
ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း အန်းဟွေးပြည်နယ် မြို့တော်ဟဲဖေရှိ NIO ကုမ္ပဏီ၏ အလွန်အဆင့်မြင့်သော အလိုအလျောက်စနစ်ဖြင့် လည်ပတ်သည့် စက်ရုံကြီးတွင် လတ်တလော တပ်ဆင်ထုတ်လုပ်ထားသည့် မော်တော်ယာဉ်များသည် ဉာဏ်ရည်တု (AI) နည်းပညာသုံး စနစ်နှစ်ခု၏ စစ်ဆေးမှုကို ဖြတ်သန်းရသည်။ စနစ်တစ်ခုက အားသွင်းသည့် လုပ်ဆောင်ချက်များ၊ အတွင်းပိုင်း ရွေးချယ်စရာများနှင့် ယာဉ်အပူပေးစနစ်တို့ အပါအဝင် စစ်ဆေးမှု ၆၉ ခုကို ၈၄ စက္ကန့်မျှအတွင်း ပြီးစီးအောင် လုပ်ဆောင်နိုင်သည်။ အခြားစနစ်တစ်ခုကလည်း ယာဉ်၌တွဲဖက်ပါရှိသော ကွန်ပျူတာကို အသုံးပြု၍ လုပ်ဆောင်ချက် ၁,၀၀၀ နီးပါးအား အလိုအလျောက် စစ်ဆေးခြင်းကို အချိန်သုံးမိနစ်ခန့်အတွင်း လုပ်ဆောင်နိုင်သည်။
"ကျွန်တော်တို့ရဲ့ ယာဉ်မော်ဒယ်တွေကို နေ့စဉ် ထုတ်လုပ်မှုကနေ ရရှိလာတဲ့ အချက်အလက်တွေနဲ့ အဆက်မပြတ် လေ့ကျင့်သင်ကြားပေးပြီး မွမ်းမံပေးခြင်းအားဖြင့် စက်ရုံလည်ပတ်မှုကို ပိုမိုထိရောက်ပြီး ဉာဏ်ရည်ထက်မြက်အောင် လုပ်ဆောင်နိုင်ခဲ့သလို AI နည်းပညာကလည်း စက်ရုံရဲ့ ထုတ်လုပ်မှုဆိုင်ရာ ဆုံးဖြတ်ချက် ၈၀ ရာခိုင်နှုန်းကို အထောက်အကူပေးနိုင်နေပါပြီ" ဟု NIO Manufacturing ကုမ္ပဏီ၏ အများပြည်သူဆက်ဆံရေးဆိုင်ရာ တာဝန်ရှိသူ ယန်ယိ က ပြောကြားခဲ့သည်။
အဆိုပါစက်ရုံသည် တရုတ်နိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်မှုလုပ်ငန်းများဆီသို့ သိပ္ပံနှင့်နည်းပညာ တိုးတက်မှုများ မည်သို့ဝင်ရောက်လာသည်ကို တစေ့တစောင်း ဖော်ပြနေကာ သုတေသနအဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် ဒေသများအကြား ပိုမိုနီးကပ်သော ချိတ်ဆက်မှုများကြောင့် ထိုအလားအလာမှာ အရှိန်အဟုန်ဖြင့် တိုးတက်လျက်ရှိသည်။
ထိုသို့ တွန်းအားပေးဆောင်ရွက်မှု၏ ဗဟိုချက်၌ တရုတ်နိုင်ငံရှိ နိုင်ငံတကာ သိပ္ပံနှင့်နည်းပညာ ဆန်းသစ်တီထွင်မှု ဗဟိုချက်သုံးခုဖြစ်သည့် ပေကျင်း (ပေကျင်း-ထျန်းကျင်း-ဟဲပေ)၊ ရှန်ဟိုင်း (ယန်ဇီမြစ်ဝှမ်းဒေသ) နှင့် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဒေသတို့ တည်ရှိသည်။
ပေကျင်းနှင့် ရှန်ဟိုင်းဗဟိုချက်များကို ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသနှင့် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသအထိ အသီးသီး ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ခြင်းက ၂၀၂၅ ခုနှစ် ဗဟိုစီးပွားရေးလုပ်ငန်း ညီလာခံ၌ ချမှတ်ခဲ့သော လမ်းညွှန်ချက်တစ်ခုဖြစ်သည့် မြို့တစ်မြို့တည်း တိုးတက်အောင်မြင်မှုမှ ဒေသအလိုက် ပေါင်းစပ်ညှိနှိုင်း ဖွံ့ဖြိုးတိုးတက်မှုဆီသို့ အသွင်ကူးပြောင်းလာသည့် လက္ခဏာပင်ဖြစ်သည်။
ဆင်ဟွာသတင်းဌာနက စီစဉ်ကျင်းပသော တရုတ်စီးပွားရေး စကားဝိုင်းဆွေးနွေးပွဲ All Media တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်ကြီး၏ လတ်တလောထုတ်လွှင့်ခဲ့သည့် အပိုင်း၌ ဧည့်သည်တော်အဖြစ် ပါဝင်ဆွေးနွေးသူများက ထိုဗဟိုချက်မ သုံးခု၏ ဖွံ့ဖြိုးတိုးတက်မှု၊ ပင်ကိုဆန်းသစ်တီထွင်မှုကို အားကောင်းစေမည့် နည်းလမ်းများနှင့် ဒေသအလိုက် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ခြင်းက စက်မှုလုပ်ငန်း အဆင့်မြှင့်တင်မှုအပေါ် အထောက်အကူပြုပုံတို့ကို ဆွေးနွေးခဲ့ကြသည်။
သုတေသနနှင့် ကုန်ထုတ်စွမ်းအားကို ချိတ်ဆက်ခြင်း
မြို့တစ်မြို့ချင်းစီထက် ကျော်လွန်ကာ တိုးချဲ့ခြင်းအားဖြင့် ဗဟိုချက်သုံးခုသည် စုစည်းထားသော သုတေသနအရင်းအမြစ်များကို ပိုမိုကျယ်ပြန့်သော ဒေသများ၏ ကုန်ထုတ်စွမ်းအား၊ စျေးကွက်ဝယ်လိုအားတို့နှင့် ပိုမိုနီးကပ်လာစေသည်။
အဆိုပါဒေသ၏ အဓိကမောင်းနှင်အား ဖြစ်သည့်အားလျော်စွာ ပေကျင်းမြို့၌ သဘောတရားပိုင်းဆိုင်ရာ လက်တွေ့စမ်းသပ်မှု ပလက်ဖောင်းများ အပါအဝင် သုတေသနတွေ့ရှိချက်များကို စီးပွားဖြစ်အသုံးချမှုများအဖြစ် အသွင်ပြောင်းပေးသည့် လုပ်ငန်းစဉ်တစ်ခုလုံးနှင့် အကျုံးဝင်သော ဝန်ဆောင်မှုပလက်ဖောင်း ၂၀၀ ကျော် တည်ဆောက်ထားသလို ကျုံးကွမ်းချွမ်းရှိ နည်းပညာကုန်သွယ်ရေး စင်တာတစ်ခုကလည်း နိုင်ငံအဆင့်နှင့် မြူနီစီပယ်အဆင့် ဓာတ်ခွဲခန်းများ၏ သုတေသနတွေ့ရှိချက်များအတွက် အပတ်စဉ် roadshow များ ပြုလုပ်ပေးလျက်ရှိကြောင်း ပေကျင်း သိပ္ပံနှင့်နည်းပညာအကယ်ဒမီမှ သုတေသီ ရီးထုန် က ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260901/ee6d057e18bd4dc4ba15fb8346937ad6/c.html


.........................................................
(English Version)
(China Economic Roundtable) Xinhua Headlines: China's sci-tech hubs forge tighter lab-to-market ties to power industrial upgrade
BEIJING, Sept. 1 (Xinhua) -- At NIO's highly automated factory in Hefei, capital of east China's Anhui Province, newly assembled vehicles undergo inspection by two artificial intelligence (AI)-powered systems. One system completes 69 checks in just 84 seconds, which includes charging functions, interior options and vehicle heating. The other uses the vehicle's onboard computer to run self-diagnostic checks on nearly 1,000 functions in about three minutes.
"By continuously training and refining our models with data generated from daily production, we have made the factory more efficient and intelligent, and AI can now assist with 80 percent of production decisions at the factory," said Yang Yi, public affairs director of NIO Manufacturing.
The factory offers a glimpse of how sci-tech advances are entering production lines across China, a trend being accelerated by closer links among research institutions, companies and regions.
At the heart of this push are China's three international sci-tech innovation centers: Beijing (Beijing-Tianjin-Hebei), Shanghai (Yangtze River Delta), and the Guangdong-Hong Kong-Macao Greater Bay Area.
The expansion of the Beijing and Shanghai centers into the wider Beijing-Tianjin-Hebei region and the Yangtze River Delta, respectively, marks a shift from single-city breakthroughs toward coordinated regional development, a direction set out at the 2025 Central Economic Work Conference.
In the latest episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency, guests discussed the development of the three centers, ways to strengthen original innovation and how closer regional coordination can support industrial upgrading.
LINKING RESEARCH WITH INDUSTRIAL CAPACITY
By extending beyond individual cities, the three centers are bringing concentrated research resources closer to the industrial capacity and market demand of the wider regions.
As the region's core engine, Beijing has built more than 200 service platforms covering the full process of turning research findings into commercial applications, including proof-of-concept platforms, while a technology trading center in Zhongguancun holds weekly roadshows for research findings from key national and municipal laboratories, said Yi Tong, a researcher with the Beijing Academy of Science and Technology.
https://english.news.cn/20260901/ee6d057e18bd4dc4ba15fb8346937ad6/c.html
Photo caption 1: This photo taken on July 4, 2026 shows an embodied intelligence robot displayed at AIR Design House in Shenzhen, south China's Guangdong Province. (Xinhua/Liang Xu)
Photo caption 2: Guests attend the 35th episode of China Economic Roundtable, an all-media talk show hosted by Xinhua News Agency. (Xinhua/Zhang Yuwei)








