တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ဖုန်လိယွမ်တို့နှင့်အတူ ကာဂျစ္စတန်နိုင်ငံသမ္မတ ဆာဒီယာ ဂျာပါရော့ဗ်နှင့် ၎င်း၏ဇနီး အိုင်ဂူလ်ဂျာပါရော့ဗ်တို့ ဒေသခံ ဆယ်ကျော်သက်များက တရုတ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို အတူတကွ ကြည့်ရှုအားပေးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ဖုန်လိယွမ်တို့နှင့်အတူ ကာဂျစ္စတန်နိုင်ငံသမ္မတ ဆာဒီယာ ဂျာပါရော့ဗ်နှင့် ၎င်း၏ဇနီး အိုင်ဂူလ်ဂျာပါရော့ဗ်တို့ ဒေသခံ ဆယ်ကျော်သက်များက တရုတ်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုကို အတူတကွ ကြည့်ရှုအားပေးနေသည်ကို ၂၀၂၆ ခုနှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘစ်ရှ်ကက်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံအနေဖြင့် ကာဂျစ္စတန်နိုင်ငံနှင့်အတူ မြင်သာထင်ရှားကာ လက်လှမ်းမီနိုင်သော လက်တွေ့ကျသည့်ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းများ ပိုမိုဖော်ဆောင်သွားရန် အသင့်ရှိကြောင်း ဩဂုတ် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

ကာဂျစ္စတန်နိုင်ငံ သမ္မတ ဆာဒီယာဂျာပါရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးစဉ်အတွင်း သမ္မတ ရှီက နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာများ ပိုမိုဟန်ချက်ညီအောင် ချိန်ညှိဆောင်ရွက်သွားရန်၊ နိုင်ငံရေးရာစီမံခန့်ခွဲမှု အတွေ့အကြုံများ အပြန်အလှန်ဖလှယ်မှု ပိုမိုနက်ရှိုင်းစေရန်နှင့် အနာဂတ်အတူတကွဖော်ဆောင်မည့်  တရုတ်-ကာဂျစ္စတန်အသိုက်အဝန်းတည်ဆောက်ရေးတွင် သိသာထင်ရှားသည့်တိုးတက်မှုများရရှိစေရန် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

.....................

(English Version)

Xi says China ready to deliver more tangible cooperation outcomes with Kyrgyzstan

BISHKEK, Aug. 31 (Xinhua) -- Chinese President Xi Jinping said here on Monday that China stands ready to work with Kyrgyzstan to deliver more practical cooperation outcomes that are tangible and accessible.

China will work with Kyrgyzstan to strengthen the alignment of development strategies, deepen exchanges on governance experience, and make substantive progress in building a China-Kyrgyzstan community with a shared future, Xi said during talks with Kyrgyz President Sadyr Japarov.

Photo caption: Chinese President Xi Jinping and his wife Peng Liyuan, together with Kyrgyz President Sadyr Japarov and his wife Aigul Japarova, jointly appreciate Chinese songs singing by local teenagers in Bishkek, Kyrgyzstan, Aug. 30, 2026. (Xinhua/Yan Yan)