
ပေကျင်း၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် မက္ကဆီကို နိုင်ငံခြားရေးဝန်ကြီး Roberto Velasco Álvarez နှင့် စက်တင်ဘာ ၇ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဝမ်ရိက မက္ကဆီကို သမ္မတ Claudia Sheinbaum ထံသို့ သမ္မတ ရှီကျင့်ဖိန်၏ ခင်မင်ရင်းနှီးသော နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားခဲ့သည်။
တရုတ်-မက္ကဆီကိုသည် ဖွံ့ဖြိုးဆဲနိုင်ငံကြီးများဖြစ်ကြကာ နှစ်ဖက်စလုံးတွင် အတွေးအခေါ်ချင်းနီးစပ်မှုရှိပြီး ဘုံအကျိုးစီးပွားများကို ပိုင်ဆိုင်ကြကြောင်း၊ နှစ်ဖက်စလုံးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှင်သန်ထွန်းကားရေးတို့ကို အရှိန်မြှင့်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိကြသလို ပိုမိုတရားမျှတပြီး ကောင်းမွန်လျော်ကန်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တည်ဆောက်လိုကြကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်-မက္ကဆီကိုတို့သည် အပြန်အလှန်အကျိုးရှိ၍ ဘုံအကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်သလို နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို ထိန်းသိမ်းသည့် အပြုသဘောအင်အားစုလည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ရေး၏ မဟာဗျူဟာရှုထောင့်မှ တရုတ်-မက္ကဆီကို ဆက်ဆံရေးကို အမြဲရှုမြင်ကာ မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ မက္ကဆီကိုနိုင်ငံက တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ကာလရှည်ကြာ ခိုင်မာစွာ လက်ကိုင်ထားခြင်းအပေါ် မိမိတို့အနေဖြင့် တန်ဖိုးထားချီးကျူးကြောင်း၊ မက္ကဆီကိုနိုင်ငံ၏ လွတ်လပ်မှု၊ ကိုယ်ပိုင်ရပ်တည်မှုကို ဆက်လက်ထိန်းသိမ်းခြင်း၊ အချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ကာကွယ်ခြင်း၊ ပြင်ပမှဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ခြင်းတို့အပေါ် ထောက်ခံကြောင်း၊ တရုတ်-မက္ကဆီကို ဆက်ဆံရေးသည် တတိယဘက်ကို ပစ်မှတ်ထားခြင်းမဟုတ်သလို တတိယဘက်၏ လွှမ်းမိုးမှုကိုလည်း မခံသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက နိုင်ငံ့အကြီးအကဲများ၏ သံတမန်ရေးသည် တရုတ်-မက္ကဆီကို ဆက်ဆံရေးအတွက် အလွန်အရေးပါသော လမ်းညွှန်မှုအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် မက္ကဆီကိုနိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ဆက်ဆံရေးကို အားကောင်းအောင် မြှင့်တင်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို ခိုင်မာအောင် ပြုလုပ်ရန်၊ နှစ်ဖက်အလွှာအသီးသီး ဆက်သွယ်ဆွေးနွေးရေးယန္တရားများကို ကောင်းမွန်စွာ အသုံးပြုရန်၊ နယ်ပယ်အသီးသီးရှိ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ တရုတ်-မက္ကဆီကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို စဉ်ဆက်မပြတ် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေးရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ၏ "တရုတ်နှစ်" ဆောင်ပုဒ်မှာ "အာရှ-ပစိဖိတ် အသိုက်အဝန်း တည်ဆောက်ရန်၊ ဘုံသာယာဝပြောရေး မြှင့်တင်ရန်" ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် APEC လှုပ်ရှားမှုအစီအစဉ်များ ကြီးမှူးကျင်းပရသည်ကို အခွင့်ကောင်းအဖြစ်ထားရှိကာ ဘက်ပေါင်းစုံနှင့်အတူ အာရှ-ပစိဖိတ် အသိုက်အဝန်းကို ပြန်လည်ရှင်သန်စေရန်နှင့် အာရှ-ပစိဖိတ် လွတ်လပ်သော ကုန်သွယ်ရေးဇုန် လုပ်ငန်းစဉ် တက်ကြွလာစေရေး ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ တရုတ်-မက္ကဆီကို သည် နိုင်ငံတကာနှင့် ဒေသတွင်းရေးရာကိစ္စရပ်များစွာတွင် ရပ်တည်ချက်ချင်း အလားတူကြပြီး တရုတ်နိုင်ငံသည် မက္ကဆီကိုနိုင်ငံနှင့်အတူ နိုင်ငံတကာနှင့် ဘက်စုံစင်မြင့်များတွင် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် မြှင့်တင်ရန်၊ နှစ်နိုင်ငံ၏ တရားဝင်သင့်လျော်သော အကျိုးစီးပွားများကို ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပူးတွဲကာ ကိုယ်ပိုင်အင်အား တောင့်တင်းလာစေရေးအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
Roberto Velasco Álvarez က သမ္မတ ရှီကျင့်ဖိန်ထံသို့ မက္ကဆီကိုသမ္မတ Claudia Sheinbaum ၏ ရင်းနှီးနွေးထွေးစွာ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားခဲ့ပြီး ရှီးဇန့်ဒေသ ရစ်ခါကျယ်မြို့ ကျီလုန်ခရိုင်၌ ရွှံ့နွံပြိုကျမှု ဘေးအန္တရာယ်ဖြစ်ပွားခဲ့ခြင်းနှင့်စပ်လျဉ်း၍ နှစ်သိမ့်အားပေးကြောင်း ထပ်မံပြောကြားခဲ့သည်။
မက္ကဆီကို-တရုတ် ချစ်ကြည်ရေးသည် ရှည်လျားသော သမိုင်းကြောင်းရှိပြီး နှစ်ဖက်စလုံးက အပြန်အလှန် လေးစားမှုရှိကာ အချုပ်အခြာအာဏာကို လေးစားခြင်း၊ နိုင်ငံများအကြား တန်းတူညီမျှမှုရှိခြင်း စသည့် အခြေခံမူများတွင် အယူအဆချင်း တူညီကြောင်း၊ မက္ကဆီကိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက အဆိုပြုခဲ့သော ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူငါးရပ်ကို တန်ဖိုးထားချီးကျူးပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၂၇၅၈ ကို ခိုင်မာစွာ လက်ကိုင်ထားကြောင်း Roberto Velasco Álvarez က ပြောကြားခဲ့သည်။
မက္ကဆီကိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံအကြီးအကဲများ၏ အရေးကြီးသော သဘောတူညီမှုများကို အကောင်အထည်ဖော်ရန်၊ အဆင့်မြင့်အလွှာ ဆက်ဆံရေးကို အားကောင်းစေရန်၊ နှစ်ဖက်ယန္တရားများကို မြှင့်တင်ရန်၊ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့နက်ရှိုင်းစေရန်နှင့် မက္ကဆီကို-တရုတ် ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်အသစ်များ အတူတကွ ရရှိစေရန် တွန်းအားပေးလိုကြောင်း ၊ မက္ကဆီကိုနိုင်ငံအနေဖြင့် APEC ခေါင်းဆောင်များ အလွတ်သဘောဆွေးနွေးပွဲကို တရုတ်နိုင်ငံက လက်ခံကျင်းပပြီး ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်သည့်အပေါ် ထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းအောင် မြှင့်တင်ကာ နိုင်ငံတကာ ဘက်ပေါင်းစုံစနစ်ကို အတူတကွ ထိန်းသိမ်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် နှစ်ဖက်စလုံးက ဘုံအလေးထားသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာ အရေးကိစ္စများအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ (Xinhua)

------------------------
(Chinese Version)
王毅同墨西哥外长贝拉斯科会谈
新华社北京9月7日电 9月7日,中共中央政治局委员、外交部长王毅在北京同墨西哥外长贝拉斯科会谈。
王毅转达习近平主席对墨西哥总统辛鲍姆的亲切问候,表示中墨都是发展中大国,双方理念相近,拥有共同利益,都致力于加快国家发展和振兴,都希望构建更加公正合理的全球治理体系。中墨已成为互利共赢的合作伙伴,也是维护国际和平与公平正义的积极力量。中方始终从全球南方国家团结协作的战略角度看待和推进中墨关系。我们赞赏墨方长期坚定恪守一个中国原则,支持墨西哥坚持独立自主,维护主权和安全,反对外来干涉。中墨关系不针对第三方,也不应受第三方影响。
王毅说,元首外交对中墨关系发挥着至关重要的引领作用。中方愿同墨方一道,加强高层交往,巩固政治互信,用好双边各层级沟通机制,深化各领域交流合作,推动中墨全面战略伙伴关系持续深入发展。
王毅表示,今年亚太经合组织(APEC)“中国年”主题是“建设亚太共同体,促进共同繁荣”。中方愿以主办APEC各项活动为契机,同各方一道,重振亚太共同体,激活亚太自贸区进程。中墨在许多国际和地区问题上立场相近,中方愿同墨方加强国际和多边舞台战略协作,维护两国各自正当利益,共同为全球南方国家联合自强作出努力。
贝拉斯科转达了墨西哥总统辛鲍姆对习近平主席的诚挚问候,再次就西藏日喀则吉隆县遭受泥石流灾害向中方表达慰问。贝表示,墨中友好源远流长,双方相互尊重,在尊重主权、国家平等等原则上理念相同。墨方赞赏中方提出的和平共处五项原则,坚定恪守一个中国原则和联大第2758号决议。墨方愿同中方落实好两国元首达成的重要共识,加强高层交往,推进双边机制,拓展并深化务实合作,共同推动墨中合作取得新的成果。墨方支持中方举办APEC领导人非正式会议并发挥引领作用,愿同中方加强协调配合,共同维护国际多边体系。
双方还就共同关心的国际和地区热点问题交换了意见。(完)
图说1,2:9月7日,中共中央政治局委员、外交部长王毅在北京同墨西哥外长贝拉斯科会谈。 新华社记者 才扬 摄








