
နန်နင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
ဖိန်လုတူးမြောင်း တည်ဆောက်မှုသည် စက်တင်ဘာ ၁၆ ရက်တွင် ပြီးစီး၍ ရေကြောင်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း ရာစုနှစ်၏ မဟာစီမံကိန်း ဖိန်လုတူးမြောင်း ရေကြောင်းဖွင့်လှစ်ခြင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။
ဖိန်လုတူးမြောင်းကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၈ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ ယွမ် ၇၂.၇ ဘီလီယံခန့် ရှိကာ စုစုပေါင်းအရှည် ၁၃၄.၂ ကီလိုမီတာ ရှိကြောင်း၊ အဆိုပါတူးမြောင်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ပြီးနောက်ပိုင်း တရုတ်နိုင်ငံက နိုင်ငံတော်အဆင့် စုစည်းစီမံတည်ဆောက်သည့် ပထမဆုံးသော မြစ်နှင့်ပင်လယ်ကို ချိတ်ဆက်ပေးသည့် တူးမြောင်းစီမံကိန်း ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ပြည်တွင်း ရေကြောင်းသွားလာမှု အဆင့်မြင့်မားဆုံးဖြစ်သော ဤတူးမြောင်းကို ပြည်တွင်းရေကြောင်း အဆင့် (၁) စံချိန်စံညွှန်းများနှင့်အညီ တည်ဆောက်ထားပြီး တန်ချိန် ၅,၀၀၀ အထိရှိသော သင်္ဘောများ သွားလာခုတ်မောင်းနိုင်ကြောင်း သိရသည်။ (Xinhua)
-------------------
(Chinese Version)
平陆运河将于9月16日建成通航
新华社南宁9月7日电(记者吴思思)记者从世纪工程平陆运河通航新闻发布会了解到,平陆运河将于9月16日建成通航。
据了解,平陆运河于2022年8月28日开工建设,总投资约727亿元,全长134.2公里,是新中国成立以来我国第一条国家层面统筹建设的通江达海运河工程。这条国内通航等级最高的运河,按内河Ⅰ级标准建设,可通航5000吨级船舶。
图说 : 这是6月3日拍摄的广西平陆运河马道枢纽充水现场(无人机照片)。新华社发(赵振宇摄)








