ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မော်စကိုမြို့တွင် ကျင်းပသော နှစ်ပတ်လည် သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားနေသော ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို/ ဘာလင်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က စက်တင်ဘာ ၃ ရက်တွင် ဂျာမနီနိုင်ငံက ဘာလင်မြို့ရှိ “Russian House” နှင့် ဘွန်းမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံးတို့ကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံသည်လည်း ဂျာမနီနိုင်ငံက ရုရှားတွင် တည်ထောင်ထားသော ယဉ်ကျေးမှုအဖွဲ့အစည်းဖြစ်သည့် Goethe-Institut ဌာနခွဲများကို ပိတ်သိမ်းသွားမည်ဟု ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul က ထိုနေ့တွင်ပင် ယင်းအတွက် “အလွန် စိတ်မကောင်းဖြစ်မိတယ်” ဟု ပြောကြားခဲ့သည်။

Lavrov က ထိုနေ့ ဗလာဒီဗော့စတော့ခ်မြို့တွင် ကျင်းပသည့် အရှေ့ပိုင်းစီးပွားရေးဖိုရမ်၏ ဆက်စပ် အခမ်းအနားတစ်ခုသို့ တက်ရောက်စဉ် ၎င်းက ဂျာမနီနိုင်ငံ Leipzig မြို့တွင် ရုရှားနိုင်ငံမှဟု ယူဆရသည့် ဒရုန်းတစ်စင်း ပျက်ကျခဲ့သည်ဟူသော အကြောင်းပြချက်ဖြင့် ဘာလင်ရှိ “Russian House” နှင့် ဘွန်းရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံးတို့ကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ဂျာမနီနိုင်ငံသည် မော်စကိုမြို့၊ စိန့်ပီတာစဘတ်မြို့ စသည့်နေရာများတွင် Goethe-Institut ဌာနခွဲများ တည်ရှိပြီး ရုရှားဘက်ကလည်း ဂျာမနီ၏ သက်ဆိုင်ရာအဖွဲ့အစည်းများကို ပိတ်သိမ်းသွားမည်ဖြစ်သည်။

Wadephul က စက်တင်ဘာ ၃ ရက်တွင် ရုရှား၏ ဤဆုံးဖြတ်ချက်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး ဤအစီအမံသည် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်ဘဲ ဂျာမနီ-ရုရှားဆက်ဆံရေးကို ပိုမိုထိခိုက်စေမည်ဟု ဆိုသည်။

ဂျာမနီရဲတပ်ဖွဲ့သည် ဩဂုတ်လ ၅ ရက်တွင် ဂျာမနီနိုင်ငံအရှေ့ပိုင်း Leipzig လေဆိပ်၌ ယူကရိန်းသယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းအနီးတွင် ဒရုန်းတစ်စင်းကို တွေ့ရှိခဲ့ပြီး အဆိုပါဒရုန်းပေါ်တွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများ တပ်ဆင်ထားသည်ဟု ဆိုသည်။ ဂျာမနီမီဒီယာများ၏ ဖော်ပြချက်အရ ဤအဖြစ်အပျက်ပြီးနောက် သက်သေအထောက်အထားများစွာသည် ရုရှားနိုင်ငံကို ညွှန်ပြနေကြောင်း သိရသည်။ ရုရှားဘက်က ဤစွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဤအဖြစ်အပျက်၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ယူကရိန်းဖြစ်သည်ဟု ဆိုခဲ့သည်။

Wadephul နှင့် ဂျာမနီပြည်ထဲရေးဝန်ကြီး Alexander Dobrindt တို့က စက်တင်ဘာ ၁ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ရုရှားနိုင်ငံအနေဖြင့် ဩဂုတ်လဆန်းပိုင်းက ဖြစ်ပွားခဲ့သော ဒရုန်းဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုအတွက် တာဝန်ရှိသည်ဟု ဆိုကာ စက်တင်ဘာ ၁၈ ရက်တွင် ဘွန်းမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံးကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ဘာလင်မြို့ရှိ ယဉ်ကျေးမှုအဖွဲ့အစည်း “Russian House” နှင့် သက်ဆိုင်သည့် စာချုပ်များကိုလည်း ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် စက်တင်ဘာ ၂ ရက်တွင် လူမှုမီဒီယာမှတစ်ဆင့် ထိုနေ့တွင်ပင် ဂျာမနီအစိုးရ၏ ရုရှားဆန့်ကျင်ရေး လုပ်ရပ်များနှင့် ပြောဆိုချက်များအတွက် ရုရှားနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးယာယီတာဝန်ခံကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ရုရှားဘက်အနေဖြင့် ဂျာမနီဘက် လုပ်ရပ်များကို ပြင်းထန်စွာ တုံ့ပြန်သွားမည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။ (Xinhua)

…………………………

(Chinese Version)

俄将关闭多家歌德学院以回应德方相关举措

新华社莫斯科/柏林9月3日电(记者侯鸣 张毅荣)俄罗斯外交部长拉夫罗夫3日表示,鉴于德决定关闭柏林的“俄罗斯之家”和驻波恩的俄总领事馆,俄也将关闭多家德国在俄设立的文化机构歌德学院。德国外交部长瓦德富尔同日对此表示“非常遗憾”。

拉夫罗夫当天在出席东方经济论坛相关活动时说,德国以一架据称是俄罗斯的无人机在莱比锡坠毁为由,决定关闭位于柏林的“俄罗斯之家”和驻波恩的俄罗斯总领事馆。德国在莫斯科、圣彼得堡等地设有歌德学院,俄方也将关闭德方的相关机构。

瓦德富尔3日对俄罗斯这一决定表示遗憾,称这一措施“没有正当理由”,将进一步损害德俄关系。

德国警方8月5日在德东部莱比锡机场一架乌克兰运输机附近发现一架无人机,无人机上据称装有爆炸物。据德国媒体报道,此次事件发生后,多项证据指向俄罗斯。俄方对此予以否认,称此事背后主使是乌克兰。

瓦德富尔和德国内政部长多布林特9月1日在新闻发布会上表示,俄应对8月上旬发生的无人机袭击未遂事件负责,决定于9月18日关闭俄罗斯驻波恩总领事馆,同时终止与位于柏林的文化机构“俄罗斯之家”的相关合同。

俄外交部2日在社交媒体发布消息说,当天就德国政府的反俄举动和言论召见德国驻俄临时代办。俄外交部还发表声明说,俄方将对德方行为予以强硬回应。(完)

图说:1月20日,俄罗斯外交部长拉夫罗夫在莫斯科举行的年度记者会上回答问题。 新华社发(亚历山大摄)