
နယူးယောက်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် စက်တင်ဘာ ၅ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ယူအက်စ်အိုးပင်း အမျိုးသမီးတစ်ဦးချင်း တတိယအဆင့်ပွဲစဉ်၌ တရုတ်တင်းနစ်မယ် ကျိန့်ချင်းဝန်က အိမ်ရှင်အမေရိကန်နိုင်ငံမှ တင်းနစ်မယ် မက်ဒီဆင် ကီးစ်ကို အဆုံးအဖြတ်ပွဲတွင် ၀-၅ ဖြင့် ရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ အနိုင်ယူကျော်ဖြတ်ခဲ့ပြီး နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။
ပထမပွဲလတ်တွင် double faults ၄ ကြိမ်အထိရှိခဲ့ကာ ၆-၁ ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ကျိန့်သည် စပေးဘောများတွင် ပိုမိုတည်တည်ငြိမ်ငြိမ် ရှိလာခဲ့ပြီး ၎င်း၏ပုံမှန်လက်စွမ်းကို တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့သည်။ ဒုတိယပွဲလတ်တွင် ကစားသမားနှစ်ဦးစလုံး လက်ရည်တူကစားသွားခဲ့ပြီး အဆုံးအဖြတ်အဖြစ် ပွဲပိုကစားရာတွင် လက်ရှိအိုလံပစ်ချန်ပီယံ ကျိန့်က ၇-၆ (၃) ဖြင့် အနိုင်ရရှိခဲ့သည်။
တတိယပွဲလတ်တွင် ကီးစ် (ဆီဒင်-၂၂) က ၅-၀ ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ကျိန့်က ဇွဲသတ္တိရှိရှိဖြင့် ပွဲငယ် ၇ ပွဲဆက်တိုက်အနိုင်ယူကာ ၇-၅ ဖြင့် အနိုင်ရရှိသွားခဲ့သည်။
ဂရင်းစလင်းပြိုင်ပွဲတွင် နောက်ဆုံး ၁၆ ဦးအဆင့်သို့ ၆ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့သည့် ကျိန့်မှာ ပိုလန်တင်းနစ်မယ် အီဂါ ရှီအွန်တက်ခ် (ဆီဒင်-၈) နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ (Xinhua)

....................................
(English Version)
Zheng Qinwen reaches US Open last 16 with "classic comeback"
NEW YORK, Sept. 5 (Xinhua) -- China's Zheng Qinwen bounced back from 5-0 down in the decider to overcome home player Madison Keys and reach the US Open women's singles last 16 on Saturday.
After losing the first set 6-1 with four double faults, Zheng gradually found rhythm to improve stability on serves. The two players were well-matched in the second set until the reigning Olympic champion won 7-6 (3) in the tie-breaker.
22nd-seeded Keys then felt at ease in the third set to take a 5-0 lead, but Zheng showed resilience to win seven straight games to claim a 7-5 victory.
In her sixth appearance in the Grand Slam last 16, Zheng will play against eighth seed Iga Swiatek of Poland.
Photo caption 1: Zheng Qinwen serves during the women's singles third round match betweetn Zheng Qinwen of China and Madison Keys of the United States at the 2026 US Open tennis championships in New York, the United States, Sept. 5, 2026. (Xinhua/Li Rui)
Photo caption 2: Zheng Qinwen celebrates after the women's singles third round match betweetn Zheng Qinwen of China and Madison Keys of the United States at the 2026 US Open tennis championships in New York, the United States, Sept. 5, 2026. (Xinhua/Li Rui)








