
မော်စကို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံအနေဖြင့် စိန့်ပီတာစဘတ်စ်မြို့ အခြေစိုက် ဂျာမနီ ကောင်စစ်ဝန်ချုပ်ရုံး လည်ပတ်ရန် ခွင့်ပြုချက်အား ပယ်ဖျက်ကြောင်း၊ ရုရှားနိုင်ငံရှိ ဂျာမနီ Goethe-Institut များ လည်ပတ်မှုကို ရပ်ဆိုင်းရန် တောင်းဆိုကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၇ ရက်တွင် တရားဝင်ဝက်ဘ်ဆိုက်၌ ကြေညာချက် ထုတ်ပြန်ပြောကြားခဲ့သည်။
ဂျာမနီနိုင်ငံက ထိုမတိုင်မီ ဘွန်းမြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံးနှင့် ဘာလင်မြို့ရှိ ယဉ်ကျေးမှုအဖွဲ့အစည်း “The Russian House” အား ပိတ်သိမ်းရန် ဆုံးဖြတ်သော ချစ်ကြည်ရင်းနှီးမှုမရှိသည့်လုပ်ရပ်နှင့် စပ်လျဉ်း၍ ရုရှားဘက်က ရုရှားနိုင်ငံဆိုင်ရာ ဂျာမနီသံရုံး ယာယီတာဝန်ခံအား အောက်ပါအတိုင်း တုံ့ပြန်မှုအစီအမံအား ထုတ်ပြန်ကြေညာလိုက်ကြောင်း၊ ယင်းမှာ စိန့်ပီတာစဘတ်စ်မြို့ အခြေစိုက် ဂျာမနီ ကောင်စစ်ဝန်ချုပ်ရုံး လည်ပတ်ရန် ခွင့်ပြုချက်အား ပယ်ဖျက်လိုက်ပြီး ၎င်းကို စက်တင်ဘာ ၁၈ ရက်မတိုင်မီ နောက်ဆုံး ပိတ်သိမ်းကာ ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းများက နောက်အကျဆုံး ထိုနေ့တွင် ရုရှားပြည်တွင်းမှ ထွက်ခွာရန်၊ ရုရှားနိုင်ငံရှိ ဂျာမနီနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့အစည်း Goethe-Institut လည်ပတ်မှုရပ်တန့်ပြီး ၎င်းအဖွဲ့အစည်း ဝန်ထမ်းများ စက်တင်ဘာ ၁၃ ရက်မတိုင်မီ ရုရှားနိုင်ငံမှ ထွက်ခွာရန် ဖြစ်ကြောင်း ကြေညာချက်တွင် ဆိုထားသည်။
ဂျာမနီကြောင့် နှစ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး ဆိုးရွားလာခြင်းဖြစ်ပြီး ယင်းကြောင့် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲရလဒ်များကို ဂျာမနီဘက်ကသာ လုံးဝတာဝန်ယူသင့်ကြောင်းလည်း ကြေညာချက်က ဖော်ပြထားသည်။
RIA Novosti သတင်းဌာန၏ ထိုမတိုင်မီ သတင်းဖော်ပြချက်အရ ဂျာမနီနိုင်ငံ ဘွန်းမြို့အခြေစိုက် ရုရှားကောင်စစ်ဝန်ချုပ် Oleg Krasnitsky က ဂျာမနီနိုင်ငံအနေဖြင့် အဆိုပါကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်း ၇၀ ဦးခန့်ကို စက်တင်ဘာ ၁၈ ရက်မတိုင်မီ ပြည်တွင်းမှ ထွက်ခွာရန် တောင်းဆိုထားကြောင်း၊ ဂျာမနီဘက်က ရုရှားကောင်စစ်ဝန်ချုပ်ရုံးအား ပိတ်သိမ်းရန် ဆုံးဖြတ်ချက်သည် လုံးဝအခြေအမြစ်မရှိကြောင်းနှင့် များစွာဝမ်းနည်းမိကြောင်း စက်တင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်ဟု သိရသည်။ (Xinhua)
---------------------
(Chinese Version)
俄外交部:关闭德国驻圣彼得堡总领馆和在俄歌德学院
新华社莫斯科9月7日电(记者黄河)俄罗斯外交部7日在官方网站发布声明说,俄方撤销德国驻圣彼得堡总领事馆的运作许可,要求在俄罗斯的德国歌德学院停止运营。
声明说,针对德方此前决定关闭俄罗斯驻波恩总领事馆和位于柏林的文化机构“俄罗斯之家”的不友好举措,俄方向德国驻俄临时代办宣布了如下回应措施:撤销德国驻圣彼得堡总领事馆的运作许可,要求其最迟于9月18日关闭,领馆人员最迟于当天离境;要求在俄的德国文化机构歌德学院停止运营,其员工必须于9月13日前离境。
声明说,德方再次导致双边关系进一步恶化,由此产生的一切后果应完全由德方负责。
据俄新社此前报道,俄罗斯驻德国波恩总领事克拉斯尼茨基5日表示,德国已要求该总领事馆约70名工作人员在9月18日前离境,德方关闭俄总领事馆的决定毫无根据,令人遗憾。(完)
图说:这是7月11日晚上九点二十分左右,在俄罗斯莫斯科拍摄的克里姆林宫(左)和圣瓦西里大教堂。新华社记者冯开华摄








