
တိုကျို၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံအစိုးရသည် အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်ထွက်ရှိမှုပမာဏတိုးမြင့်လာခြင်းကြောင့် ဈေးနှုန်းသိသိသာသာကျဆင်းလာမှုကိုကာကွယ်သည့်အနေဖြင့် ယမန်နှစ်ကထုတ်ရောင်းခဲ့သည့် အရေးပေါ်အရန်ဆန်တန်ချိန် ၂၁၀,၀ဝ၀ ကို ပြန်လည်ဝယ်ယူရန် စဉ်းစားနေကြောင်း နီးစပ်သည့်သတင်းရင်းမြစ်များကိုကိုးကား၍ ကျိုဒိုသတင်းဌာနက ဩဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာနသည် စက်တင်ဘာ ၁၈ ရက်တွင် ညှိနှိုင်းသဘောတူစာချုပ်များမှတစ်ဆင့် တင်ဒါခေါ်ယူရန်စီစဉ်ထားကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ ယင်းသည် အစိုးရအနေဖြင့် ထုတ်ရောင်းခဲ့သောသိုလှောင်အရန်ဆန်များကို ပထမဆုံးအကြိမ် ပြန်လည်ဝယ်ယူခြင်း ဖြစ်သည်။
ဝန်ကြီးဌာနသည် ၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန် ၁၅၀,၀၀၀ ပြန်လည်ဝယ်ယူရန် မူလက ဘတ်ဂျက်လျာထားခဲ့သော်လည်း ပုဂ္ဂလိကကဏ္ဍသိုလှောင်ဆန်ပမာဏ စံချိန်တင်မြင့်တက်လာပြီးနောက် ဝယ်ယူမည့်ပမာဏကို တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်ဆန်ထွက်ရှိမှုအခြေအနေကို ပိုမိုရှင်းလင်းစွာသိရှိလာချိန်တွင် အပြီးသတ်ဆုံးဖြတ်ချက်ချမှတ်မည်ဟု မျှော်လင့်ရသည်။
ဂျပန်အစိုးရသည် ဆန်လိုအပ်ချက်မြင့်မားပြီး ဈေးနှုန်းများမြင့်တက်နေမှုကို ထိန်းချုပ်ရန်အတွက် ၂၀၂၅ ခုနှစ်တွင် အရန်ဆန် စုစုပေါင်း တန်ချိန် ၅၉၀,၀ဝ၀ ကို စျေးကွက်အတွင်းထုတ်ရောင်းပေးခဲ့သည်။
တစ်နိုင်ငံလုံးရှိ စူပါမားကက်များတွင်ရောင်းချနေသည့် ယခုနှစ်ထွက်ဆန် ပျမ်းမျှလက်လီဈေးနှုန်းသည် ၅ ကီလိုဂရမ်လျှင် ယန်း ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၁၉ ခန့်) ဝန်းကျင်အထိ ကျဆင်းလာခဲ့သည်။ ဆန်ပြတ်လပ်မှု အကျပ်အတည်း အမြင့်ဆုံးဖြစ်ခဲ့သည့်အချိန်က ၅ ကီလိုဂရမ်လျှင် ယန်း ၄,၀၀၀ ခန့်ရှိခဲ့ရာမှ ယခုလို ကျဆင်းလာခြင်းဖြစ်သည်။ (Xinhua)
.....................
(English Version)
Japan weighs buyback of 210,000 tons of emergency rice to prevent price slump
TOKYO, Aug. 31 (Xinhua) -- The Japanese government is considering repurchasing 210,000 tons of the emergency rice it released last year, aiming to head off a price slump as supply of the staple grain swells, Kyodo News reported Monday, citing sources familiar with the matter.
The Ministry of Agriculture, Forestry and Fisheries plans to place bids through negotiated contracts on Sept. 18, according to the report. This would mark the government's first buyback of rice released from its stockpile.
The ministry had originally budgeted for a 150,000-ton buyback in fiscal 2026 but expanded the figure after private-sector rice inventories climbed to a record high. A final decision is expected when this year's harvest outlook becomes clearer.
The Japanese government released 590,000 tons of stockpiled rice in total in 2025 to help rein in soaring prices amid a supply crunch.
The average retail price of the crop at supermarkets nationwide has eased to around 3,000 yen (about 19 U.S. dollars) per 5 kg, down from about 4,000 yen at the height of the shortage crisis.
Photo caption: A notice is posted on the rice shelf indicating the purchase limits due to supply instability at a supermarket in Tokyo, Japan, May 21, 2025. (Xinhua/Hu Xiaoge)








