နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမြို့၌ နီပေါနိုင်ငံခြားရေးဝန်ကြီး Shisir Khanal က ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမြို့၌ နီပေါနိုင်ငံခြားရေးဝန်ကြီး Shisir Khanal က ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား လက်ခံဖြေကြားနေသည်ကို ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခတ္တမန္ဒူ၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတွင် ပြင်းထန်သော ရွှံ့နွံပြိုမှုဘေးအန္တရာယ် ဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံသည် နီပေါနိုင်ငံသို့ ငွေကြေး၊ အထောက်အပံ့ပစ္စည်း၊ နည်းပညာနှင့် လူအင်အားဆိုင်ရာ အကူအညီများကို အချိန်မီ ပေးအပ်ခဲ့သည်ဟု နီပေါနိုင်ငံခြားရေးဝန်ကြီး Shisir Khanal က  နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူမြို့၌ ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို မကြာမီရက်ပိုင်းက လက်ခံဖြေကြားရာတွင် ပြောကြားခဲ့သည်။

"တရုတ်အစိုးရက ကျွန်တော်တို့ကို ပံ့ပိုးကူညီပေးတာ ဘက်စုံထောင့်စုံပါပဲ" ဟု ၎င်းက ပြောကြားခဲ့သည်။

သြဂုတ် ၂၆ ရက်တွင် နီပေါနိုင်ငံ နယ်စပ်ဒေသ၌ ရေခဲမြစ် ရုတ်တရက် ပြိုကျမှုကြောင့် ပြင်းထန်သော ရွှံ့နွံပြိုကျမှုဘေးအန္တရာယ် ဖြစ်ပွားခဲ့ရာ တရုတ်နှင့် နီပေါ နှစ်နိုင်ငံစလုံးတွင် လူအများအပြား သေဆုံးဒဏ်ရာရမှု၊ ပျောက်ဆုံးမှုများ ဖြစ်ပွားခဲ့သည်။ နီပေါနိုင်ငံ ဘေးအန္တရာယ်လျော့ပါးရေးနှင့် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့၏ အစီရင်ခံစာအရ ဒေသစံတော်ချိန် စက်တင်ဘာ ၄ ရက် ၁၂ နာရီ ၃၀ မိနစ်အထိ ယင်းနိုင်ငံ၏ ရွှံ့နွံပြိုကျမှုဘေးဒဏ်သင့်ဒေသများတွင် သေဆုံးသူ ၁,၂၈၇ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး အခြားလူပေါင်း ၅,၀၈၃ ဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

Shisir Khanal က  ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Ram Chandra Poudel တို့သည် စာနာနှစ်သိမ့်ကြောင်း သဝဏ်လွှာများ အပြန်အလှန် ပေးပို့ခဲ့ကြပြီး နှစ်နိုင်ငံမှ အခြားသော အကြီးအကဲများကလည်း မကြာမီတွင်ပင် သဝဏ်လွှာများ အပြန်အလှန်ပေးပို့ကြရာ တရုတ်နိုင်ငံက အလွှာတိုင်းတွင် နီပေါနိုင်ငံအား အထောက်အကူပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လက်တွေ့လိုအပ်ချက်များအရ နီပေါနိုင်ငံက တရုတ်နိုင်ငံသို့ အထောက်အပံ့ပစ္စည်းများနှင့် နည်းပညာဆိုင်ရာ အကူအညီတောင်းခံခဲ့ကြရာ တရုတ်ဘက်က အပြုသဘောဆောင်သော တုံ့ပြန်မှုများ ပေးအပ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

"တရုတ်အစိုးရရဲ့ တက်ကြွပြီး အပြုသဘောဆောင်တဲ့ ပံ့ပိုးကူညီမှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်" ဟု Shisir Khanal က ပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံအစိုးရသည် နီပေါနိုင်ငံသို့ အရေးပေါ် ငွေသားအကူအညီနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခဲ့ပြီး ပထမအသုတ် ကပ်ဘေးကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၅၀ ကို သြဂုတ် ၃၀ ရက်တွင် ခတ္တမန္ဒူမြို့သို့ သယ်ယူပို့ဆောင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံမှ ဥမင်လိုဏ်ခေါင်း ကယ်ဆယ်ရေးကျွမ်းကျင်သူ နှစ်သုတ်ဖြင့် ဖွဲ့စည်းထားသော ကယ်ဆယ်ရေးအဖွဲ့သည် နီပေါနိုင်ငံ ဘေးဒဏ်သင့်ဒေသ ရှေ့တန်းသို့ အလျင်အမြန် သွားရောက်ကူညီပေးနေပြီဖြစ်သည်။ စက်တင်ဘာ ၁ ရက်တွင် DNA စစ်ဆေး ကျွမ်းကျင်သူ ၅ ဦးသည်လည်း တရုတ်နိုင်ငံ၏ ဒုတိယအသုတ် အရေးပေါ်ကူညီရေးပစ္စည်းများနှင့်အတူ ခတ္တမန္ဒူမြို့သို့ ရောက်ရှိခဲ့သည်။

Shisir Khanal က  တရုတ်နိုင်ငံသည် ဘေးဒဏ်သင့်ဒေသရှိ ဖြစ်နိုင်ခြေသောအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်များကို နီပေါနိုင်ငံသို့ ဆက်တိုက်ပံ့ပိုးပေးလျက်ရှိပြီး ဂြိုဟ်တုစောင့်ကြည့်လေ့လာမှုဆိုင်ရာ ဆက်စပ်ဒေတာများကိုလည်း မျှဝေပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ ယခုအကြိမ်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် ဖြစ်ပေါ်လာသော သဘာဝရေတားတမံကြောင့် နီပေါနိုင်ငံ၏ ဒေသအချို့သည် နောက်ထပ် ရွှံ့နွံပြိုကျမှုဘေးအန္တရာယ်အသစ်နှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ပံ့ပိုးသော သတင်းအချက်အလက်များသည် နီပေါနိုင်ငံက ဘေးအန္တရာယ်အခြေအနေကို အချိန်မီ သုံးသပ်အကဲဖြတ်နိုင်ရန်နှင့် ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲဘေးအန္တရာယ်များကို သတိရှိရှိ နေနိုင်ရန်အတွက် အထောက်အကူဖြစ်စေကြောင်း ၎င်းက ပြောကြားခဲ့သည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း နီပေါနိုင်ငံအစိုးရသည် ဘေးဒဏ်သင့်ဒေသများတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်လျက်ရှိသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများမှာ အလွန်ခက်ခဲနေပြီး ဘေးဒဏ်သင့်ဒေသများသို့ သွားရောက်သော လမ်းများနှင့် တံတားများမှာ ဆိုးဆိုးဝါးဝါး ပျက်စီးနေကာ ဒေသအချို့တွင် ကုန်းလမ်းပို့ဆောင်ရေးမှာ လုံးဝပြတ်တောက်လျက်ရှိပြီး ကြီးမားသော ကယ်ဆယ်ရေးစက်များ ဝင်ရောက်ရန် ခက်ခဲလျက်ရှိကြောင်း Shisir Khanal က  ပြောကြားခဲ့သည်။ အခက်အခဲများစွာကို ရင်ဆိုင်နေရသော်လည်း ဘက်အသီးသီးက ပိတ်မိနေသူများကို ဆက်လက်ရှာဖွေ ကယ်ဆယ်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

Shisir Khanal က  နီပေါ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ထွန်းကားလျက်ရှိပြီး လူအများအပြား အပြန်အလှန် လာရောက်လည်ပတ်လျက်ရှိကာ စီးပွားရေး၊ ခရီးသွားလာရေး စသည့် အကြောင်းရင်းများကြောင့် တရုတ်နိုင်ငံဘက်ခြမ်းတွင် ရောက်ရှိနေသော ဘေးဒဏ်သင့် နီပေါနိုင်ငံသား ရာနှင့်ချီကို တရုတ်နိုင်ငံဘက်က ကောင်းမွန်စွာ စောင့်ရှောက်ထားသလို နီပေါနိုင်ငံကလည်း မိမိတို့ဘက်ခြမ်းတွင် ဘေးဒဏ်သင့်သော တရုတ်နိုင်ငံသားများအတွက် အချိန်မရွေး ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နီပေါ-တရုတ် နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်နေပြီး ကံကြမ္မာအကျိုး တူညီကြောင်း ၎င်းက ပြောကြားခဲ့သည်။

"ဒီကပ်ဘေးမှာ နှစ်နိုင်ငံကြားက ဆက်သွယ်မှုဟာ ဘယ်လောက်တောင် နီးကပ်မှုရှိသလဲဆိုတာကို ကျွန်တော်တို့ ပိုမိုရှင်းလင်းစွာ မြင်တွေ့ခဲ့ရတယ်။ နှစ်ဖက်စလုံးက ကပ်ဘေးကို ရင်ဆိုင်ဖို့ အတူတကွ ကြိုးပမ်းရမှာဖြစ်တယ်" Shisir Khanal က ပြောကြားခဲ့သည်။

နီပေါ-တရုတ် နှစ်နိုင်ငံအနေဖြင့် အနာဂတ်တွင် ဟိမဝန္တာဒေသ ဂေဟစနစ်ဆိုင်ရာ သုတေသနပြုလုပ်မှုများကို ဆက်လက်နက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ ဒေသအဆင့်နှင့် ကမ္ဘာ့အဆင့်တွင် အပူချိန်မြင့်တက်မှုနှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ရင်ဆိုင်ရန် နိုင်ငံအသီးသီးကို အတူတကွတိုက်တွန်းရန်၊ တောင်တန်းဂေဟစနစ်များကို ကာကွယ်ရန်နှင့် နောင်တွင် ဖြစ်ပေါ်လာနိုင်သည့် အလားတူအန္တရာယ်များကို ကြိုတင်ကာကွယ်ရန် မျှော်လင့်ကြောင်း Shisir Khanal က ပြောကြားခဲ့သည်။

“ဟိမဝန္တာဒေသရဲ့ ဂေဟစနစ်က ကျွန်တော်တို့ရဲ့ ဘုံအနာဂတ်ပါ” ဟု Shisir Khanal က ဆိုသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

专访|“中国政府给予我们的支持是全方位的!”——访尼泊尔外交部长希西尔

新华社加德满都9月4日电 专访|“中国政府给予我们的支持是全方位的!”——访尼泊尔外交部长希西尔   

新华社记者邹学冕 张平 刘天   尼泊尔外交部长希西尔日前在尼首都加德满都接受新华社记者专访时说,尼泊尔发生严重泥石流灾害后,中国及时向尼方提供了资金、物资、技术和人员支持。“中国政府给予我们的支持是全方位的!”   

8月26日,尼泊尔边境地区突发冰川崩塌引发严重泥石流灾害,造成中尼两国重大人员伤亡、失联。根据尼泊尔国家减少灾害风险管理局发布的报告,截至当地时间4日12时30分,该国泥石流受灾地区已发现1287具遇难者遗体,另有5083人失联。   

希西尔说,灾难发生后,习近平主席和鲍德尔总统互致慰问电函,两国其他领导人随后也互致电函,中方在各个层级表达对尼方的支持。根据实际需求,尼方向中方提出物资和技术支持请求,中方均作出了积极回应。“由衷感谢中国政府给予的积极支持。”   

日前,中国政府向尼方提供紧急现汇援助和人道主义援助,首批50吨救灾物资于8月30日运抵加德满都。中方两批隧道救援专家组成的救援队已驰援尼灾区一线。9月1日,5名DNA鉴定专家也已同中国第二批紧急援助物资一道抵达加德满都。   

希西尔表示,中方持续向尼方提供灾区潜在风险信息,并分享卫星监测等相关数据。此次灾难发生后形成的堰塞湖令尼方部分地区仍面临发生新一轮泥石流风险。中方提供的信息,有助于尼方及时研判险情,对可能发生的次生灾害保持警惕。   

希西尔说,过去几天来,尼泊尔政府持续在受灾地区开展搜救,但救援工作十分艰难,通往受灾地区的道路和桥梁严重损毁,部分区域陆路交通完全中断,大型救援设备难以进入。尽管面临重重困难,各方仍在持续搜救受困人员。   

希西尔表示,尼中两国边贸繁荣、人员往来密切,数百名因经商、旅游等原因身处中方一侧的受灾尼泊尔公民已得到中方妥善照顾,尼方也将随时为尼方一侧受灾中国公民提供支持。   

希西尔还说,尼中两国山水相连、命运与共,“在这场灾难中,我们更加清楚地看到两国之间的联系是多么紧密,双方必须共同努力应对灾难”。   

希西尔表示,期待尼中双方未来继续深化对喜马拉雅地区生态系统的研究,并在地区和全球层面共同呼吁各国应对气温上升和气候变化带来的挑战,保护山地生态系统,防范今后可能发生的类似风险。   

“喜马拉雅地区的生态系统是我们的共同未来。”希西尔说。(完)

图说:9月2日,尼泊尔外交部长希西尔在尼泊尔首都加德满都接受新华社记者专访。新华社发(苏拉韦·什雷斯塔摄)