
ဆွေဟွ (ဟေးလုံကျန်း) ၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံ ဟေးလုံကျန်းပြည်နယ်၊ ဆွေဟွမြို့၊ ချင်းကန်းခရိုင်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေး စားသောက်ကုန် ဦးဆောင်စက်မှုလုပ်ငန်းကို အဓိကထား အကောင်အထည်ဖော်ခဲ့ပြီး အဓိက ဦးဆောင်ကုမ္ပဏီလုပ်ငန်းများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေကာ ဝက်မွေးမြူရေးအခြေစိုက်စခန်း၊ အသားထုတ်လုပ်ရေးလုပ်ငန်း၊ ချက်ပြုတ်ပြီး စားသောက်ကုန်များ အဆင့်မြင့်ထုတ်လုပ်ရေး စသည့်စီမံကိန်းများကို ညှိနှိုင်းအကောင်အထည်ဖော်ခဲ့သည်။
“ချင်းကန်း နိုင်ငံတကာ အရည်အသွေးမြင့် စားသောက်ကုန်” စက်မှုဥယျာဉ်ကို စုစည်းတည်ဆောက်လျက်ရှိပြီး ထူးခြားချက်ရှိသော စက်မှုလုပ်ငန်းများဖြင့် ခရိုင်ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အားဖြည့်ပေးကာ ကျေးလက်ဒေသ ဘက်စုံပြန်လည်ရှင်သန်တိုးတက်ရေးကို အထောက်အကူပြုလျက်ရှိသည်။ (Xinhua)
...........................
(Chinese Version)
活力中国调研行丨黑龙江青冈:深耕农牧食品产业
新华社照片,绥化(黑龙江),2026年9月2日
近年来,黑龙江省绥化市青冈县深耕农牧食品主导产业,通过深化与重点龙头企业对接合作,统筹推进生猪养殖基地、屠宰加工、熟食精深加工等项目落地建设,聚力打造“青冈国际优食谷”产业园区,以特色产业赋能县域发展,助力乡村全面振兴。
图说1:这是9月1日在绥化市青冈县拍摄的“青冈国际优食谷”产业园区。 新华社记者 高咏薇 摄
图说2:9月1日,工作人员在“青冈国际优食谷”产业园区向媒体记者介绍熟食产品。新华社记者 高咏薇 摄








