ဆလိုဗက်ကီးယားနိုင်ငံ၏ မြို့တော် ဘရာတီဆလာဗာမြို့ရှိ Danube မြစ်အပေါ်မှ UFO တံတားကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
ဆလိုဗက်ကီးယားနိုင်ငံ၏ မြို့တော် ဘရာတီဆလာဗာမြို့ရှိ Danube မြစ်အပေါ်မှ UFO တံတားကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၈ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ဘရာတီဆလာဗာ၊ သြဂုတ် ၃၁ ရက် (ဆင်ဟွာ)

ဆလိုဗက်ကီးယားနိုင်ငံ၏ မြို့တော် ဘရာတီဆလာဗာမြို့ရှိ M. R. Stefanik လေဆိပ်သည် နှစ်ပေါင်း ၇၅ နှစ်တာ လေဆိပ်သမိုင်းကြောင်းအတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်နှစ်တာကာလ ခရီးသည်ဦးရေ ၃ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ကာ မြို့တော်လေဆိပ်အတွက်လည်း စံချိန်သစ်တစ်ခုဖြစ်ခဲ့သည်။

အဆိုပါ အရေအတွက်မှာ ဩဂုတ် ၂၄ ရက်က ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း လေဆိပ်၏ထုတ်ပြန်မှုအရ သိရသည်။ လေဆိပ်၏ အထွေထွေညွှန်ကြားရေးမှူးနှင့် ဘုတ်အဖွဲ့ဥက္ကဋ္ဌ Dusan Novota ၏ အဆိုအရ ယင်းပမာဏမှာ  ဘရာတီဆလာဗာလေဆိပ်အတွက် ယခုနှစ်အတွင်း သမိုင်းတွင်သွားသည့်စံချိန်တစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

"M. R. Stefanik လေဆိပ်ရဲ့ နှစ်ပေါင်း ၇၅ နှစ်ကြာသမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ တစ်နှစ်တာကာလအတွင်း ခရီးသည် ၃ သန်းကို ဝန်ဆောင်မှုပေးနိုင်ခဲ့ဖူးခြင်း မရှိပါဘူး။ အခုက နှစ်ကုန်ဖို့ လေးလကျော်လောက်လိုသေးပြီး ဩဂုတ်လမှာတင် ဒီပမာဏကို ကျော်လွန်ခဲ့တာက ပိုပြီးထူးခြားတာပါပဲ" ဟု Novota က ပြောကြားခဲ့သည်။

ခရီးသွားဦးရေပမာဏစံချိန်တင်များပြားခဲ့မှုအရ ၂၀၂၆ ခုနှစ်မှာ ဘရာတီဆလာဗာလေဆိပ်သမိုင်းတွင် ခရီးသည်သွားလာမှုပိုင်းဆိုင်ရာအရ  အောင်မြင်မှုအရှိဆုံးနှစ်တစ်နှစ် ဖြစ်လာလိမ့်မည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

.........................

(English version)

Bratislava airport handles record 3 million passengers in 2026

BRATISLAVA, Aug. 30 (Xinhua)

M. R. Stefanik Airport in Bratislava has handled 3 million passengers in a single year for the first time in its 75-year history, marking a new record for Slovakia's capital airport.

The airport said the milestone was reached on Aug. 24. According to airport General Director and Chairman of the board Dusan Novota, this is a historical record set by Bratislava Airport during the course of this year.

"We have never handled 3 million passengers in a single year at M. R. Stefanik Airport in its 75-year history. It is all the more remarkable that we have surpassed this threshold as early as August, with still more than four months to go until the end of the year," Novota said.

He added that the record passenger numbers clearly indicated that 2026 is set to be the most successful year in the history of Bratislava Airport in terms of passenger traffic. ■

Photo  caption:This photo taken on Oct. 28, 2024 shows the UFO bridge over the Danube river in Bratislava, capital of Slovakia. (Photo by Peter Lahky/Xinhua)