ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က တရုတ်အသင်းနှင့် အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဖီဘာ (FIBA) အမျိုးသမီး ဘတ်စကက်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု-D ပွဲစဉ်၌ အနိုင်ရပြီးနောက် တရုတ်အသင်းမှ ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ၂၀၂၆ ခုနှစ် စက်တင်ဘာ ၇ ရက်က တရုတ်အသင်းနှင့် အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဖီဘာ (FIBA) အမျိုးသမီး ဘတ်စကက်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု-D ပွဲစဉ်၌ အနိုင်ရပြီးနောက် တရုတ်အသင်းမှ ကစားသမားများ အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

ဘာလင်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ)

စက်တင်ဘာ ၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဘာ (FIBA) အမျိုးသမီး ဘတ်စကက်ဘော ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့် ပွဲစဉ်များအပြီးတွင် အိမ်ရှင်ဂျာမနီအသင်းက မာလီအသင်းကို ၈၃-၅၈ မှတ်ဖြင့် အနိုင်ယူကျော်ဖြတ်ကာ အုပ်စု- A တွင် ဒုတိယနေရာ၌ ရပ်တည်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ် တက်ရောက်ခွင့်အတွက် တောင်ကိုရီးယားအသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဖရီဒါ ဘူနာက ၃ မှတ်တန် ပစ်သွင်းချက် ၄ ကြိမ်အပါအဝင် ရမှတ် ၂၁ မှတ်ကို မိနစ် ၂၀ မပြည့်မီမှာပင် ရယူနိုင်ခဲ့ပြီး လူဆာ ဂိုင်းဆယ်လ်ဆိုဒါကလည်း ၁၇ မှတ် ရယူပေးခဲ့သည်။ ပွဲအစတွင် မာလီအသင်း၏ ၂ မှတ်အသာဖြင့် ဦးဆောင်ထားမှုကို ဂျာမနီအသင်းက ၇ မှတ် ဆက်တိုက်ပြန်လည်သွင်းယူကာ ချေဖျက်နိုင်ခဲ့ပြီး ဒုတိယပိုင်းတွင်မူ ပြတ်ပြတ်သားသား အသာစီးယူနိုင်ခဲ့သည်။

ယခုအနိုင်ရလဒ်ကြောင့် ဂျာမနီအသင်းအနေဖြင့် နှစ်ပွဲဆက် အနိုင်ရရှိခဲ့ပြီး စက်တင်ဘာ ၈ ရက်တွင် တောင်ကိုရီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အနိုင်ရရှိပါက ကွာတားဖိုင်နယ်တွင်  ဘယ်လ်ဂျီယမ်အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

စပိန်အသင်းက ဂျပန်အသင်းကို ၇၉-၅၉ မှတ်ဖြင့် အနိုင်ယူကာ အုပ်စု- A တွင် ထိပ်ဆုံး၌ရပ်တည်နိုင်ခဲ့ပြီး ကွာတားဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရရှိခဲ့ကာ ထိုပွဲစဉ်၌ အိုင်ယာနာ မာတင်က ရမှတ် ၂၀ ရယူပေးခဲ့သလို အာဝါဖမ်းကလည်း ရမှတ် ၁၆ မှတ် ရယူနိုင်ခဲ့ပြီး ပြန်ကျဘောဖမ်းယူမှု ၁၀ ကြိမ် ရှိခဲ့သည်။  ဂျပန်အသင်းအနေဖြင့် စက်တင်ဘာ ၈ ရက်တွင် ဟန်ဂေရီအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ကာ အနိုင်ရရှိသည့်အသင်းက အမေရိကန်နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

တရုတ်အသင်းကလည်း အီတလီအသင်းကို ၇၁-၅၁ မှတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူကာ အုပ်စု-D တွင် ဒုတိယနေရာရရှိခဲ့ပြီး Han Xu က ရမှတ် ၁၉ မှတ် ရယူပေးခဲ့ကာ ပြန်ကျဘော ၁၀ ကြိမ် ဖမ်းယူနိုင်ခဲ့သည်။ တရုတ်အသင်းမှာ ပွဲစစချင်း ၂၁ စက္ကန့်မှလွဲ၍ ပွဲချိန်တစ်လျှောက်လုံးတွင် ဦးဆောင်ကစားနိုင်ခဲ့ပြီး ရမှတ် ၂၅ မှတ်အထိ အသာစီးရရှိခဲ့ကာ တတိယပိုင်းတွင် အီတလီအသင်းက ၁၀ မှတ် ဆက်တိုက်ပြန်သွင်းကာ ခေတ္တ တုံ့ပြန်နိုင်ခဲ့သည်။

တရုတ်အသင်းအနေဖြင့် စက်တင်ဘာ ၉ ရက်တွင် ပွာတိုရီကိုအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကာ အနိုင်ရရှိပါက ပြင်သစ်အသင်းနှင့် ကွာတားဖိုင်နယ်ပွဲစဉ် ကစားရမည်ဖြစ်သလို အီတလီအသင်းကလည်း ဩစတြေးလျအသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်ကာ အနိုင်ရရှိသည့်အသင်းက စပိန်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

အမေရိကန်က ချက်အသင်းကို ၁၀၅-၆၄ မှတ်ဖြင့် အနိုင်ယူကာ အုပ်စု-D တွင် ရှုံးပွဲမရှိဘဲ အုပ်စုပွဲစဉ်များကို ကျော်ဖြတ်နိုင်ခဲ့သည်။ လက်ရှိချန်ပီယံအသင်းအနေဖြင့် ကွာတားဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်ခွင့် ရရှိခဲ့ပြီဖြစ်ကာ ဘရီယန်နာ စတီးဝပ်က ရမှတ် ၁၉ မှတ်၊ ပြန်ကျဘောဖမ်းယူမှု ၇ ကြိမ်နှင့် ဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားသည်။

ပြင်သစ်အသင်းကလည်း အုပ်စု-B တွင် နိုင်ဂျီးရီးယားအသင်းကို ၁၁၁-၅၆ မှတ်ဖြင့် ပြတ်ပြတ်သားသား အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့သည်။ ပြင်သစ်အသင်းမှာ ပြိုင်ပွဲစံချိန်သစ်အဖြစ် ၃ မှတ်တန် ပစ်သွင်းချက် ၂၂ ကြိမ်အထိ ရှိခဲ့ပြီး ဂက်ဘီ ဝီလီယမ်စ်က ပွဲချိန် ၁၈ မိနစ်ကျော်အတွင်းမှာပင် ရမှတ် ၂၅ မှတ် ရယူနိုင်ခဲ့သည်။

ဟန်ဂေရီအသင်းက တောင်ကိုရီးယားအသင်းကို ၈၂-၇၃ မှတ်ဖြင့် အနိုင်ယူကာ အုပ်စုဒုတိယနေရာကို ရယူနိုင်ခဲ့ပြီး ဒေါ်ကာ ဂျူဟာဇ်က ရမှတ် ၂၂ မှတ် ရယူပေးခဲ့ကာ ပြန်ကျဘော ၁၁ ကြိမ် ဖမ်းယူနိုင်ခဲ့သည်။

ဘယ်လ်ဂျီယမ်အသင်းကလည်း ဩစတြေးလျအသင်းကို ၈၀-၆၈ မှတ်ဖြင့် အနိုင်ယူကာ အုပ်စု-C တွင် ထိပ်ဆုံးနေရာကို ရယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရခဲ့သည်။ အမ်မာ မီးစ်မန်းက ရမှတ် ၂၂ မှတ်၊ ပြန်ကျဘောဖမ်းယူမှု ၁၀ ကြိမ်၊ ဖန်တီးမှု ၈ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး triple-double ရရှိရန် ပွတ်ကာသီကာ လွဲချော်ခဲ့ရသည်။ (Xinhua)

..................................

(English Version)

Germany, China secure second-place finishes as World Cup group stage ends

BERLIN, Sept. 7 (Xinhua) -- Host Germany powered past Mali 83-58 to secure second place in Group A and a quarterfinal qualification game against South Korea as the group stage of the FIBA Women's Basketball World Cup concluded Monday.

Frieda Buhner scored 21 points in less than 20 minutes, including four 3-pointers, while Luisa Geiselsoder added 17. Germany responded to Mali's opening 2-0 lead with seven unanswered points before pulling clear in the second quarter.

The victory was Germany's second straight and set up Tuesday's game against South Korea, with the winner advancing to face Belgium in the quarterfinals.

Spain topped Group A and advanced directly to the last eight after defeating Japan 79-59 behind Iyana Martin's 20 points and Awa Fam's 16 points and 10 rebounds. Japan will meet Hungary in Tuesday's other qualification game, with the winner facing the United States.

China secured second place in Group D with a commanding 71-51 victory over Italy as Han Xu collected 19 points and 10 rebounds. China led for all but the opening 21 seconds and stretched its advantage to 25 points before Italy briefly responded with a 10-0 run in the third quarter.

China will face Puerto Rico on Wednesday for a quarterfinal place against France, while Italy meets Australia, with the winner advancing to play Spain.

The United States completed an unbeaten Group D campaign with a 105-64 victory over Czechia. Breanna Stewart had 19 points, seven rebounds and six assists as the defending champion advanced directly to the quarterfinals.

France also progressed directly after routing Nigeria 111-56 in Group B. France made a tournament-record 22 3-pointers, with Gabby Williams scoring 25 points in just over 18 minutes.

Hungary secured second place in the group by holding off South Korea 82-73, with Dorka Juhasz posting 22 points and 11 rebounds.

Belgium claimed top spot in Group C and direct entry to the last eight after beating Australia 80-68. Emma Meesseman narrowly missed a triple-double with 22 points, 10 rebounds and eight assists.

Photo caption 1: Players of China celebrate after winning the group D match between China and Italy at the FIBA Women's Basketball World Cup 2026 in Berlin, Germany, Sept. 7, 2026. (Xinhua/Zhang Haofu)

Photo caption 2: Yang Shuyu (C) of China breaks through during the group D match between China and Italy at the FIBA Women's Basketball World Cup 2026 in Berlin, Germany, Sept. 7, 2026. (Xinhua/He Canling)