
ခတ္တမန္ဒူ၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
နီပေါနိုင်ငံ သမ္မတ Ram Chandra Poudel က စက်တင်ဘာ ၇ ရက်တွင် နိုင်ငံတစ်ဝန်း ရုပ်သံမိန့်ခွန်း ပြောကြားခဲ့ရာ နိုင်ငံတစ်ဝန်း ပြည်သူတစ်ရပ်လုံးအနေဖြင့် ခက်ခဲသောအခိုက်အတန့်၌ သဘာဝဘေးအလွန် ပြန်လည်တည်ဆောက်ရေးတွင် စည်းလုံးညီညွတ်စွာ အစွမ်းကုန်ပါဝင်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။
ဩဂုတ် ၂၆ ရက်တွင် နီပေါနိုင်ငံ နယ်စပ်ဒေသ၌ ရုတ်တရက် ရေခဲမြစ်ပြိုကျမှုကြောင့် ဆိုးရွားသော ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခဲ့ရာ လူအများအပြား ထိခိုက်သေဆုံးခဲ့ရသည်။ လက်ရှိအချိန်အထိ အဆိုပါနိုင်ငံ၌ ရွှံနွံပြိုကျမှုကြောင့် ဘေးဒဏ်သင့်သောဒေသတွင် လူ ၁,၃၅၅ ဦး သေဆုံး၍ ၄,၉၉၆ ဦး ပျောက်ဆုံးလျက်ရှိသည်။ ယခုအကြိမ်ဘေးအန္တရာယ် ဖြစ်ပွားမှုကြောင့် လမ်းတံတား၊ ရေအားလျှပ်စစ် စသည့် အခြေခံအဆောက်အဦများလည်း ဆိုးရွားစွာ ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။
Ram Chandra Poudel က အမှာစကားပြောကြားရာ၌ ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်မှု ထိန်းသိမ်းထားရန် တိုက်တွန်းခဲ့ပြီး “ယခုအချိန်က အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ စုစည်းမှုအင်အားကို ဖော်ပြရမယ့်အချိန် ဖြစ်သလို ပြန်လည်တည်ဆောက်ရေးနဲ့ ပြန်လည်ရှင်သန်တိုးတက်ရေး အချိန်လည်း ဟုတ်ပါတယ်” ဟု ဆိုခဲ့သည်။
Ram Chandra Poudel က သေဆုံးသွားသော သွေးချင်းများအားလုံးအတွက် လေးလေးနက်နက် ဝမ်းနည်းမိကြောင်း၊ သေဆုံးသူများ၏မိသားစုဝင်များအပေါ် နွေးထွေးစွာ နှစ်သိမ့်ပါကြောင်း ဆိုခဲ့သည်။ တစ်ချိန်တည်းတွင် ၎င်းက ကံမကောင်းစွာ သေဆုံးခဲ့သော နိုင်ငံခြားသားပြည်သူများအတွက်လည်း ဝမ်းနည်းမိကြောင်း၊ နီပေါနိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံအစိုးရနှင့် သံတမန်အဖွဲ့များနှင့် ပူးပေါင်းကာ နောက်ဆက်တွဲစီမံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
Ram Chandra Poudel က ယခုအကြိမ် ဘေးအန္တရာယ်ဖြစ်ပွားမှုအတွင်း ကူညီပံ့ပိုးပေးသော ချစ်ကြည်ရင်းနှီးသည့်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ နီပေါနိုင်ငံက ဆိုးရွားသောစိန်ခေါ်မှုကို ရင်ဆိုင်နေရသည့် ခက်ခဲသော အခိုက်အတန့်တွင် ဘက်အသီးသီးက “ရှာဖွေကယ်ဆယ်ရေးဝန်ထမ်း၊ နည်းပညာကျွမ်းကျင်ပညာရှင်၊ ဆေးကုသရေးအဖွဲ့နှင့် လိုအပ်သော ပစ္စည်းများကို လျင်မြန်စွာ ပံ့ပိုးပေးသလို ကူညီမှုများ ထောက်ပံ့ပေးခဲ့တယ်” ဟုလည်း ၎င်းက ဆိုသည်။ (Xinhua)

---------------------
(Chinese Version)
尼泊尔总统呼吁全民团结一致投入灾后重建
新华社加德满都9月7日电(记者张平 张东强)尼泊尔总统鲍德尔7日发表全国电视讲话,呼吁全体国民在艰难时刻团结一致,全力投入灾后重建工作。
8月26日,尼泊尔边境地区突发冰川崩塌引发严重泥石流灾害,造成重大人员伤亡。截至目前,该国泥石流受灾地区已有1355人遇难、4996人失联。此次灾害还造成道路、桥梁、水电等重要基础设施严重受损。
鲍德尔在讲话中呼吁国民保持团结,“现在是展现民族团结和凝聚力的时候,也是重建和复兴的时候”。
鲍德尔向所有遇难同胞致以深切哀悼,向遇难者家属表示诚挚慰问。他同时向不幸遇难的外国公民表示哀悼,表示尼方将与相关国家政府和外交使团合作处理善后事宜。
鲍德尔还向在此次灾难中提供援助的友好国家及国际社会表示感谢。他表示,在尼遭遇严峻挑战的艰难时刻,各方“迅速提供搜救人员、技术专家、医疗队和必要设备,给予援助”。(完)
图说1:这是8月29日拍摄的尼泊尔努瓦果德县德里苏利河沿岸受灾情况。新华社记者 刘天 摄
图说2:9月4日,在尼泊尔北部拉苏瓦地区,救援人员转移一名获救工人。新华社/尼泊尔陆军








