
ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် စက်တင်ဘာ ၆ ရက်တွင် ပေကျင်းမြို့၌ လာအိုနိုင်ငံ ပြည်သူ့တော်လှန်ရေးပါတီ (LPRP) ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Vanthong Kongmany၊ ဥဇဘက်ကစ္စတန်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Aziz Tashpulatov တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
Vanthong Kongmany နှင့်တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က လာအိုနိုင်ငံနှင့်အတူ နှစ်ပါတီနှင့် နှစ်နိုင်ငံ ထိပ်တန်းအကြီးအကဲများ၏ အရေးကြီးသော သဘောတူညီမှုများကို သေချာစွာ အကောင်အထည်ဖော်ရန်၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို ကောင်းမွန်စွာရေးဆွဲရန်၊ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်လည်မှု ရာဇဝတ်မှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး တားမြစ်တိုက်ဖျက်ရေး၊ ထွက်ပြေးတိမ်းရှောင်သူများ ဖမ်းဆီးရေးနှင့် တရားမဝင်ပစ္စည်းဥစ္စာများ ပြန်လည်သိမ်းဆည်းရေး၊ နယ်စပ်လုံခြုံမှုထိန်းသိမ်းရေး စသည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-လာအို ရထားလမ်း၏ လုံခြုံရေးကာကွယ်စောင့်ရှောက်ခြင်း ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် မြှင့်တင်ရန်၊ ခေတ်သစ်အချိန်အခါမရွေး တရုတ်-လာအို အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူလက်တွဲ ပုံဖော်တည်ဆောက်ရေးအတွက် ပိုမို အားဖြည့်ရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
Vanthong Kongmany က တရုတ်နိုင်ငံ၏ ကာလရှည်ကြာ ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ နှစ်နိုင်ငံဆက်ဆံရေးကို စဉ်ဆက်မပြတ် ရှေ့သို့တိုးတက်စေအောင် တွန်းအားပေးဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် နှစ်ဖက်အနေဖြင့် သက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာရွက်စာတမ်းများကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

Aziz Tashpulatov နှင့် တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က ဥဇဘက်ကစ္စတန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည်ဖော်ခြင်းအား လမ်းညွှန်မှုအဖြစ် ထားရှိကာ ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး လေးရပ်ကို ကျင့်သုံးဖော်ဆောင်ရန်၊ "အဖျက်အမှောင့် အင်အားစု သုံးရပ်" တိုက်ဖျက်ရေး၊ "ရပ်ဝန်းနှင့် ပိုးလမ်းမ" အရည်အသွေးမြင့် အတူတည်ဆောက်ရေးဆိုင်ရာ လုံခြုံရေး ကာကွယ်စောင့်ရှောက်မှု၊ တရားဥပဒေစိုးမိုးရေး အတွေ့အကြုံဖလှယ်မှုနှင့် စွမ်းရည်မြှင့်တင်မှု စသည့် ကဏ္ဍများကို အဓိကထား၍ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-ဗဟိုအာရှ ပြည်သူ့လုံခြုံရေးနှင့် ပြည်ထဲရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးရေး ယန္တရားမှ ပိုမိုများပြားသော လက်တွေ့ကျသည့်ရလဒ်များ ရရှိစေရန် လက်တွဲအတူတွန်းအားပေးကာ ဒေသတွင်း တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အတူတကွ ထိန်းသိမ်းလိုကြောင်း ပြောကြားခဲ့သည်။
Aziz Tashpulatov က အလွှာတိုင်းတွင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် မြှင့်တင်ကာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု၏ အကြောင်းအရာကို စဉ်ဆက်မပြတ် ကြွယ်ဝပြည့်စုံအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
------------------------
(Chinese Version)
王小洪分别会见老挝和乌兹别克斯坦客人
新华社北京9月6日电 中共中央书记处书记、公安部部长王小洪6日在京分别会见老挝人民革命党中央书记处书记、公安部部长万通和乌兹别克斯坦内务部部长塔什普拉托夫。
会见万通时,王小洪表示,愿同老方认真落实两党两国最高领导人重要共识,做好双边合作规划,在打击网赌电诈犯罪、禁毒、追逃追赃、维护边境安全等领域深化合作,加大中老铁路安保合作力度,为携手打造新时代全天候中老命运共同体贡献更大力量。万通表示,感谢中方长期以来的支持和帮助,愿同中方深化执法安全合作,推动两国关系不断向前发展。双方签署有关合作文件。
会见塔什普拉托夫时,王小洪表示,愿同乌方以落实两国元首重要共识为引领,践行四大全球倡议,围绕打击“三股势力”、高质量共建“一带一路”安保、执法经验交流和能力建设等重点深化合作,携手推动中国-中亚公安内务部长会晤机制取得更多务实成果,共同维护地区稳定与发展。塔什普拉托夫表示,愿加强各层级执法交流合作,不断丰富双边合作内涵。(完)
图说1:9月6日,中共中央书记处书记、公安部部长王小洪在北京会见老挝人民革命党中央书记处书记、公安部部长万通。 新华社记者 张领 摄
图说2:9月6日,中共中央书记处书记、公安部部长王小洪在北京会见乌兹别克斯坦内务部部长塔什普拉托夫。 新华社记者 张领 摄








