လည်သွားလာကာ ခရီးစဉ်တစ်လျှောက်လုံး နိုင်ငံခြားဆိပ်ကမ်းများတွင် မဆိုက်ကပ်ဘဲ ပေါ့ပေါ့ပါးပါး အဆင်ပြေလွယ်ကူသော ပင်လယ်ပြင် ခရီးတိုအပန်းဖြေမှုပုံစံသစ်ကို ဖန်တီးကာ တရုတ်နိုင်ငံ မြောက်ပိုင်း၏ ပင်လယ်ပြင် အပန်းဖြေခရီးသွား ယဉ်ကျေးမှုဈေးကွက်အတွက် အင်အားသစ်များ ဖြည့်တင်းပေးလျက်ရှိသည်။ (Xinhua)

.................................

(Chinese Version)

天津开启邮轮无目的地海上游

新华社照片,天津,2026年8月29日

8月29日,近2700名游客搭乘“理想号”邮轮,从天津国际邮轮母港出发,开启无目的地海上游旅程。该航次创下今年天津国际邮轮母港单日旅客运载量新高。

据了解,本次无目的地海上游为天津邮轮创新试点项目,首批设置两个试点航次,采用“天津始发、原港返航”模式,旅客无需办理出境签证,全程3天2晚。邮轮驶出后在指定海域巡游,全程不靠泊境外港口,打造轻量化、便捷化的海上短途度假新场景,为我国北方海上休闲文旅市场注入新活力。

图说1:8月29日,“理想号”邮轮靠泊天津国际邮轮母港。 新华社记者 孙凡越 摄

图说2:8月29日,在天津国际邮轮母港,旅客登上“理想号”邮轮。新华社记者 孙凡越 摄