
ဂျေရုဆလမ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
အီရန်အစိုးရကို ဖြုတ်ချရန်မှာ အစ္စရေး၏ လက်ရှိဗဟိုချက်ရည်မှန်းချက်ဖြစ်ပြီး ဤရည်မှန်းချက်မှာ ”လက်လှမ်းမီ” သည့် အခြေအနေတွင်ရှိသည်ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက စက်တင်ဘာ ၃ ရက်တွင် Tel Aviv မြို့၌ ကျင်းပသည့် အစ္စရေးစစ်တပ်ဦးစီးချုပ်များ၏ လှုပ်ရှားမှုတစ်ခုသို့ တက်ရောက်စဉ် ပြောကြားခဲ့ကြောင်း အစ္စရေးမီဒီယာ၏ ထိုနေ့ သတင်းဖော်ပြချက်အရ သိရသည်။
အီရန်ခေါင်းဆောင်အလွှာသည် “ယခင်က ဘယ်အချိန်ထက်မဆို ပိုအားနည်းနေ” ပြီး “ရှင်သန်ရေးအတွက် တိုက်ပွဲဝင်နေရတယ်” ဟုလည်း နေတန်ယာဟုက ပြောကြားခဲ့သည်။
ထိုနေ့ ညပိုင်းတွင် အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်း Ali al-Taher တောင်ကြောအောက်ရှိ ဟစ်ဇ်ဘိုလာ၏ မြေအောက်ဥမင်လိုဏ်ခေါင်းနှစ်ခုကို ထိန်းချုပ်နိုင်ခဲ့ပြီး ယင်းဥမင်လိုဏ်ခေါင်းကွန်ရက်ကို “ဖျက်ဆီးနေသည်” ဟု ကြေညာချက်ထုတ်ပြန်ခဲ့သည်။ အဆိုပါ မြေအောက်အဆောက်အအုံတွင် ကွပ်ကဲရေးဌာနချုပ်၊ လက်နက်ဂိုဒေါင်နှင့် နေထိုင်ရာ နေရာများ ပါဝင်ပြီး အီရန်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် နှစ်ပေါင်း ၂၀ ကျော် တည်ဆောက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးစစ်တပ်က ဆိုသည်။
ထို့အပြင် TheTimes of Israel သတင်းစာ၏ ထိုနေ့ ဖော်ပြချက်အရ အကယ်၍ အစ္စရေးက Ali al-Taher တောင်ကြောအောက်ရှိ ပစ်မှတ်များကို တိုက်ခိုက်ပါက အီရန်အနေဖြင့် ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု အမေရိကန်အား သတိပေးခဲ့သည်ဟု သိရသည်။ ယင်းနှင့် ပတ်သက်၍ အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz က တုံ့ပြန်ပြောကြားရာတွင် အကယ်၍ အီရန်က အစ္စရေးကို တိုက်ခိုက်ပါက အစ္စရေးအနေဖြင့် အီရန်၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများ အပါအဝင် အခြေခံအဆောက်အအုံအားလုံးကို တိုက်ခိုက်သွားမည်ဟု ဆိုသည်။
လက်ဘနွန်၊ အစ္စရေးနှင့် အမေရိကန် သုံးနိုင်ငံသည် ဇွန် ၂၆ ရက်တွင် ဝါရှင်တန်မြို့၌ စေ့စပ်ညှိနှိုင်းမှုများ ပြီးဆုံးပြီးနောက် မူဘောင်သဘောတူညီချက်တစ်ရပ် ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။
သဘောတူညီချက်ပါ ယူဆချက်အရ အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်း ဒေသအချို့မှ ဆုတ်ခွာသွားမည်ဖြစ်ပြီး လက်ဘနွန်စစ်တပ်က အဆိုပါဒေသ၏ လုံခြုံရေးဆိုင်ရာ တာဝန်များကို လွှဲပြောင်းရယူမည်ဖြစ်သည်။ သို့သော် သဘောတူညီချက် ရရှိခဲ့ချိန်မှစ၍ အစ္စရေးစစ်တပ်သည် လက်ဘနွန်နယ်မြေအတွင်းရှိ ပစ်မှတ်များအပေါ် စစ်ရေးအရ တိုက်ခိုက်မှုများ အကြိမ်ကြိမ် လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………….
(Chinese Version)
以总理称推翻伊朗政权是以色列当前核心目标
新华社耶路撒冷9月3日电(记者陈君清 冯国芮)据以色列媒体3日报道,以总理内塔尼亚胡当天在特拉维夫出席以军总参谋部一场活动时称,推翻伊朗政权是以色列当前的核心目标,这个目标“触手可及”。
内塔尼亚胡还称,伊朗领导层“比以往任何时候都要脆弱”且“正在为生存而战”。
当天晚间,以军发表声明说,已控制黎巴嫩南部阿里·塔赫尔山脊之下的两条黎真主党地下隧道,并正在“摧毁”该地道网络。以军称,该地下设施设有指挥中心、武器库和生活区,由伊朗资助,历时二十余年建成。
此外,《以色列时报》当天报道说,伊朗警告美国,若以色列袭击阿里·塔赫尔山脊下的目标,伊朗将强力反击。以色列国防部长卡茨对此回应说,如果伊朗袭击以色列,以色列将打击伊朗所有基础设施,包括能源设施。
黎以美三方6月26日在美国华盛顿完成谈判后,宣布达成框架协议。根据协议设想,以军将从黎南部部分地区撤出,由黎军队接管当地安全事务。但自协议达成以来,以军仍多次对黎境内目标发动军事打击。(完)
图说:3月1日,以色列总理内塔尼亚胡在位于特拉维夫的以色列国防部发表声明。 新华社发(以色列政府新闻办公室供图)








