
ဘရပ်ဆဲလ်၊ စက်တင်ဘာ ၁ ရက် (ဆင်ဟွာ)
ဥရောပကော်မရှင်သည် ဩဂုတ် ၃၁ ရက်တွင် ဥရောပသမဂ္ဂ (EU) ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဥပဒေ (DSA) အရ ChatGPT အား “အလွန်ကြီးမားသော အွန်လိုင်းရှာဖွေရေးကိရိယာ (VLOSE)” အဖြစ်လည်းကောင်း၊ Redditနှင့် Roblox တို့အား “အလွန်ကြီးမားသော အွန်လိုင်းပလက်ဖောင်းများ (VLOPs)” အဖြစ်လည်းကောင်း သတ်မှတ်ကြောင်း ကြေညာခဲ့သည်။ ယင်းမှာ အဆိုပါ အမေရိကန်ဝန်ဆောင်မှုပလက်ဖောင်း သုံးခုသည် EU ၏ ပိုမိုတင်းကျပ်သော ကြပ်မတ်မှုများကို ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ဥရောပကော်မရှင်သည် ထိုနေ့တွင် ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ChatGPT သည် အသုံးပြုသူများ၏ မေးမြန်းချက်များနှင့် ရှာဖွေမေးမြန်းချက်များကို တုံ့ပြန်နိုင်ပြီး အွန်လိုင်းရှာဖွေရေးလုပ်ဆောင်ချက်များ ပါဝင်သော ဉာဏ်ရည်တုစနစ်တစ်ခုဖြစ်ကာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဥပဒေ (DSA) ၏ “အွန်လိုင်းရှာဖွေရေးကိရိယာ” အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီသည်ဟု ပြောကြားခဲ့သည် ။ Reddit သည် အကြောင်းအရာ ဆွေးနွေးမှုများအပေါ် အခြေခံသော အွန်လိုင်းပလက်ဖောင်းတစ်ခုဖြစ်ပြီး Roblox သည် ဂိမ်းနှင့် တီထွင်ဖန်တီးမှုပလက်ဖောင်းတစ်ခုဖြစ်ကာ နှစ်ခုစလုံးသည် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုဥပဒေ (DSA) မှ သတ်မှတ်ထားသော “အွန်လိုင်းပလက်ဖောင်း” အမျိုးအစားတွင် ပါဝင်ကြောင်း သိရသည်။
သတင်းထုတ်ပြန်ချက်တွင် အဆိုပါ ဝန်ဆောင်မှုပလက်ဖောင်း သုံးခုသည် EU ၌ ၎င်း၏ လစဉ်အသုံးပြုသူ ပျမ်းမျှ ၄၅ သန်းကျော်ရှိကြောင်း ကြေညာထားသည်ဟု ဖော်ပြထားသည်။
စည်းမျဉ်းများအရ အဆိုပါ ဝန်ဆောင်မှုပလက်ဖောင်း သုံးခုအနေဖြင့် ယခုနှစ် ဒီဇင်ဘာလကုန်တွင် EU မှ VLOPs နှင့် VLOSE အတွက် သတ်မှတ်ထားသော အပိုဆောင်းတာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပြီး ၎င်းတို့၏ ဝန်ဆောင်မှုများနှင့် အယ်လဂိုရီသမ်စနစ်များမှ ဖြစ်ပေါ်လာနိုင်သော စနစ်ကျသော အန္တရာယ်များကို အကဲဖြတ်ခြင်းနှင့် လျှော့ချခြင်းတို့ ပါဝင်ကြောင်း၊ ဤအန္တရာယ်များတွင် တရားမဝင်အကြောင်းအရာများ ပျံ့နှံ့ခြင်း၊ အရွယ်မရောက်သေးသူများအပေါ် အပျက်သဘောဆောင်သော သက်ရောက်မှုများနှင့် အသုံးပြုသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ အခြေခံအခွင့်အရေးများနှင့် ပြည်သူ့လုံခြုံရေး စသည်တို့အပေါ် သက်ရောက်မှုများ ပါဝင်ကြောင်း သိရသည်။
သတ်မှတ်ချက်အသက်ဝင်ပြီးနောက် ဥရောပကော်မရှင်သည် သက်ဆိုင်ရာ စုံစမ်းစစ်ဆေးပိုင်ခွင့်များကို ရရှိမည်ဖြစ်ကာ အဆိုပါ ဝန်ဆောင်မှုပလက်ဖောင်းများ၏ လုပ်ဆောင်ချက်များနှင့် ဆက်စပ်စနစ်များအပေါ် အကဲဖြတ်နိုင်ကြောင်း၊ ယင်းတို့အနက် ဥရောပကော်မရှင်သည် အိုင်ယာလန် စည်းကမ်းထိန်းသိမ်းရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ကာ ChatGPT နှင့် Reddit တို့ကို ကြပ်မတ်ကွပ်ကဲမည်ဖြစ်ပြီး နယ်သာလန်စည်းကမ်းထိန်းသိမ်းရေးအေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်ကာ Roblox ပလက်ဖောင်းကို ကြပ်မတ်ကွပ်ကဲမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)
....................
(Chinese Version)
欧盟将对ChatGPT等3家美国服务平台加强监管
新华社布鲁塞尔8月31日电(记者张兆卿 张馨文)欧盟委员会8月31日宣布,根据欧盟《数字服务法》,将ChatGPT认定为“超大型在线搜索引擎”,并将“红迪网站”和“罗布乐思”认定为“超大型在线平台”。这意味着这3家美国服务平台将面临欧盟更严格的监管要求。
欧盟委员会当天发布新闻公报说,ChatGPT是一种能够回应用户的提示和查询并包含在线搜索功能的人工智能系统,符合《数字服务法》关于“在线搜索引擎”的定义。“红迪网站”是基于内容讨论的网络平台,“罗布乐思”是游戏和创作平台,均属于《数字服务法》所定义的“在线平台”。
公报说,上述3家服务平台申报其在欧盟月均用户数均超4500万。根据规定,这3家服务平台须在今年12月底前履行欧盟针对“超大型在线平台”和“超大型在线搜索引擎”提出的额外义务,包括评估和降低由其服务及算法系统带来的系统性风险。这些风险涉及非法内容传播,对未成年人的负面影响,以及对用户身心健康、基本权利和公共安全等方面的影响。
公报说,认定生效后,欧盟委员会将获得相应调查权,可对这些服务平台的功能以及相关系统进行评估。其中,欧盟将与爱尔兰监管机构合作开展对ChatGPT和“红迪网站”的监管,与荷兰监管机构合作开展对“罗布乐思”平台的监管。(完)
图说:2025年5月23日,在比利时布鲁塞尔,一名男子从欧盟总部大楼外经过。新华社记者赵丁喆摄








