တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၂၀၂၆ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးနှင့် ကာဂျစ္စတန်သမ္မတ ဆာဒီယာ ဂျာပါရော့ဗ်၏ ဖိတ်ကြားချက်အရ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ဘစ်ရှ်ကက်သို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဩဂုတ် ၃၀ ရက်တွင် မန်နက်စ် အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ကော်ဇောနီခင်းထားသည့် ကတ္တရာကွင်းပြင်ပေါ်တွင် နိုင်ငံတော်အလံများ လေထဲတွင် တလူလူလွင့်လျက်ရှိသည်။ ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီယာ ဂျာပါရော့ဗ်နှင့် ဇနီးဖြစ်သူတို့သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီးဖြစ်သူ ဖုန်လိယွမ်တို့ကို ကြိုဆိုရန် စောစောစီးစီးရောက်ရှိလာခဲ့ကြသည်။

ရှီနှင့် ဖုန်တို့ လေယာဉ်လှေကားထစ်အတိုင်း ဆင်းလာပြီးနောက် နိုင်ငံအကြီးအကဲ နှစ်ဦးသည် အချင်းချင်း အားမာန်အပြည့်ဖြင့် အပြန်အလှန် လက်ဆွဲနှုတ်ဆက်ခဲ့ကြသည်။

"အဆွေတော်က မိသားစုဝင်ပါပဲ" ဟု ဂျာပါရော့ဗ်က ရှီကျင့်ဖိန်အား ပြောကြားခဲ့သည်။  "ကာဂျစ္စတန်နိုင်ငံကို အဆွေတော်လာတာဟာ အိမ်ပြန်လာတာပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။

ရှီကျင့်ဖိန်သည် ၂၀၂၆ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးနှင့် ကာဂျစ္စတန်နိုင်ငံသို့ တရားဝင် နိုင်ငံတော်ခရီးစဉ်အတွက် ဩဂုတ် ၃၀ ရက်က ဘစ်ရှ်ကက်မြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကြိုဆိုရေးအခမ်းအနားအစီအစဉ်မှာ ရိုးရာဓလေ့ထုံးတမ်းများနှင့် ထုံလွှမ်းလျက်ရှိသည်။ ငယ်ရွယ်သော ကာဂျစ္စတန် အမျိုးသမီးငယ်လေးများက ရှီနှင့် ဖုန်တို့အား ရိုးရာမုန့်များနှင့် ပျားရည်များ ဂါရဝလက်ဆောင်ပေးအပ်ခဲ့သလို ဂုဏ်သရေရှိ ဧည့်သည်တော်များကလည်း ကာဂျစ်ဓလေ့ထုံးတမ်းများအတိုင်း နှုတ်ခွန်းဆက်ခဲ့ကြသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260831/3f72e909b49d4609af386e4bc089d630/c.html

……………………………………..

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ၂၀၂၆ ခုနှစ် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေးနှင့် ကာဂျစ္စတန်သမ္မတ ဆာဒီယာ ဂျာပါရော့ဗ်၏ ဖိတ်ကြားချက်အရ ကာဂျစ္စတန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ဘစ်ရှ်ကက်သို့ ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်လိယွမ်၊ ကာဂျစ္စတန်နိုင်ငံ သမ္မတ Sadyr Japarov နှင့် ဇနီး Aigul Japarova တို့ ကာဂျစ္စတန်နိုင်ငံ ဘစ်ရှ်ကက်မြို့တွင် ဒေသခံဆယ်ကျော်သက်လူငယ်များ၏ တရုတ်တေးသီချင်းများဖြင့် သီဆိုမှုကို အတူတကွ ကြည့်ရှုအားပေးနေကြစဉ် (ဆင်ဟွာ)

(English Version)

Feature: "You are family" -- a warm welcome for Chinese President Xi Jinping in Kyrgyzstan

BISHKEK, Aug. 30 (Xinhua) -- A long red carpet stretched across the tarmac at the Manas International Airport on Sunday, with flags fluttering in the breeze. Kyrgyz President Sadyr Japarov and his wife had arrived early, waiting to welcome Chinese President Xi Jinping and his wife, Peng Liyuan.

As Xi and Peng stepped down the aircraft stairs, the two heads of state greeted each other with a firm handshake.

"You are family," Japarov told Xi. "When you come to Kyrgyzstan, you are coming home."

Xi landed in Bishkek on Sunday for the Shanghai Cooperation Organization Summit 2026 and a state visit to Kyrgyzstan.

The welcome was steeped in local tradition. Young Kyrgyz women presented Xi and Peng with traditional pastries and honey, greeting the distinguished guests with a time-honored Kyrgyz custom.

https://english.news.cn/20260831/3f72e909b49d4609af386e4bc089d630/c.html

Photo caption 1, 2: Chinese President Xi Jinping arrives in Bishkek for the Shanghai Cooperation Organization (SCO) Summit 2026 and a state visit to Kyrgyzstan upon the invitation of President Sadyr Japarov of Kyrgyzstan, Aug. 30, 2026. (Xinhua/Xie Huanchi)

Photo caption 3: Chinese President Xi Jinping and his wife Peng Liyuan, together with Kyrgyz President Sadyr Japarov and his wife Aigul Japarova, jointly appreciate Chinese songs singing by local teenagers in Bishkek, Kyrgyzstan, Aug. 30, 2026. (Xinhua/Yan Yan)