တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နင်းတယ်မြို့ ဖူတင်မြို့ ချန်ချီမြို့နယ် ခဲဝမ်းကျေးရွာ ယောင်ကျားယွီဆိပ်ကမ်း၌ ငါးဖမ်းသင်္ဘော ၃၀၀ ကျော် စနစ်တကျ တန်းစီ၍ ဆိုက်ကပ်ထားမှုအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် နင်းတယ်မြို့ ဖူတင်မြို့ ချန်ချီမြို့နယ် ခဲဝမ်းကျေးရွာ ယောင်ကျားယွီဆိပ်ကမ်း၌ ငါးဖမ်းသင်္ဘော ၃၀၀ ကျော် စနစ်တကျ တန်းစီ၍ ဆိုက်ကပ်ထားမှုအား ၂၀၂၆ ခုနှစ် ဩဂုတ် ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

မကြာမီက တိုင်ဖွန်းမုန်တိုင်း “Saudel” ၏ ရိုက်ခတ်မှုကြောင့် တရုတ်နိုင်ငံ တောင်ပိုင်း ဒေသအများအပြားရှိ နေရာအနှံ့အပြား၌ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနေပြီး မိုးရွာသွန်းမှု ပမာဏမှာ ပုံမှန်ထက် လွန်ကဲစွာ များပြားခဲ့ခြင်းကြောင့် ရေကြီးရေလျှံမှုနှင့် ဘူမိဗေဒဆိုင်ရာဘေးအန္တရာယ်များ ဖြစ်ပွားစေခဲ့ရာ လူထိခိုက်သေဆုံးမှုများနှင့် နေအိမ်များ ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့သည်။ တရုတ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနတို့သည် ရေကြီးရေလျှံမှုနှင့် မြေပြိုမှု အရေးပေါ် ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျဲ့ကျန်းပြည်နယ်၊ ဖူကျန့်ပြည်နယ်၊ ကျန်းရှီးပြည်နယ်၊ ဟူနန်ပြည်နယ်၊ ယူနန်ပြည်နယ် စသည့် ပြည်နယ် ၅ ခုအား ကူညီပံ့ပိုးရန် ဗဟို သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေး ရန်ပုံငွေ ယွမ် ၂၄၀ သန်းကို စက်တင်ဘာ ၇ ရက်တွင် အရေးပေါ် ချထားပေးခဲ့သည်။

အဆိုပါ ရန်ပုံငွေသည် ဘေးသင့်ပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရာချထားရေး၊ အန္တရာယ်ရှိသည့် အခြေအနေများကို စစ်ဆေးဖယ်ရှားရေး စသည့် အရေးပေါ် စီမံဆောင်ရွက်မှုများ၊ ကူးပြောင်းကာလအတွင်း လူနေမှုဘဝ ကူညီထောက်ပံ့ရေးနှင့် ပျက်စီးသွားသော ပြည်သူများ၏ နေအိမ်များ ပြန်လည်ပြုပြင်ရေး စသည့် လုပ်ငန်းများကို အဓိက ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘေးသင့်ပြည်သူများ၏ အခြေခံ လူနေမှုဘဝကို ခိုင်ခိုင်မာမာ အာမခံပေးကာ ဘေးသင့်ဒေသများ၏ ထုတ်လုပ်မှုနှင့် လူနေမှု ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိစေရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။ (Xinhua)

-------------------

(Chinese Version)

两部门拨付2.4亿元支持5省做好应急抢险救灾工作

  新华社北京9月7日电 近期,受台风“沙德尔”影响,我国南方多地出现大范围持续性强降雨,降雨极端性突出,引发洪涝、地质灾害,造成人员伤亡和房屋倒损。9月7日,财政部、应急管理部紧急拨付2.4亿元中央自然灾害救灾资金,支持浙江、福建、江西、湖南、云南等5省开展洪涝、地质灾害应急抢险救灾工作,重点做好受灾群众转移安置、排危除险等应急处置、过渡期生活救助以及倒损民房修复等工作,切实保障受灾群众基本生活,推动灾区尽快恢复生产生活秩序。

图说 :8月27日,300余艘渔船在福建省宁德市福鼎市前岐镇柯湾村姚家屿码头紧密排列、有序停靠(无人机照片)。新华社记者 姜克红 摄