မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (၉) ကြိမ်မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ် တိုးချဲ့အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေသည် ကင်ဂျုံအန်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/KCNA)
မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (၉) ကြိမ်မြောက် ဗဟိုကော်မတီ ဒုတိယအကြိမ် တိုးချဲ့အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်နေသည် ကင်ဂျုံအန်းကို ၂၀၂၆ ခုနှစ် ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Xinhua/KCNA)

ပြုံယမ်း၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ကိုရီးယားအလုပ်သမားပါတီ (WPK) အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းသည် နိုင်ငံတော် ကာကွယ်ရေးစွမ်းအား တိုးမြှင့်ရာတွင် ထူးချွန်စွာ စွမ်းဆောင်ခဲ့ကြသည့် အဓိက ကာကွယ်ရေး သိပ္ပံသုတေသနအဖွဲ့အစည်းများမှ သိပ္ပံပညာရှင်များ၊ သုတေသီများနှင့် အမာခံဝန်ထမ်းများကို WPK ပါတီဗဟိုကော်မတီ ရုံးချုပ်၌ ဩဂုတ် ၂၉ ရက်က တွေ့ဆုံ၍ ဂုဏ်ပြုချီးမြှောက်ခဲ့ကြောင်း KCNA သတင်းဌာန၏ ဩဂုတ် ၃၀ ရက် သတင်းဖော်ပြချက်အရ သိရသည်။

မြောက်ကိုရီးယား ကာကွယ်ရေး သိပ္ပံသုတေသနအကယ်ဒမီသည် အလုပ်သမားပါတီ ၉ ကြိမ်မြောက် ညီလာခံက ချမှတ်ခဲ့သော လက်နက်ကိုင်တပ်ဖွဲ့များ ခေတ်မီအသွင်ပြောင်းရေး လမ်းစဉ်အတိုင်း တိုက်ပွဲဝင်ဆင်နွှဲနိုင်စွမ်းနှင့် ဟန့်တားရေးစွမ်းအားကို တိုးမြှင့်ပေးနိုင်သည့် မူပိုင်ခွင့်နည်းပညာအသစ် အမြောက်အမြားကို ဆန်းသစ်တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။ ကင်ဂျုံအန်းသည် နိုင်ငံတော် ကာကွယ်ရေးစွမ်းအား ခိုင်မာစေရေးအတွက် ထူးချွန်စွာ စွမ်းဆောင်ခဲ့ကြသည့် သိပ္ပံပညာရှင်များ၊ သုတေသီများနှင့် အမာခံဝန်ထမ်းများအား မြောက်ကိုရီးယား သူရဲကောင်း ဘွဲ့တံဆိပ်၊ ရွှေတံဆိပ်၊ ပထမအဆင့် နိုင်ငံတော်အလံ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ကင်အီဆွန်း ဂုဏ်ထူးဆောင် တံဆိပ်တို့ကို ကိုယ်တိုင် အပ်နှင်းခဲ့သည်။

ကင်ဂျုံအန်းက မြောက်ကိုရီးယား ကာကွယ်ရေး သိပ္ပံသုတေသနအကယ်ဒမီမှ တီထွင်အသုံးပြုခဲ့သည့် ဆန်းသစ်သော စစ်ဘက်ဆိုင်ရာ နည်းပညာ မူပိုင်ခွင့် ရလဒ်များကို အထူး ချီးကျူးပြောကြားခဲ့ပြီး အဆိုပါ ရလဒ်များသည် မြောက်ကိုရီးယား တပ်မတော်၏ လက်နက် စစ်ဆင်ရေးစနစ် ခေတ်မီအသွင်ပြောင်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးသည့် တော်လှန်ပြောင်းလဲမှုတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သလို ကာကွယ်ရေး သိပ္ပံသုတေသနအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုနှင့် စွမ်းဆောင်မှုများအတွက် လှိုက်လှိုက်လှဲလှဲ လေးစားဂုဏ်ပြုကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

-----------------------------------------

(Chinese Version)

金正恩表彰为强化国防力量作出突出贡献的人员

新华社平壤8月30日电(记者王天僚)据朝中社30日报道,朝鲜劳动党总书记、国务委员长金正恩29日在劳动党中央委员会本部会见主要国防科研机构科学家、研究员和干部,表彰他们为强化国防力量作出突出贡献。

  报道说,朝鲜国防科研部门遵循劳动党九大提出的武装力量现代化方针,创新开发出多项堪称推动战争执行能力和强化遏制力的专利技术。金正恩亲自向为加强国防力量作出突出贡献的科学家、研究员和干部授予朝鲜英雄称号和金质奖章,以及一级国旗勋章、金日成勋章。

  金正恩高度评价朝鲜国防科研部门开发应用的创新性专利军事科技成果,表示这些成果是推动朝军武器战斗系统现代化进程的一次革命,他向国防科研团队的努力和贡献表示真诚的敬意。

1. 这张朝中社6月23日提供的照片显示,金正恩主持朝鲜劳动党第九届中央委员会第二次扩大全会。新华社/朝中社